▪️စုရွေးလွှတ်ကို ဖျက်ဆီးလို့ မရသလို ▪️ စုရွေးလွှတ်မှာ ရပ်တန့်နေလို့လည်း မရဘူး













ပြည်သူက ဆန္ဒပြပွဲတွေမှာ " ကြွေးကြော်သံ ပြောင်းလဲလာတယ်ဆိုတဲ့ " မိုးထက်နေ သိစေရန် -
​ကြွေးကြော်သံ ဆိုတာ ရှေ့ကတိုင်ပေးတဲ့ အုပ်စုနောက် လိုက်ကြတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ထည့်ပြီး မငြင်းချင်ဘူး ...  

ဒါပေမယ်​့ ..
"စု ရွေး လွှတ် ကို ဆန့်ကျင်ကြ" မအော်ကြသလို .. "မိုးထက်နေကို ထောက်ခံကြ" ... "NUCC ကို ထောက်ခံကြ" လို့ မအော်တာ သေချာတယ်
ကြွေးကြော်သံ အဆင့်ဆင့် ပြောင်းလဲတာပဲရှိယတ်။ ရှေ့က ကြွေးကြွော်သံတွေဟာ မြောင်းထဲ ထည့်လိုက်ပစ်သလို မင်းပြောနေတာ မှားတယ်။ ရှေးက ကြွေးကြွော်သံ တောင်းဆိုသံတွေဟာ "ထပ်တိုး"တာပဲ ရှိတယ်။ "ပယ်ဖျက်" တာ မရှိဘူး ... R2P တောင်းဆိုတာ၊ US UN ဝင်လာဖို့ တောင်းဆိုတာလဲ .. ယနေ့အထိ ရှိနေတယ်
ကျောက်အုတ်တွေ စီသလို .. အဆင့်ဆင့် ထပ်တိုးတာပဲရှိတယ်။ ဖျက်ဆီးပြီး အစားထိုးတာ မရှိဘူး။

▪️စုရွေးလွှတ်ကို ဖျက်ဆီးလို့ မရသလို
▪️ စုရွေးလွှတ်မှာ ရပ်တန့်နေလို့လည်း မရဘူး
"၂၀၂၀ ရွေးကောက်ပွဲ က ပြည်သူ့အာဏာကို ထပ်လောင်း အတည်ပြုတဲ့ ပြည်သူ့ ဆန္ဒ​တွေကို ဖျက်ဆီးတဲ့သူတိုင်းဟာ ပြည်သူ့ရန်သူပဲ"
==
စု = စု လွတ်မြောက်ရေး
ရွေး = ပြည်သူက ရွေးကောက်ပွဲက တရားဝင် အာဏာ လွှဲခြင်း
လွှတ် = လွှတ်တော် ( ၂၀၂၁ လွှတ်တော်သစ် + CRPH )






Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား