ရှမ်းပြည်နယ်များအတွင်း / မြစ်ကြီးနားနှင့် ဗန်မော်ခရိုင်ကို ပေါင်းစပ်၍ ကချင်ပြည်နယ် ဖွဲ့ပေးရန် တောင်းဆိုခြင်း - တောင်တန်းဒေသ စုံစမ်းရေး ကော်မတီ ၏ အစီရင်ခံစာ ၁၉၄၇

ကချင် ဒူဝါများက -
(၁) ရှမ်းပြည်နယ်များအတွင်း ကချင်ပြည်နယ် သို့မဟုတ် ကချင်ပြည်နယ်ခွဲ ဖွဲ့ပေးရန် တောင်းဆိုခြင်း နှင့်၊
(၂) မြစ်ကြီးနားနှင့် ဗန်မော်ခရိုင်ကို ပေါင်းစပ်၍ ကချင်ပြည်နယ် ဖွဲ့ပေးရန် တောင်းဆိုသည့် သမိုင်း။
( စကားချပ်။ ။ Shan States လို့ရေးထားတာ သတိပြုကြပါ။ စော်ဘွား နယ်တနယ်စီဟာ ပြည်နယ် state တခုစီ ဖြစ်နေတာ မြင်ရမှာပါ။ ခေတ်သစ် ဖက်ဒရယ်မှာ ရှမ်းပြည်နယ် တခုထဲ မထားပဲ Shan States တွေ ပြန်ဖွဲ့သင့် မသင့် ကို စဉ်းစားဖို့ လိုပါတယ်။ )
REPORT OF THE FRONTIER AREAS. COMMITTEE OF ENQUIRY, 1947. 
တောင်တန်းဒေသ စုံစမ်းရေး ကော်မတီ ၏ အစီရင်ခံစာ ၁၉၄၇




 Kachin Leaders with the Frontier Areas Committee of Enquiry (FACE); Maymyo, April 1947. (Illustrated London News)

=========================
Maymyo, 16th April 1947.
7. KACHINS OF NORTH HSENWI AND MONGMIT STATES,
(1) Howa Duwa Hkun Hpung, North Hsenwi.
(2) Duwa Zau Bawk, North Hsenwi.
(3) Lashi Gam, North Hsenwi.
(4) Kareng Hiram, A.T.M., North Hsenwi.
(5) Duwa Zau Ba, Mongmit
မေမြို့၊ ၁၆ ရက် ဧပြီ ၁၉၄၇။
၇။ သိန္နီ ပြည်နယ် မြောက်ပိုင်းနှင့် မိုးမိတ်ပြည်နယ် ကချင်များ။
(၁) ဟိုဝါဒူဝါ ခွန်ဖူ၊ မြောက်သိန္နီ။
(၂) ဒူဝါ ဇောင်ဘောက် ၊ မြောက် သိန္နီ၊
(၃) လရှီဂမ်၊မြောက်သိန္နီ၊
(၄) Kareng Hiram A.T.M. မြောက် သိန္နီ၊
(၅) ဒူဝါ ဇောင်ဘ၊ မိုးမိတ်။
219. Chairman : Are you all representatives of North Hsenwi State ?
Witnesses : Four are from North Hsenwi and one is from Mongmit.
219. ဥက္ကဌ : မင်းတို့အားလုံးက မြောက်သိန္နီ ပြည်နယ် ကိုယ်စားလှယ်တွေလား။
သက်သေခံများ : ၄ ဦးမှာ မြောက် သိန္နီ မှဖြစ်ပြီး ၁ ဦးမှာ မိုင်းမိတ်မှ ဖြစ်ပါတယ်။
220. Chairman : Have you elected a spokesman to speak for all of you ?
Witnesses : Duwa Zaj Bawk will speak for us.
220. ဥက္ကဌ - မင်းတို့အားလုံးအတွက် ပြောရေးဆိုခွင့်ရှိသူကို ရွေးချယ်ပြီးပြီလား။
သက်သေခံများ : ဒူဝါ ဇောင်ဘောက်က ကျွန်ုပ်တို့အတွက် ဟောပြောပါမယ်။
221. Chairman : You all know the purpose of this Enquiry ?
Duwa Zau Bawk : Yes.
221. ဥက္ကဌ : ဒီစုံစမ်းမေးမြန်းမှုရဲ့ ရည်ရွယ်ချက်ကို အားလုံးသိကြပါသလား။
ဒူဝါ ဇောင်ဘောက် : ဟုတ်ကဲ့။
222. Chairman : What are the views of the North Hsenwi Kachins with regard to their future position ?
Duwa Zau Battik : We want to live cordially with the Shans and to remain in the North Hsenwi State as a sub-state under the Sawbwa. We want to have equal rights with the Shans and internal autonomy within our own sub-state. We want to send our own representatives to the Constituent Assembly on a population basis.
222. ဥက္ကဌ- မြောက် သိန္နီ က ကချင် တွေရဲ့ အနာဂတ် ရပ်တည်ချက် နဲ့ ပတ်သက်ပြီး ဘယ်လို အမြင် ရှိလဲ။
ဒူဝါ ဇောင်ဘောက် : ကျွန်ုပ်တို့သည် ရှမ်းလူမျိုးများနှင့် ရင်းရင်းနှီးနှီးနေထိုင်လိုပြီး မြောက် သိန္နီ ပြည်နယ် တွင် စော်ဘွား လက်အောက်တွင် ပြည်နယ်ခွဲ အဖြစ် ဆက်လက်နေထိုင်လိုပါတယ်။ ကျွန်ုပ်တို့သည် ရှမ်းလူမျိုးများနှင့် တန်းတူအခွင့်အရေး ရရှိလိုပြီး ကျွန်ုပ်တို့၏ အတွင်း ပြည်နယ်ခွဲ sub-state ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိလိုပါတယ်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များကို လူဦးရေအခြေခံပေါ်တွင် တိုင်းပြုပြည်ပြု လွှတ်တော်သို့ စေလွှတ်လိုပါတယ်။
223. U Vont Ko Hau : What is the population of the Kachins in North Hsenwi ?
Duwa Zau Bawk : Over 90,000.
223. U Vont Ko Hau : သိန္နီမြောက်ပိုင်းက ကချင်လူဦးရေ ဘယ်လောက် ရှိသလဲ။
ဒူဝါ ဇောင်ဘောက် : 90,000 ကျော်ရှိပါတယ်။
224. The Hon'ble Sawbwa of Mongpwan : Does that figure include the Kachin population of Mongmit as well ?
Duwa Zau Bawk : No, the population of Mongmit is not included in that.
224. မိုင်းပွန်စော်ဘွားကြီး : ထိုကိန်းဂဏန်းတွင် မိုင်းမိတ်က ကချင်လူမျိုး လည်း ပါဝင်ပါသလော။ .
ဒူဝါ ဇောင်ဘောက် : မပါဝင်ဘူး၊ မိုးမိတ်ရဲ့ လူဦးရေက အဲဒီထဲမှာ မပါဝင်ဘူး။
225. Chairman : Is there anything else you four gentlemen would like to say ?
Laski Gain : We support the Kachins' claim for a distinct Kachin State in Bhamo and Myitkyina Districts, federated with Burma. This all I want to say.
225. ဥက္ကဌ : လူကြီးမင်းများ ပြောချင်တာ အခြားအကြောင်းအရာ ရှိပါသေးလား။
Laski Gain - ဗန်းမော်နဲ့ မြစ်ကြီးနားခရိုင်တွေမှာ မြန်မာပြည်နဲ့ ပေါင်းစည်းထားတဲ့ သီးခြား ကချင်ပြည်နယ် တောင်းဆိုချက်ကို ကျနော်တို့ ထောက်ခံပါတယ်။ ဒါပဲပြောချင်တာ။
226. Chairman : Duwa Zau Ba, you come from Mongmit State ?
Duwa Zau Ba: I represent the Kachins of Tawngpeng, Mongmit and Kodong States, Sir.
226. ဥက္ကဋ္ဌ : ဒူဝါဇောင်ဘ၊ ခင်ဗျားက မိုးမိတ်ပြည်နယ် မှ လာလား။
ဒူဝါဇောင်ဘ : ကျနော်က တောင်ပိုင်၊ မိုးမိတ်နဲ့ ကိုဒေါင်းပြည်နယ်တွေက ကချင်တွေကို ကိုယ်စားပြုပါတယ်။
227. Chairman : They are minorities in the Shan States ?
Duwa Zau Yes.
227. ဥက္ကဌ : သူတို့က ရှမ်းပြည်နယ်များမှာ လူနည်းစုတွေလား။
ဒူဝါဇောင်ဘ : ဟုတ်ပါတယ်။
228. Chairman : What are their wishes ?
Duwa Zau Ba I have already signed the memorandum demanding a distinct Kachin State. All the Kachins in our area support this claim.
228. ဥက္ကဌ : သူတို့ဆန္ဒက ဘာလဲ။
ဒူဝါဇောင်ဘ : သီးခြား ကချင်ပြည်နယ် တောင်းဆိုရေး စာချွန်လွှာကို လက်မှတ် ရေးထိုးပြီးပြီ။ ဒီတောင်းဆိုချက်ကို ကျနော်တို့ဒေသက ကချင်အားလုံးက ထောက်ခံတယ်။
229. Chairman : What about your own position ? Do you want to stay in the Mongmit State ?
Duwa Zau Ba : Yes, we want to stay under the Sawbwa as a sub-State.
229. ဥက္ကဌ : သင်ရဲ့ရာထူးကရော ဘယ်လိုလဲ။ မိုင်းမိတ်ပြည်နယ်မှာ နေချင်လား။
ဒူဝါ ဇောင်ဘ : ဟုတ်တယ်၊ ငါတို့က စော်ဘွားလက်အောက်မှာ ပြည်နယ်ခွဲ တစ်ခုအနေနဲ့ နေချင်တယ်။
230. The Hon'ble Sawbwa of Mongpawn : Do you propose the sub-state be called ' Kachin sub-State " or merely " Kodong sub-State "?
Duwa Zau Ba : We do not want to differentiate between Shans and Kachins ; we just want to have a sub-State.
230. မိုင်းပွန်စော်ဘွားကြီး : ပြည်နယ်ခွဲ ကို ' ကချင်ပြည်နယ်ခွဲ သို့မဟုတ် " ကိုဒေါင်းပြည်နယ်ခွဲ " ဟူ၍ အဆိုပြုပါသလား
ဒူဝါဇောင်ဘ : ရှမ်းနှင့် ကချင်များ မခွဲခြားချင်ပါ။ ပြည်နယ်ခွဲ တစ်ခုပဲ လိုချင်တယ်။
231. Chairman : Is there anything else you would like to tell us ?
Duwa Zau Ba : We want to stay in the Shan States with the same status as the Kachins of North Hsenwi and we support all the statements made by them.
Howa Duwa Hkun Hpung, : I have signed the memorandum asking or a Kachin State but I want to add something to that. In the Shan States, including the Wa and Kengtung States, there are over 400.000 Kachins and for that reason we asked the British Government in 1945 to give us a distinct Kachin State in the Shan States. But the Government replied that since we were under the Shan States we had no grounds to ask for it, and therefore we do not want to raise this matter again. The people of my area, however, want to support the Kachins' claim for a distinct State in Myitkyina and Bhamo Districts/ which areas have never been under anybody. If the non-Kachin in Bhamo and Myitkyina Districts have the same ideas as the Kachins of North Hsenwi State, there should be no difficulty in the development f social dealings with the people of that area.
231. ဥက္ကဌ : တခြားပြောချင်တာရှိသေးလား
ဒူဝါဇောင်ဘ : ကျွန်တော်တို့ ဟာ မြောက်သိန္နီ က ကချင်တွေလို အနေအထားနဲ့  ရှမ်းပြည်နယ်များမှာ နေချင်တယ်။ သူတို့လုပ်ထားတဲ့ ထုတ်ပြန်ချက်ကို ကျနော်တို့ အားလုံးကို ထောက်ခံတယ်။
ဟိုဝါဒူဝါ ခွန်ဖူ : ကျွန်တော်က ကချင် ပြည်နယ် တောင်းဆိုတဲ့ စာချွန်လွှာကို လက်မှတ်ထိုးပြီးပါပြီ ။ ဒါပေမယ့် တခု ထပ်ပြောချင်ပါတယ်။ ကျိုင်းတုံပြည်နယ်တွေ အပါအဝင် ရှမ်းပြည်နယ်တွေမှာ ကချင်လူမျိုး ၄ သိန်း ကျော် ရှိပါတယ်။ ဒါကြောင့်လည်း ၁၉၄၅ မှာ ရှမ်းပြည်နယ်များထဲမှာ ကချင်ပြည်နယ် တခု ကို ခွဲခြားသတ်မှတ်ပေးဖို့ အင်္ဂလိပ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် "ရှမ်းပြည်နယ်များ လက်အောက်မှာ ကျနော်တို့ဟာ အရင်ကတည်းက ရှိခဲ့တဲ့အတွက် ဒီ တောင်းဆိုချက်ဟာ မခိုင်လုံဘူး" လို့ အင်္ဂလိပ်အစိုးရက ပြန်လည်ဖြေကြားခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို ထပ်မံ မတင်ပြတော့ပါဘူး။
ဒါပေမဲ့ ကျွန်ုပ်တို့ ဒီဒေသက ပြည်သူတွေက မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်မှာ သီးခြား ပြည်နယ်တစ်ခု ဖွဲ့ပေးဖို့ တောင်းဆိုချက်ကို ထောက်ခံပါတယ်။ အဲဒီဒေသတွေက ဘယ်သူ့လက်အောက်မှာမှ မရှိခဲ့ဖူးဘူး။ မြောက် သိန္နီ ပြည်နယ် က ကချင်လူမျိုးတွေလိုပဲ၊ မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်က ကချင်မဟုတ်သူတွေဟာ သဘောထား တူမယ် ဆိုရင် လူမှုဆက်ဆံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွင် အခက်အခဲမရှိစေရပါ။
232. Chairman : What you mean is that if the Kachins in the North Hsenwi State are prepared to remain with the Shans, the non- Kachins in the Bhamo and Myitkyina areas should he prepared to live with ths Kachins ?
Howa Duwa Hkun Hfung : Yes, exactly. The Kachins are backward and are like a younger brother to the Burmans and Shans, and if the Shans and Burmans assist the Kachins in every way, the prosperity of Burma will then be assured. I am a representative of both Shans and Kachins of North Hsenwi State. What my colleagues have just stated is incomplete. I want to explain further about the separate Kachin State in the Shan States. The most thickly populated Kachin areas are in Tawngpeng, North Hsenwi and Mongmit ; we want to have distinct Kachin State there and have our own toLal autonomy. But he budget, etc, should be handled by the respective Shan Chiefs. hat means some will go to North Hsenwi, some to Tawngpeng and ome to Mongmit.
232. ဥက္ကဌ : ပြောချင်တာက မြောက် သိန္နီ ပြည်နယ် က ကချင်တွေဟာ ရှမ်းတွေနဲ့ အတူတူ ဆက်လက် နေထိုင်ဖို့ အဆင်သင့် ဖြစ်နေသလိုပဲ။ ဗန်းမော်နှင့် မြစ်ကြီးနားဒေသများရှိ ကချင် မဟုတ်သော လူမျိုးများက ကချင်နဲ့ အတူတူ နေထိုင်ဖို့ ပြင်ဆင်သင့်တယ်လို့ ဆိုလိုတာလား
ဟိုဝါဒူဝါ ခွန်ဖူ : ဟုတ်ပါတယ်၊ အတိအကျပါပဲ။ ကချင်တွေဟာာ နောက်ကျနေပါပြီ။ မြန်မာ (ဗမာ) လူမျိုးများနှင့် ရှမ်းလူမျိုးများရဲ့ ညီငယ်တစ်ဦးကဲ့သို့ ဖြစ်ပါတယ်။ ရှမ်းနဲ့ မြန်မာတွေက ကချင်တွေကို နည်းမျိုးစုံနဲ့ ကူညီမယ် ဆိုရင် တိုးတက် ချမ်းသာတဲ့ မြန်မာနိုင်ငံ ဖြစ်လာဖို့ သေချာပါတယ်။ ကျွန်ုပ်ဟာ သိန္နီမြောက်ပိုင်း ကချင်လူမျိုးများ နဲ့ ရှမ်း ၂ မျိုးစလုံးရဲ​့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ ငါ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောခဲ့တာ မပြည့်စုံပါ။
ရှမ်းပြည်နယ်များတွင် သီးခြား ကချင်ပြည်နယ် အကြောင်း ထပ်ရှင်းပြချင်ပါတယ်။ မြောက် သိန္နီ ၊ မိုးမိတ် နှင့် တောင်ပိုင်တွင် ကချင် လူဦးရေ အထူထပ်ဆုံး ဒေသတွေ ဖြစ်တယ်။ အဲဒီမှာ ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိ သီးခြားကချင်ပြည်နယ် လိုချင်တယ်။ ဒါပေမယ့် မြောက် သိန္နီ ၊ မိုးမိတ် နှင့် တောင်ပိုင် အတွက် ဘတ်ဂျက် စသည်တို့ကို သက်ဆိုင်ရာ ရှမ်း အကြီးအကဲများက ကိုင်တွယ်သင့်တယ်။
233. The Hon'ble U Tin Tlit : Do you want a combination of the three Kachin sub-States for what purpose ?
Howa Duwa Hkun Htung : Yes, to preserve the Kachin race. The Kachins of Mongmit and Tawngpeng are very backward. They have ever even seen their Sawbwas. They have just been under the Assistant Residents all the time and they know nothing. By having combination of three groups, they can help one another. We have no intention of rising up against the Shan States or anybody.
233. ဦးတင်ထွဋ် : ကချင်ပြည်နယ်ခွဲ ၃ ခုကို တခုထည်း ပေါင်းစည်းလိုတာ ဘာရည်ရွယ်ချက်ပါလဲ။
ဟိုဝါဒူဝါ ခွန်ဖူ : ဟုတ်ပါတယ်၊ ကချင်လူမျိုးတွေကို ထိန်းသိမ်းဖို့ပါ။ မိုးမိတ်နဲ့ တောင်ပိုင်က ကချင်တွေဟာ နောက်ကျကျန်နေပါပြီ။ သူတို့ဟာ သူတို့ စော်ဘွားကိုတောင် မမြင်ဖူးကြပါဘူး။ သူတို့ဟာ လက်ထောက် နေထိုင်သူများ လက်အောက်မှာ နေကြရုံပါပဲ။ သူတို့ဟာ ဘာမှ မသိကြပါဘူး။ ဒီ အုပ်စု ၃ ခုကို ပေါင်းစည်းပေးရင် သူတို့ အချင်းချင်း ကူညီလို့ ရပါတယ်။ ကျွန်ုပ်တို့ဟာ ရှမ်းပြည်နယ်များ နဲ့ ဘယ်သူ့ကိုမှ ဆန့်ကျင်ပြီး ထကြွဖို့ ရည်ရွယ်ချက် မရှိပါဘူး။
234. Chairman : From an administrative point of view, they are within three distinct Shan States, are they not ?
Howa Duwa Hkun Hpung : Does that mean that we cannot form a Kachin State composed of the areas of the three Kachin sub-States ?
234. ဥက္ကဋ္ဌ- အုပ်ချုပ်ရေးအမြင်အရ၊ သူတို့တွေဟာ သီခြား ရှမ်းပြည်နယ် သုံး ပြည်နယ်မှာ အတွင်းမှာ မဟုတ်ဘူးလား။
ဟိုဝါဒူဝါ ခွန်ဖူ : အဲဒါက ကချင် ပြည်နယ်ခွဲ သုံးခု ၏ နယ်မြေ များ ဖြင့် ကချင်ပြည်နယ်တခု ကို ကျွန်တော်တို့ ဖွဲ့စည်းလို့မရဘူးလို့ ဆိုလိုတာလား။
235. Chairman : I am asking whether the difficulty is that the Kachin areas lie in three different Shan States, no two of which adjoin one another ?
Howa Duwa Hkun HpunA : We shall have to settle that in the .C.O.U.H.P.
235. ဥက္ကဌ : မတူညီသော ရှမ်းပြည်နယ် ၃ ခုတွင် တည်ရှိပြီး တခုနဲ့ အခြား နှစ်ခုနဲ့ ထိစပ်ခြင်းလည်း မရှိတဲ့ ကချင်ဒေသတွေဟာ အခက်အခဲရှိမရှိ မေးနေတာ ဖြစ်ပါတယ်။
ဟိုဝါဒူဝါ ခွန်ဖူ : ကျွန်တော်တို့ S.C.O.U.H.P. မှာ ဖြေရှင်းရမယ်။
* တောင်တန်းသားများ စည်းလုံးညီညွတ်ရေး ကြိုးကိုင်အဖွဲ့(တ.စ.ည.ဖ.)(Supreme Council of the United Hill People) S.C.O.U.H.P.

236. Sima Hsinwa Nawng : If you send any representatives to the Constituent Assembly should it be from any distinct area, e.g' , from Mongmit or North Hsenwi or Tawngpeng ?
Howa Duwa faun Hpung : It should be on a population basis. We do not mind whether it be from Mongmit or North Hsenwi or Tawngpeng.
[The Chairman thanked the witnesses who then withdrew.]
236. Sima Hsinwa Nawng : တိုင်းပြုပြည်ပြု လွှတ်တော်သို့ ကိုယ်စားလှယ် တယောက်ယောက် စေလွှတ်ရင် ၊ တောင်ပိုင် ဒါမှမဟုတ် မိုးမိတ် ဒါမှမဟုတ် မြောက် သိန္နီ သီးခြားဒေသ တခုခုမှ လာမှာလား။
ဟိုဝါဒူဝါ ခွန်ဖူ : ၎င်းသည် လူဦးရေအခြေခံပေါ်တွင် ရှိသင့်တယ်။ တောင်ပိုင် ဒါမှမဟုတ် မိုးမိတ် ဒါမှမဟုတ် မြောက်သိန္နီကပဲဖြစ်ဖြစ် စိတ်မ၀င်စားပါဘူး။
[ထို့နောက် ထွက်ဆိုခဲ့သော သက်သေများအား ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။]











Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား