လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နဲ့ နိုင်ငံ့ ဝန်ထမ်း မင်းအောင်လှိုင်တို့ဟာ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်ရှိပါသလား။
လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နဲ့ နိုင်ငံ့ ဝန်ထမ်း မင်းအောင်လှိုင်တို့ဟာ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်ရှိပါသလား။ နိုင်ငံတော်သမ္မတ တာဝန်ယူထားသူက လွှတ်တော်ကိုယ်စားလှယ် ၊ နိုင်ငံ့ ဝန်ထမ်း ဖြစ်ရင် နိုင်ငံတော်သမ္မတ ရာထူး မှ ပျက်ပြယ်ပါသလား ▪️ ပုဒ်မ ၆၀ ( ဂ ) အရ " ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ် များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်" ဟု ပြဒါန်းထားတဲ့ အတွက် ... လွှတ်တော်ကိုယ်စားလှယ် (ဦးဝင်းမြင့်) ၊ သာမန်အရပ်သား ( ဦးထင်ကျော်) ၊ နိုင်ငံ့ဝန်ထမ်း ( မင်းအောင်လှိုင်) ကို ဒုတိယသမ္မတ အဖြစ် ရွေးချယ်တင်မြှောက် နိုင်တယ်။ ▪️ ပုဒ်မ ၆၀ ( င) အရ " ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယ သမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်၊" ဟု ပြဒါန်းထားတဲ့ အတွက် ... ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝ...