မွန်ပြည်သစ်ပါတီ က မအလ နဲ့ ပေါင်းပြီး၊ မွန်ပြည်နယ် ပြည်သူလူထုကို ဂျင်းထည့်နေသလား


၂၀၀၈ အခြေခံဥပဒေ အခန်း (၁) ၊ ပုဒ်မ ၆(စ) တပ်မတော်သည် အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်သည်။ "ထို့ကြောင့် လုပ်ချင်တာ လုပ်မည် ၊ လုပ်သမျှ ဥပဒေနဲ့ အညီ ဖြစ်တယ်" ဆိုတဲ့ သဘောထား ပါနေတယ်
အခန်း ( ၁)၊ ပုဒ်မ ၂၀ (ဂ) မှာ တပ်မတော် ကာချုပ်သည် လက်နက်ကိုင်မှန်သမျှရဲ့ အရှင်သခင်၊
အခန်း ( ၇)၊ ပုဒ်မ ၃၃၈ လက်နက်ကိုင်မှန်သမျှ တပ်မတော်အောက် ပြည်သူ့စစ် လုပ်ရမယ် ဆိုတာ ပါနေတယ်။
ပုဒ်မ ၄၃၆ တပ်မတော်သဘောမတူရင် ခြေ/ဥ ပြင်မရ ဆိုတာ ပါနေတယ်။

ဒီတော့ မွန်ပြည်သစ်ပါတီ ရေးမယ့် မွန်ပြည်နယ်အခြေခံဥပဒေက ( ဘယ်ပြည်ထောင်စု အခြေခံဥပဒေရဲ့ အာဏာကို ခွဲဝေယူမှာလဲ ) ဆိုတာ မရေးခင်က စဉ်းစားဖို့ လိုတယ်။ မွန်လူထုကို ပွင့်လင်းစွာ ကြေညာဖို့ လိုတယ်။ မွန်လူထု တွေ ပါဝင်ရေးဆွဲဖို့ လိုတယ်။ မွန်လူထု အတည်ယူဖို့လိုတယ်။
အချိန်ပေါလို့ ဝေဖန်တာ မဟုတ်၊ ဖက်ဒရယ် ခေါင်းစဉ်နဲ့ ဝေဖန်ရေးဆရာ ဆရာမကြီးတွေ ရေငုံနေလို့ ဝေဖန်ရတာဖြစ်တယ်။ ဝေဖန်ပေမယ့် မိမိ ဓာတ်ကျတဲ့ ဘက်ကို ငှက်မွှေးနဲ့ သပ်ပြီး အမြင်ကပ်တဲ့ ဘက်ကို ဝါးရင်းဒုတ်နဲ့ နှက်တာမျိုးလည်း မလုပ်စေလို။ Double Standard မဖြစ်ကြစေချင်။ မီဒီယာတွေလည်း ငါ မကောင်း ငါ့အကြောင်းရေး ဆိုတဲ့ မင်းတုန်းမင်း စကားအတိုင်း လုပ်စေလို။
Comments
Post a Comment