ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ဘာဖြစ်မလဲ

ဒေါ်အောင်ဆန်းစုကြည်ကို စကစ က လွှတ်ပေးနိုင်သလား ၊ မလွှတ်ပေးဘူးလား မေးခွန်းကို ယုတ္တိကျကျ တွက်ချက်ပြတာ မလုပ်ပဲ
လွှတ်ပေးလိုက်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုပြီး ယုန်မရခင် သံပရာရှာ​ ဖောင်းထုနေကြတယ်။
နိုင်ငံရေး သုံးသပ်သူတွေဟာ လေဖမ်း ဒန်းစီးတဲ့ အဆင့်က တက်မလာကြသေးဘူး။
Analysis လုပ်သူမှန်ရင် အချက်အလက် တည်ဆောက် နှိုင်းယှဉ် ပြီးမှ ဆင့်ကဲ အကျိုးဆက်ကို ဆဝါးခန့်မှန်းရတာ ဖြစ်တယ်။ ဒါတောင် မှန်ချင်မှ မှန်မယ်။
▪️ ဒီတော့ စဆရကတွေ မလုပ်ပေမယ့်
လူတိုင်း ဟောဒီလို ဇယားချကြည့်ရင် အဖြေက ပေါ်လာပါတယ်
ဒေါ်အောင်ဆန်းစုကြည်ကို စကစ က
☝️ လွှတ်ပေးနိုင်တယ် ( ၅) ချက်
👇 မလွှတ်ပေးဘူး (၅) ချက် ကို စာရွက်ပေါ်မှာ ချ ရေးကြည့်ပါ။
===========

ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင် ဘာဖြစ်မလဲ ဆိုတဲ့ မေးခွန်းကို
▪️ အများစုက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပုဂ္ဂိုလ်ရေး အပေါ် မူတည်ပြီး သုံးသပ်ကြတယ်။ အင်မတန် ကလေးဆန်တဲ့ သုံးသပ်ချက်ပဲ။ နိုင်ငံရေးကို လူတဦးထည်းအပေါ်မှာ မူတည်ပြီး သုံးသပ်တာ "နိုင်ငံရေး" လို့တောင် မခေါ်နိုင်ဘူး
☝️ ဒေါ်အောင်ဆန်းစုကြည်ဟာ နတ်သိကြား မဟုတ်ဘူး။ လော်ဘီတွေက ဖောင်းထုဖို့ ဆိုရင် ... ဒေါ်အောင်ဆန်းစုကြည်ကို နတ်သိကြားလောက်နီးနီး တာဝန်ခံခိုင်းတယ်။ ဝန်းရံဖို့ ဆိုရင် .. ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာအာဏာ ပါဝါမှ မရှိ၊ လက်နက်ကိုင်တွေသာ အခရာပြီး မအလ နဲ့ EAO ဘက် ဖားလျားကြတယ်။ ဒါဟာ လိုတမျိုး၊ မလိုတမျိုး သုံးသပ်ချက်ဖြစ်တယ်။
▪️ ​ဒေါ်အောင်ဆန်းစုကြည်ဟာ ပုဂ္ဂိုလ်ရေး ဩဇာ ကြီးမားတာ မှန်တယ်။ ငြိမ်းချမ်းရေးသမား ဆိုတာလည်း မှန်တယ်။ ဒါပေမယ့် သူဟာ နိုင်ငံတကာ၊ မြန်မာစစ်တပ်၊ EAO ၊ တရသ ပါတီ၊ မြန်မာလူထုရဲ့ ဖန်တီးပေးထားတဲ့ "အခြေအနေ" မှာ ဟန်ချက်ထိန်းပြီး ပြည်သူလူထုကို အားပေးနှစ်သိမ့်ရတဲ့ အဆင့်မှာပဲ ရှိတယ်။ ဒဲ့ ပြောရရင် သူ ကိုယ်တိုင် ဖန်တီးနိုင်စွမ်း မရှိဘူး။ အခြေအနေရဲ့ ထိန်းချုပ်မှုအောက်က ဖောက်ထွက် နိုင်တာ မရှိဘူး။
▪️ ဒီတော့ နတ်ဘုရား မဟုတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ပေးထားချက် အခြေအနေကို ဖောက်ထွက် နိုင်စွမ်း မရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် ဘာများ ပူပင်နေကြတာလဲ။ ဒေါ်စုဟာ နိုင်ငံတကာ၊ EAOတွေ၊ ပါတီတွေ၊ ပြည်သူက ဖန်တီးခင်းကျင်းထားတဲ့ အခြေအနေမှာပဲ ရှိနေလိမ့်မယ်။
▪️ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာနိုင်ငံရေးဟာ ပစ်ပယ်အပ်တဲ့ တရားမဟုတ်ဘူး။ အချိန်မကျသေးလို့ မကျင့်သေးတဲ့ ဘုရားစင်ပေါ် တင်ထားတဲ့ ဝိပဿနာ ကမ္မဌာန်ကျမ်း တခုပဲ။ ငါးပါးသီလတောင် မမြဲနိုင်တဲ့ လက်ရှိကာလ နေ့တဒူဝ ရှင်သန်ရေးမှာ ဘုန်းကြီးအများစုတွေသော်မှ ကျမ်းအတိုင်း မကျင့်ဘူး။ ဒါပေမယ့် ဘုရားဟော ကျမ်းကို ပစ်ပယ်လို့လည်း မရဘူး။ အဲဒီ ကျမ်းစာအုပ်က စားဝတ်နေရေး ဘာမှ လာကူပေးမှာလည်း မဟုတ်ဘူး။ ဒီအတိုင်းပဲ။ သူရဲ့ မေတ္တာ နိုင်ငံရေး ဖက်ဒရယ်တည်ဆောက်ရေး ကာလမှာ ကျင့်ရမယ့် တရား ဖြစ်တယ်။ ပစ္စပ္ပုန်အတွက် right time မဟုတ်တာ တခုပဲ ။
▪️ စောစောက ပြောသလို "အခြေအနေ" က ဒေါ်အောင်ဆန်းစုကြည် အထက်မှာ ရှိတယ်။ ပြည်သူတွေ၊ EAO တွေ၊ ပါတီတွေဟာ "အခြေအနေ" ကို ဖန်တီးရုံပဲ။ အတိတ်က ကျရှုံးခဲ့တဲ့ အချက်တွေကို ပြန်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အထူးသဖြင့် နိုင်ငံတကာ ၊ မြန်မာစစ်တပ်၊ တရသပါတီ တွေနဲ့ EAO တွေ စုပေါင်းခင်းကျင်းပေးတဲ့ ၂၀၀၈ အခြေခံဥပဒေ "ကျုံး" ထဲ ဝင်ခဲ့ရတယ်။ ဒါဟာ နတ်သိကြား မဟုတ်တဲ့ သမိုင်းသက်သေပဲ။ " သံဃာ့အား ဘုရား မလွန်ဆန် " ဆိုသလို ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေအနေကို လွန်ဆန်နိုင်စွမ်း မရှိဘူး။ လက်နက်အားမကိုးပဲ ပြောင်းလဲဖို့ လက်နက်မဲ့ ပြည်သူ့ မဲနဲ့ ကြိုးစားပေမယ့် လက်နက်ရှင် မြန်မာစစ်တပ်၊ EAO တွေရဲ့ ပေးထားချက်မှာ NLD ရော၊ တရသပါတီတွေရော ရှင်သန်အောင် ကူးခတ်ရတယ်။ ပြည်သူကို ကယ်ဖို့ ဝေးစွ။

▪️အတ္တဟိ အတ္တနော နာထော ၊ ကယ်တင်ရှင်မရှိ၊ ကိုယ့်အား ကိုယ်ကိုးရမယ်။ အာဏာသည် သေနတ်ပြောင်းဝက ထွက်တယ်၊ အဲဒီသေနတ်ပြောင်းဟာ တဖွဲ့တစုလက်ထဲ ထည့်မရ၊ လူတိုင်း လက်ထဲမှာ ရှိရမယ် ဆိုတာကို နားလည်ရင် အောင်မြင်ပြီ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သခင်ကိုယ်တော်မှိုင်းလို ကွမ်းအစ် တလုံး ရောင်တထုံးနဲ့ အိမ်ဦးခန်းမှာ အဆုံးအမ ဩဝါဒချွေနေတဲ့ အဘိုးကြီးတယောက် လိုမြင်ယောင်ကြည့်ပါ။ ဒေါ်အောင်ဆန်းစုကြည်အသက်ရှည်ပါစေ








































Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား