ငါ၏ သာသနာတော်ကို ပြုလည်း ပြုအံ့၊ ဖျက်လည်း ဖျက်လတ္တံ့

"ငါ၏ သာသနာတော်ကို ပြုလည်း ပြုအံ့၊ ဖျက်လည်း ဖျက်လတ္တံ့"

အခုတလော ဆယ်လီတွေ အချင်းချင်း ရန်ဖြစ်နေကြတယ်။ ဒီအရင် မတိုင်ခင်ကလည်း ဆယ်လီတယောက် ဆိုရင် နှုတ်ဖွာတယ်။ 

တိုင်းရင်းသား လက်နက်ကိုင်တွေ၊ PDF တွေကို သတိပေးချင်တာက ... 

အနှီ ဆယ်လီတွေဟာ မပေါင်းလည်း ခက်၊ ပေါင်းလည်း ခက်တွေပဲ၊ သူတို့ဟာ တော်လှန်ရေးကို ကြီးမားတဲ့ အထောက်အကူလည်း ပေးသလို၊ စည်းမျဉ်း စည်းကမ်း မရှိတော့ ကိုယ်တိုင်အတွေးအခေါ်နဲ့ ရမ်းလုပ် ရမ်းပြောနေကြတာ ဉာဏ် အနိမ့်အမြင့်အလိုက် ပြသနာ အနည်းနဲ့ အများရှိတတ်တာ သဘာဝပဲ၊

ခွင့်လွှက်ဖို့ မတောင်းပန်ချင်ပါဘူး။ စစ်ရေးအကြောင်း ကိုယ့်တာကိုယ်လုံကြပြီး သူတို့ ပြောသမျှ ထင်သမျှကို လျှစ်လျှူပြုတော်မူကြပါ
 
အင်းဝခေတ်က မင်းတပါးကို ဘုရားရှင် ဗျာဒိတ်ပေးသလိုပဲ မှတ်ကြပါတော့။

ဦးကုလား မဟာရာဇဝင်တော်ကြီး ပထမတွဲ

စစ်ကိုင်းတည်ရာအရပ်သို့ ရောက်တော်မူသည်ရှိသော် တစ်ရာ သော ဘီလူးအနက် ဘီလူးငယ် တစ်ယောက်သည် ဘုရားသခင် ရေသနပ်တော်ကိုခိုး၍ပြေးလေ၏။ ၉၉ ယောက်သော ဘီလူးတို့မူကား ဘုရားသခင်အား တောင်းပန်၍ သားပြွမ်းဆွမ်း လှူ  ၏။ဘုရားသခင်လည်း ၉၉ ယောက်သော ဘီလူးတို့အား တရားဟောမူ၍ သောတာပတ္တိဖိုလ် ၌ တည်စေ၏။ ဘီလူးတို့လည်း ဘီလူ ငယ်တစ်ယောက်  ခိုးး၍ပြေးလေသော  ရေသနုပ်တော်ကို ထိုဘုရားသခင်အား အပ် ပြီးလျှင် ပရိဘောဂစေတီ အလို့ငှာ တောင်းပန်၍  ဇေတဘီလူးအမှူး ရှိသော ၉၉-ယောက်သော ဘီလူးတို့ စေတီတည်၍ ကိုးကွယ်၏။ ထိုဘုရာကို “ဇေတဝန်" ဘုရား ဟူ၍ ယခုတိုင်အောင် တွင်၏။    ဘုရားသခင်လည်း ဘီလူးတို့အား တရားဟောတော်မူပြီးလျှင် စစ်ကိုင်းအရပ်ကို ဗျာဒိတ် ထားတော်မူနှင့် ယင်းကသည် အဝ တည်ရာ အရပ်သို့ ရောက်တော်မူလျှင် တောင်သူကြီး တစ်ယောက် သခွားသီးမှည့် သုံးလုံး  လှူနှင့် သည်ကို အကြောင်းပြုတော်မူ၍ “ဤတောင်သူ ကား ဤအရပ်၌  ပြည်ဖြစ်သောအခါ မင်းသုံးကြိမ်ဖြစ်၍ ငါ၏ သာသနာတော်ကို ချီးမြှောက် လတ္တံ့ ဟူ၍ ဗျာဒိတ် ထားတော်မူ၏။ 

 ထိုအခါ မျောက်ငယ်တစ်ခုသည် ဘုရားသခင်ကို မြင်လေသော်  သဒ္ဒါသော စိတ်ရှိသည်ဖြစ်၍ အသလက် မပါသော ပျားအုံတစ်ခုကို ယူ၍ ကပ်လေ၏။ ဘုရားသခင်လည်း ခံတော်မူပြီးလျှင် မျောက်ငယ်ဦးခေါင်းကို သုံးသပ်၍ လွှတ် တော်မူ၏။ ထိုမျောက် ငယ်သည် သင်္ကန်းတော်စွန်း၌ ထွက်သော ချည်မျှင်ကို နုတ်ယူ၍ သစ်ပင် သို့  ပြေးတတ်လေ၏။ ထိုကိုမြင်၍ ပြုံးတော်မူ၏။ ပြုံးတော်မူသောအကြောင်းကို ညီတော် ရှင်အာနန္ဒာ လျှောက်သော် “ချစ်သားအာနန္ဒာ၊ ဤအရပ်၌ ပြည်ဖြစ်သောအခါ ဤမျောက်ငယ် မင်းသုံးဆက်မြောက် လတ္တံ့ ။  ဤမျောက်ငယ် မင်းဖြစ်လျှင် ဒါနကို အားထုတ်လတ္တံ့ ၊ သီလမှ ချို့တဲ့ လတ္တံ့၊ ငါ၏ သာသနာတော်ကို ပြုလည်း ပြုအံ့၊ ဖျက်လည်း ဖျက်လတ္တံ့" ဟူ၍ ဗျာဒိတ်ထားတော်မူလေသည်။


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား