Posts

Showing posts from 2023

မြမ္မာလူမျိုး -၂

Image
၁၇၉၉ ထုတ် Francis Buchanan ရေးသားသည့် "A Comparative Vocabulary of Some of the Languages Spoken in the Burma Empire " စာအုပ်မှာ မိမိကိုကိုယ် Myanmmaw " မြမ္မာ " ဟုခေါ်တဲ့ လူတွေကို Burmas, Vermas, Brimas "ဗမာ" ဟု အနောက်တိုင်းသားတို့ခေါ်တာဖြစ်ပြီး ... မိမိကို ကိုယ်ကို Arakan "အာရကန်" ဟု ခေါ်နေသူများဟာ တခါတရံ Myanmaw Gyee " မြမ္မာကြီး" ဟုလည်း ခေါ်ကြောင်း ၊ "ဗမာ အကြီး " လို့ ဆိုလိုကြောင်း ဖော်ပြထားပါတယ်။ ( သတိပြုစရာက Rakhine ရခိုင်လို့ မှတ်တမ်းတင်မထားဘူး) ဘိုးတော် ဗဒုံမင်းဟာ ၁၇၈၂ခုနှစ် ဖေဖော်ဝါရီလ မှာ နန်းတက်တယ် ဆိုတော့ ဒီစာအုပ်ဟာ ခေတ်ပြိုင် သမိုင်းသက်သေ ဝင်နေပါတယ်

မြမ္မာလူမျိုး - ၁

Image
ညောင်ရမ်းခေတ် (ဒုတိယအင်းဝခေတ်) တနင်္ဂနွေမင်းလက်ထက် ရွှေယင်မြော် ဆရာတော် ရှင်ဥက္ကံသမာလာက ဝဏ္ဏဗောဓနသတ်အင်းကျမ်း ကို ပြုစုတော်မူတယ်။  https://drive.google.com/file/d/18Qm3Fx1KIQi-u-K8AYtDOGw45LyXqylN/view ဝဏ္ဏဗောဓနသတ်အင်းကျမ်း ဆိုတာက စာပေရေးထုံး သတ်ပုံသတ်ညွန်းကို ဖော်ပြတဲ့ ကျမ်းဖြစ်ပါတယ်။ အဲဒီကျမ်းဟာ မှန်ကန် ပြည့်စုံလှတဲ့ အတွက် တနင်္ဂနွေမင်းလက်ထက်က စပြီး ကြာသပတေးမင်း (ဟံသာဝတီပါမင်း)၊ နောက် ကုန်းဘောင်ခေတ် တလျှောက်လုံး အလောင်းမင်းတရား၊ ဘိုးတော်ဘုရား၊ နောက်ဆုံး သီပေါမင်းအထိ လက်စွဲကျမ်းအဖြစ် ပြဌာန်းတော်မူပါတယ်။ ဒီကျမ်းမှာ လူမျိုးအမည်၊ ဘာသာစကားအမည်ကို ဘယ်လိုရေးရမယ်ဆိုတာ ပြထားပါတယ်။ _________________________ " ဝဏ္ဏဗောဓနသတ်အင်းကျမ်း နိဒါန်း " ***** ဘိုးတော်ဘုရားလက်ထက်တွင် သတ်ပုံသတ်ညွန်းများကို ပြဌာန်းတော်မူသောအခါ၌လည်း ဝဏ္ဏဗောဓနသတ်အင်းကိုပင် ထိပ်ဆုံးက တင်၍ ပြဋ္ဌာန်းတော်မူလေသည်။ ထို့နောက် သီပေါမင်းလက်ထက် "၁၂၄၀ - ပြည့် ၊ နတ်တော် လပြည့်ကျော် ၆ ရက်နေ့ တောင်ဥယျဉ်တော် အစည်းအဝေး ရုံးတော်တွင် ကျင်းပသော ပထမဘွဲ့၊ ဒုတိယဘွဲ့ အစည်းအဝေးဝင် မှူးမတ်တို့၏ မျက်နှာစုံညီ အစည်းအဝေးကလည်း အသတ်ကာရန်...

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ

Image
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ ၁၉၀၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဒေသတစ်ခုဖြစ်ခဲ့ပြီး အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံဟူ၍ နှစ်ပိုင်းခွဲအုပ်ချုပ်ခဲ့သည်။ အောက်မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီဒေသများပါဝင်ပြီး မြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ အထက်မြန်မာနိုင်ငံတွင် မိတ္ထီလာ၊ မင်းဘူး၊ စစ်ကိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့ပါဝင်ကာ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။  ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ကို တောင်တန်းဒေသများဟူ၍လည်းကောင်း၊ ကယားပြည်နယ်ကို ကရင်နီနယ်များဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်ကို ပဒေသရာဇ်ရှမ်းပြည်နယ်ဟူ၍လည်းကောင်း၊ ရခိုင်ပြည်နယ်ကို ရခိုင်တိုင်းဟူ၍လည်းကောင်း သတ်မှတ်အုပ်ချုပ်ခဲ့သည်။ ထို့အပြင် လက်ရှိ မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်ကိုလည်းကောင်း၊ လက်ရှိ ကရင်ပြည်နယ်တွင် ပါဝင်နေသော နယ်မြေဒေသအချို့ကို ပူးပေါင်း၍ သံလွင်ခရိုင်အဖြစ်လည်းကောင်း၊ လက်ရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကိုလည်းကောင်း စုစည်း၍ တနင်္သာရီတိုင်း အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ အလားတူ လက်ရှိ ရန်ကုန်တ...

ဗမာ / မြန်မာ ဒီဝေါဟာရ နှစ်ရပ်ကို သေသေချာချာ မသိရင် နိုင်ငံရေး မလုပ်သင့်ဘူး

Image
ဗမာ / မြန်မာ ဒီဝေါဟာရ နှစ်ရပ်ကို သေသေချာချာ မသိရင် နိုင်ငံရေး မလုပ်သင့်ဘူး ပထမပုံ ။ ။ ၁၉၄၁ အင်္ဂလိပ်မင်းလက်ထက် အစိုးရထီ ကို ကြည့်ပါ။ အင်္ဂလိပ်က Burma ကို ဗမာလို့ ဘယ်တော့မှ မရေးဘူး။ မြန်မာမင်းတွေရဲ့ သတ်ပုံမှန်အတိုင်း မြန်မာလို့ ရေးတယ်။ ဒုတိယပုံ။ ။ ၁၉၄၄ ဂျပန်က ဗမာနိုင်ငံတော်လွတ်လပ်ရေး ပေးပြီး အဓိပတိ ဒေါက်တာဘမော် အစိုးရထီ ကို ကြည့်ပါ။ English လို လုံးဝ မရေးတော့ဘူး။ ဗမာနိုင်ငံတော်လို့ ရေးတယ်။ ဘာကြောင့်လဲ သိချင်ရင် ဗကသ ကျောင်းသားတွေကို မေးပါ။ ဗ/မ ပြဿနာဆိုပြီး တချိန်တုန်းက အသည်းအသန် ရေးကြ ပြောကြ ခုတော့ ကြောင်ပျောက်သလိုလို ဖြစ်နေတဲ့ အဲဒီ ကျောင်းသားတွေကို မေးပါ။ ဆောင်းခကို မမေးပါနဲ့။ သိလည်း မသိဘူး ငြင်းလိမ့်မယ်။

၂၀၁၄ ရခိုင်အမျိုးသားညီလာခံမှာ ချမှတ်ခဲ့တဲ့ " ရက္ခိတလမ်းစဉ်"

Image
  ၂၀၁၄ ကျောက်ဖြူမှာ ရခိုင်အမျိုးသား ညီလာခံမှာ AA ANP ALP CSO ရခိုင်အဖွဲ့တွေ ရခိုင် ကိုယ်စားလှယ်တွေ တက်ရောက်တယ်။ ရခိုင်အမျိုးသား ညီလာခံက "ရခိုင်အမျိုးသားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီ ကို ဦးတည်ပါမယ်" လို့ ကမ္ဘာသိ ကြေညာတယ် AA က FPNCC ရဲ့ ၂၀၁၃ ကြေညာချက်မှာ "ဖက်ဒရယ်ဒီမိုကရေစီ လုပ်ပါမယ်" လို့ အတူတကွ ကတိပေး လက်မှတ်ထိုး ကာ ကမ္ဘာသိကြေညာခဲ့တယ် ခွဲထွက်ရေး ကွန်ဖက်ဒရေးရှင်း ပြောနေကြသူတွေဟာ ရခိုင် ကိုယ်စားပြုသလား ရခိုင်ကို လူလိမ်ဖြစ်အောင် ချောက်ချနေတာလား ၂၀၁၄ ရခိုင်အမျိုးသားညီလာခံမှာ ချမှတ်ခဲ့တဲ့ " ရက္ခိတလမ်းစဉ်"  စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးကို   ရခိုင် "ပြည်သူ့ကိုယ်စားလှယ်တွေ အပါအဝင် " အသင်းအဖွဲ့ပေါင်းစုံက တညီတညွတ်ထဲ သဘောတူ ဆုံးဖြတ်ခဲ့တယ်။  AA ကိုယ်စားပြုသူတွေ တက်ရောက်ခဲ့တယ်။ ကန့်ကွက်ခြင်းမရှိ ထောက်ခံခဲ့ကြတယ်။ နောင် ၂ နှစ်အကြာ NLD အစိုးရလက်ထက်မှာ AA က ကွန်ဖက်ဒရိတ် ဆိုပြီး ပြောင်းလဲ ကြေညာတယ်။  ဒီကြေညာချက်ဟာ ရခိုင်လူထုကို ကိုယ်စားမပြုပါဘူး။  ဘာကြောင့်လဲဆိုတော့ ၂၀၁၄ ရခိုင်အမျိုးသားညီလာခံမှာ ချမှတ်ခဲ့တဲ့ " ရက္ခိတလမ်းစဉ်" ဖြစ်တဲ့  ဖ...

မြန်မာ(ဗမာ) က အခြားတိုင်းရင်းသားတွေကို ကိုလိုနီ ပြုထားသလား မဟုတ်မမှန်ပါဘူး။

Image
 မြန်မာ(ဗမာ) က အခြားတိုင်းရင်းသားတွေကို ကိုလိုနီ ပြုထားသလား မဟုတ်မမှန်ပါဘူး။ ကုလသမဂ္ဂမှာ ... ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိတဲ့ ကိုလိုနီနယ်တွေကို member state's control စာရင်းပြုစုထားပါတယ်။ ၁၉၆၂ ကစပြီး Special Committe of Deconlonization က ၎င်းစာရင်းကို ထိန်းသိမ်းရပါတယ်။ ၄င်းစာရင်းပါ ဒါဇင်များစွာဟာ လွတ်လပ်ရေး (သို့) ကိုယ်ပိုင်အုပ်ချုပ်ရေး ရတဲ့အခါ ဖယ်ထုတ်ကြပါတယ်။ အုပ်ချုပ်ခံ နိုင်ငံသစ်များ ရှိလာတဲ့အခါ ထပ်ဖြည့်ကြရပါတယ်။ https://www.un.org/dppa/decolonization/en/c24/about အုပ်ချုပ်တဲ့ နိုင်ငံတွေက ၎င်းတို့ရဲ့ ကိုလိုနီနယ်တွေအကြောင်း အစီရင်ခံစာ ကို နှစ်စဉ် တင်သွင်းရပါတယ်။ ▪️ မြန်မာနိုင်ငံမှာ ကိုလိုနီနယ် မရှိပါ။ မြန်မာနိုင်ငံထဲက မည်သည့် လူမျိုး ၊ မည်သည့် ပြည်နယ်၊ မည်သည့် ဒေသမှ member state's control NSGT စာရင်း (ဝါ ) ကိုလိုနီနယ်စာရင်း မပါဝင်ပါ။ 👉 https://www.un.org/dppa/decolonization/en/nsgt ✅ ဒါကြောင့် ကိုလိုနီနယ် အစီရင်ခံစာ လည်း မတင်ရဘူး ။ ▪️ မြန်မာနိုင်ငံမှာ မည်သည့်လူမျိုးဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းအသစ်တွေ သတ်မှတ်တဲ့ အကြိမ်တိုင်း၊ နဂိုထဲ က member state's control...

၁၉၄၈ လွတ်လပ်ရေး ယူခါစ မြန်မာနိုင်ငံ မြေပုံ ( Union of Burma )

Image
  ၁၉၄၈ လွတ်လပ်ရေး ယူခါစ မြန်မာနိုင်ငံ မြေပုံ ( Union of Burma ). ပုံထဲက အနီရောင် စာသား၊ မျဉ်းကြောင်းတွေ ဟာ ၁၉၄၇ ခြေဥမှာ ဖဆပလအစိုးရ က အသစ် ရေးဆွဲပေးတာ ဖြစ်တယ်။   အချို့တွေက ပင်လုံစာချုပ်ထက် ပိုရသွားကြတယ်။ သူတို့ ဗမာလူမျိုးကြီးဝါဒီလို့  စွပ်စွဲနေတဲ့ "ကရင်နု" လက်ချက်ပေါ့။ နောက်မှ ရှင်းပြဦးမယ်။   အလိမ်ဖြည်ခြင်း (၁) တိုင်း division တွေဟာ နေဝင်းက သတ်မှတ်တာပါ။ ကိုလိုနီခေတ်နဲ့ လွတ်လပ်ရေးရတုန်းက မရှိခဲ့ပါဘူး လို့ လိမ်ပြောကြတယ်။ အမှန်တရားက -  တိုင်း division ခုနှစ် (၇) တိုင်း ရှိတယ်။ ဟောဒီ မြေပုံမှာ မြင်ရမယ်။ စစ်ကိုင်း ၊ မကွေး၊ မန္တလေး၊ ပဲခူး၊ အာရကန်၊ တနင်္သာရီ တိုင်း ကို မြင် ရမယ်။    အလိမ်ဖြည်ခြင်း (၂)  ချင်း နဲ့ ကချင်ဟာ ပြည်နယ် (ပြည်ထောင်) state တွေ ဖြစ်တယ်လို့ လိမ်ပြောကြတယ် အမှန်တရားက - ချင်း၊ ကချင်၊ ကရင်၊ မွန် ဟာ ပြည်နယ် state မရှိခဲ့ဘူး။ ရခိုင်သည်လည်း ပြည်နယ် state မဟုတ်ခဲ့ဘူး။  Arakan Division အာရကန်တိုင်းသာ ဖြစ်တယ်။ ရခိုင်ပြည်နယ် ဆိုပြီး လူမျိုးစွဲပြည်နယ် မရှိခဲ့ဘူး။ အာရကန် ဆိုတာ လူမျိုးစုံ တိုင်း တခုဖြစ်တယ် ..  မြေပုံမှာ ကြည့် .. စစ်...

ပြည်သူသာ အဓိက၊ EAO သရဏံ ဂစ်စာ မမိကြနဲ့

" တော်လှန်ရေးဆိုတာ အကြီးကျယ်ဆုံး ပြုပြင် ဖန်တီးတတ်တဲ့ သတ္တိရှိ ပါ တယ်။  တော်လှန်ရေးရဲ့ အခြေခံ ရည်ရွယ်ချက်ကြီးကတော့ လုပ်စားကိုင်စား လူထုကြီး လွတ်လပ်မှု ဖြစ်ပါတယ်။  တော်လှန်ရေးရဲ့ အခြေခံ အုတ်မြစ်ကတော့ လူထုပါ၀င်အောင် ဆောင်ရွက်ရေ းဖြစ်ပါတယ်။  တော်လှန်ရေးအောင်မြင်ဖို့ အခြေခံကတော့ လူထုကြီးရဲ့ နိုးကြားထကြွမှု တနည်းအားဖြင့် လူထုကြီးဟာ ဘယ်အထိ ဖွဲ့ဖွဲ့စည်းစည်းရှိလို့ ဘယ်အထိ မိမိရဲ့တာ၀န်နဲ့ တန်ခိုးအာဏာကို သိရှိနားလည်နိုးကြားသလဲ ဆိုတဲ့ အပေါ်မှာ တည်ပါတယ်။ " ဗိုလ်ချုပ် အောင်ဆန်း ဖ၊ ဆ၊ ပ၊ လ  ပဏာမ ပြင်ဆင်မှု ညီလာခံ ၁၉၄၇ ခု၊ မေလ ၁၉ ရက်နေ့ ၊ ဂျူဗလီဟော ==== ပြည်သူသာ အဓိက၊ EAO သရဏံ ဂစ်စာ မမိကြနဲ့ ၊ သူတို့တောင် သူတို့ဘဝ သူတို့ မပိုင်၊ တရုတ်ကိုင်ထားတာ  

ဦးသန့်နှင့် လူမျိုးရေးဝါဒ U Thant & Racism

ဦးသန့်နှင့် လူမျိုးရေးဝါဒ U Thant &  Racism တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း လူမျိုးရေးဝါဒနှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှုတို့ကို အဆုံးသတ်စေရန် လုပ်ဆောင်ခဲ့သည့် ပထမဆုံးသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှာ ဦးသန့် ဖြစ်ပါသည်။  အထွေထွေ အတွင်းရေးမှူးချုပ်အနေဖြင့် မိမိ၏ အလုပ်တာဝန်မှန်သမျှသည် နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှုကို အဆုံးသတ်ရေးဟူသော ကဏ္ဍသုံးရပ်တွင် ငြိမ်းချမ်းစွာ ၀ိုင်း၀န်းဆောင်ရွက်မှုများ ပေါ်ပေါက်လာရန် ဦးတည်သင့်သည်ဟု ဦးသန့် လက်ခံထားခဲ့သည်။  ကုလသမဂ္ဂရုံးတွင် တာဝန်ထမ်းဆောင်သည့် အစောပိုင်းကာလများကပင် လူမျိုးရေးဝါဒကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။  ၁၉၆၄ ခုနှစ်က ခရီးစဉ် တစ်ခုတွင် လူမျိုးရေးဝါဒသည် “စိုးရိမ်စရာ အလွန်ကောင်းလှသော ရောဂါဆိုးကြီးတစ်ခု” ဖြစ်သည်ဟု ခိုင်းနှိုင်းခဲ့ပြီး လူမျိုးရေးဝါဒီများအား ယင်းတို့သည် “ပြဿနာကို မြေတောင်မြှောက်ပေးနေခြင်း ဖြစ်ကာ နောက်ဆက်တွဲ ဘေးဒုက္ခဆိုး ကျရောက်ကိန်း ဆိုက်ဖို့သာ ရှိသည် ”ဟု ဝေဖန်ခဲ့သည်။ “ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုနှင့် ပေါင်းဖက်ထားသည့် လူမျိုးရေး ခွဲခြားမှုဒဏ် ကြုံတွေ့ရသူများ၏ ဒေ...

ဘီလူးကျွန်းက သမိုင်း သက်သေများ

Image
  ဘီလူးကျွန်းက သမိုင်း သက်သေများ Friday, December 6, 2013 - 12:12  by -  ရွှေဟင်္သာ (မွန်တို့ဌာနေ ရာမည)။   ။ ဘီလူးကျွန်း က ဟင်္သာ တံဆိပ် ငွေပြား လွန်ခဲ့သေ ာနှစ်ပေါင်း ၂၀၀၀ ခန့်အခါကမြန်မာနိုင်ငံ အတွင်းကိုရောက်ရှိနေထိုင်ခဲ့တဲ့ “မွန်၊ ပလောင်၊ ဝ” ထက်စော တဲ့ ရှေ့ပြေး လူမျိုးတမျိုး နီဂရစ်တို တို့ နေ ထိုင်ခဲ့ တယ်လို့ဆိုတယ်။ မွန်လူမျိုးတွေဝင်ရောက် အခြေချလာတဲ့ အခါ နီဂရစ်တို လူမျိုးများ တောင်ဘက် ကို ပြောင်းရွေ့ နေထိုင်ခဲ့ ဟန်တူတယ်လို့ဆိုတယ်။ ဘီလူးကျွန်း ဒေသမှာ နီဂရစ်တို အနွယ်ဝင် စမင်း( ဆေးမန်း)လူမျိုးများ နေထိုင်ခဲ့ပြီး မော်မြိုင် တဘက် ကမ်းဘီး လူးကျွန်းကို မွန်အခေါ် တကော့ခမိုင်း လို့ခေါ်တယ်။ တကော့= ကျွန်းလို့အဓိပ္ပါလ်ရပြီး ခမို်င်းဆိုတာ မူလ အသံထွက်( စမောင်) ( စမင်း) ဖြစ်တယ်။ ရှေးမွန်စာ ရှင်မွေ့နွန်း မင်းနန္ဒာ ပျို့မှာ ခမိုင်းကို အကိုင်းခက်များ တဲ့သစ်ပင်လို့ ဆိုတယ်။   တကော့ သမိုင်းရေးရာ ကနေ တကော့ခမိုင်းလို့ပြောင်းလဲခဲ့တယ်။ အဲဒီခေတ်က စမောင် (သို့) စမင်း ( semang) လူမျိုးတို့ဟာ အဝတ်စား မဝတ် နှုတ်ခမ်းထူ ပြီး အသားမဲ ဆံကောက် ၊ ရေကူး ကျွမ်းကျင်ပြီး ခက်ထန် ကြမ်းကြုတ်တဲ့ လူ...

ရှမ်းပြည်မြောက်ပိုင်း လားရှိူး

 ရှမ်းပြည်နယ်မှာ ဗြိတိသျှတို့ တည်ထောင်ခဲ့သောမြို့ပြ များ အပိုင်း(၂) ——————————————- ရှမ်းပြည်မြောက်ပိုင်း လားရှိူး လားရှိူးမြို့ဟာ မြန်မာ ဘုရင်လက်ထက်က ရွာငယ်လေး တရွာသာဖြစ်ပါတယ် ။ ၁၈၈၇ ခုနှစ်မှာ မေမြို့ကို ရှမ်းပြည် မြောက်ပိုင်းတခုလုံးရဲ့ စစ်ဌာနချုပ် အဖြစ်အသုံးပြုခဲ့ပါတယ် ။ ၁၈၈၈ ခုနှစ်မှာ မြောက်ပိုင်းပြည်နယ်များရဲ့ အုပ်ချုပ်ရေးယူနစ် တခုအဖြစ် ပူးပေါင်း ဖွဲ့စည်းပြီး ၁၈၈၉ ခုနှစ်မှာတော့ လားရှိူး ကို အရေးပိုင်ရုံးစိုက်ရာ နေရာ အဖြစ် သတ်မှတ်ရုံးထိုင်ခဲ့ပါတယ်။ လားရှိူးမြို့ရဲ့ အာရုံတော် ရပ်ကွက် မြောက်ဘက် အစွန် မှာရှိတဲ့ လွယ်ရိုးရွာနဲ့ လားရှိူးရွာ ဟာ မြောက်သိန္နီစော်ဘွားရဲ့ နယ်မြေထဲမှာ ပါပါတယ် ။ဒီရွာ နှစ်ရွာကြားမှာ ဗြိတိသျှ တွေဟာ စစ်တပ်နဲ့အုပ်ချုပ်ရေးရုံးတွေ ဆောက်လုပ်ခဲ့တယ် ။ ၁၈၉၈ ခုနှစ် မှာ ရှမ်းပြည်မြောက်ပိုင်း မြောက်သိန္နီ နယ်အတွင်းရှမ်းရွာ ၂၃ ရွာ ၊ ပလောင်ရွာ ၈ ရွာနဲ့ ဖွဲ့စည်းထားတဲ့ လားရှိူးရွာလေးဟာ တိုက်နယ် အဆင့်ရှိလာပါတယ် ။  လားရှိူး မြို့ ကို (၁) အရေးပိုင်ရုံးနဲ့ မြို့ပြ အရာရှိများအတွက်  နေအိမ်များပါဝင်တဲ့ ဥရောပ သားတို့ နေထိုင်တဲ့ အရပ် ( The European Station ) (၂) စစ်ပုလိပ်မျ...

ရာဇဝင်ကို ပြည်ဖုံးကားမချပဲ အနာဖေးခွါရင်

Image
မြန်မာပြည် လွတ်လပ်ရေး    "လူသားအာလုံး လွတ်လပ်ဖို့ ဖြစ်တယ်။ မြန်မာတမျိုးထည်း လွတ်လပ်ဖို့ မဟုတ်ဘူး" ..   ကံမကောင်းလို့ စစ်အာဏာရှင်အောက် ရောက်တော့ "လူသားအားလုံး လွတ်လပ်ရေး ဆုံးရှုံးရတယ်။ အခြားတိုင်းရင်းသားတွေပဲ ကွက်ပြီး ဆုံးရှုံးတာ မဟုတ်ဘူး" ဒါကို "မြန်မာက လွတ်လပ်ရေးရတယ်၊ ငါတို့က မရဘူး " လို့ ထင်နေသူတွေဟာ "လူမျိုး တမျိုးစီက တနိုင်ငံစီ ခွဲထွက်ပြီး နေတာကို လွတ်လပ်ရေး" လို့ ယူဆနေသူတွေဟာ  လူမျိုးရေး အမြင်ကျဉ်းမြောင်းသူတွေ ဖြစ်တယ်။ သဘာဝမကျ ယုတ္တိ မရှိပဲ အတွေးအခေါ် နုံချာ ညံ့ဖျင်းသူတွေ ဖြစ်တယ် ..  ပဒေသရာဇ် သူငယ်နာ မစင်ပဲ ၊ မိမိတို့ ရှုံးခဲ့ရတဲ့ ပြိုင်ပွဲ တခုကို အခဲ မကြေ ဖြစ်နေကြတယ်။  သမိုင်းဦးဘုံမြေစနစ်မှာ ဘယ်လူမျိုး မဆို ရေကြည်ရာ မြက်နုရာ ရှာဖွေ ရင်း နယ်မြေအသစ် ကို ကျူးကျော်ရတာပဲ။ ပဒေသရာဇ် စနစ်မှာ ဘယ်လူမျိုး မဆို ( အင်အားကြီးလာရင် )  နယ်မြေ ချဲ့ထွင်တာပဲ။  ရှမ်းလည်း အင်အားကြီးလာရင် မြန်မာတွေ နေတဲ့ ဧရာဝတီ မြစ်ဝှမ်းဒေသ ကို ပြည်အထိ နယ်ချဲ့ကြတယ်။ ရှမ်းညီနောင်သုံးပါး ခေတ်က တကြိမ်၊ မိုးညှင်းစလုံ သိုဟန်ဘွား ခေတ်က တကြိမ်။  ရခိုင်လည်း အင်အားကြီးလာရင် မြန...

လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် နဲ့ နိုင်ငံ့ ဝန်ထမ်း မင်းအောင်လှိုင်တို့ဟာ နိုင်ငံတော်သမ္မတ ဖြစ်ခွင့်ရှိပါသလား။

Image
  လွှတ်တော်ကိုယ်စားလှယ်  ဦးဝင်းမြင့် နဲ့  နိုင်ငံ့ ဝန်ထမ်း မင်းအောင်လှိုင်တို့ဟာ နိုင်ငံတော်သမ္မတ  ဖြစ်ခွင့်ရှိပါသလား။  နိုင်ငံတော်သမ္မတ တာဝန်ယူထားသူက လွှတ်တော်ကိုယ်စားလှယ်   ၊ နိုင်ငံ့ ဝန်ထမ်း ဖြစ်ရင် နိုင်ငံတော်သမ္မတ  ရာထူး မှ ပျက်ပြယ်ပါသလား ▪️ ပုဒ်မ ၆၀ ( ဂ ) အရ "  ဒုတိယသမ္မတတစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ် များထဲမှဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများထဲမှ ဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်" ဟု ပြဒါန်းထားတဲ့ အတွက်  ... လွှတ်တော်ကိုယ်စားလှယ်  (ဦးဝင်းမြင့်) ၊ သာမန်အရပ်သား ( ဦးထင်ကျော်) ၊ နိုင်ငံ့ဝန်ထမ်း ( မင်းအောင်လှိုင်) ကို  ဒုတိယသမ္မတ အဖြစ် ရွေးချယ်တင်မြှောက် နိုင်တယ်။  ▪️ ပုဒ်မ ၆၀ ( င) အရ  " ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့က နိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယ သမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ်တင်မြှောက်ရမည်၊" ဟု ပြဒါန်းထားတဲ့ အတွက်  ...   ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝ...

နိုင်ငံတော်သမ္မတ ၏ ရာထူးသက်တမ်း သည် မည်မျှနည်း

Image
▪️ နိုင်ငံတော်သမ္မတ   ၏ ရာထူးသက်တမ်း သည် မည်မျှနည်း ❇️ ပုဒ်မ ၆၁ (က ) နှင့် (ခ) မှာ " နိုင်ငံတော်သမ္မတ ၏ မူလ ရာထူးသက်တမ်းသည် (၅) နှစ် ဖြစ်ပါတယ်။  သို့သော် ...  နိုင်ငံတော်သမ္မတအသစ် ရွေးချယ် တင်မြှောက်ပြီးသည့် အချိန်အထိ  တာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်" ဟု ပြဒါန်းထားပါတယ်။ သို့သော် ... သို့သော် ... သို့သော် ...  ပုဒ်မ ၆၁ (င ) အရ ရာထူးနေရာ လစ်လပ်သည့်အတွက် အစားထိုးရွေးချယ်တင်မြှောက်ပါ က ...  အစားထိုး သူဟာ  မူလရာထူးသက်တမ်းကုန်ဆုံးသည် အထိသာ ဖြစ်ရမည်။ ဆိုတော့ကာ ... မြင့်ဆွေဟာ ဘာလဲ။  ယာယီ သမ္မတ ဆိုရင် ပုဒ်မ ၇၃ (ခ) နဲ့ ၇၃ (င) အရ  ယာယီ သမ္မတ သက်တမ်းသည် ( ပြည်ထောင်စုလွှတ်တော် ကျင်းပ နေချိန် ဖြစ်လျှင် ၇ ရက်၊ ပြည်ထောင်စုလွှတ်တော် ကျင်းပ နေချိန် မဟုတ်လျှင် ၂၁ ရက် )  သာ တည်ရှိပါတယ်။ ၂ ၁ ရက်ကျော်ရင် ယာယီသမ္မတ မှ ပျက်ပြယ်ပါတယ်။     expired သက်တမ်းကုန်သွားပါပြီ။   ( သူတို့အဆို) နိုင်ငံတော်သမ္မတ တာဝန်ကို အစားထိုး ယူထားလျှင် လည်း၊   မူလ ရာထူးသက်တမ်း (၅) နှစ် မှာ သက်တမ်းကုန်ပြီ။  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နေရာ...

ဒုသမ္မတ မြင့်ဆွေဟာ အရေးပေါ် အခြေအနေ ကြေညာခွင့် ရှိပါသလား

Image
သမ္မတ ၊ ဒုသမ္မတ၊ ယာယီ သမ္မတ ဆိုင်ရာ မေးခွန်းများ ၂၀၀၈ အခြေခံဥပဒေကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က ၂၀၂၁ မတ်လ တွင် တရားဝင် ဖျက်သိမ်းပြီး ဖြစ်ပါတယ်။ CRPH  သည် ကမ္ဘာ့ အသိအမှတ်ပြု ဒီမိုကရေစီ နည်းလမ်းဖြင့် ပြည်သူမှ လွှတ်တော်၊ လွှတ်တော်မှ ကိုယ်စားပြုကော်မတီ သို့  ပြည်သူ့ဆင့်လွှဲ အချုပ်အခြာ အာဏာ အပ်နှင်းထားသော အဖွဲ့ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အချက်များဟာ အင်္ဂလိပ်အစိုးရလက်ထက်မှ ယနေ့တိုင် တည်ဆဲ ဖြစ်သော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၁( ဃ) အရ နိုင်ငံတော်ပုန်ကန်မှု မြောက်သော အချက်များကို မှတ်တမ်းပြုစုထားခြင်းသာ ဖြစ်ပါတယ်။  ဒုသမ္မတ မြင့်ဆွေဟာ  အရေးပေါ် အခြေအနေ  ကြေညာခွင့် ရှိပါသလား   ❇️ မြင့်ဆွေဟာ နိုင်ငံတော် သမ္မတ မဟုတ်သည့်အတွက် အရေးပေါ် အခြေအနေ  ကြေညာခွင့် မရှိပါ။ မြင့်ဆွေသည် ယာယီသမ္မတ ဖြစ်ပါတယ်။ ယာယီသမ္မတ လုပ်ပိုင်ခွင့်ကို ပုဒ်မ ၇၃ (က ) မှ ၇၃ (င) အထိ ပြဒါန်းထားပါတယ်။ ▪️  ပုဒ်မ ၇၃ (က) အရ  နိုင်ငံတော်သမ္မတ  တစ်စုံတစ်ခုသော အကြောင်းကြောင့်ဖြစ်စေ နိုင်ငံတော် သမ္မတရာထူးနေရာ လစ်လပ်လျှင် ဒုတိယသမ္မတ ဟာ ယာယီသမ္မတအဖြစ် ထမ်းဆောင်ရမည် ။ ...

မဲမသမာမှု ၁၁ သန်းကျော်ရှိသည်ဟူသော ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ စွပ်စွဲချက် မှန်ကန်မှုရှိ/မရှိ သုံးသပ်ကြည့်

၁။ ၂၀၂၀ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ခဲ့သောတတိယအကြိမ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲမသမာမှု ၁၁ သန်းကျော်ရှိကြောင်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်မှ ထုတ်ဖေါ်စွပ်စွဲခဲ့ပါသည်၊ ၂။ ထိုမဲမသမာမှုများကိုဖြေရှင်းပေးရန်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးလှသိန်း၊နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်းဆန်းစုကြည့်တို့ထံ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အနေဖြင့် အကြိမ်ကြိမ်တောင်းဆိုခဲ့ပါသည်၊ ၃။ ထိုကဲ့သို့တောင်းဆိုခဲ့သော်လည်း ထိုမဲမသမာမှုကိုဖြေရှင်းခြင်းမပြုဘဲ တတိယအကြိမ်လွှတ်တော်များကို ခေါ်ယူ၍ နိုင်ငံတော်အာဏာကို အဓ္ဓမနည်းဖြင့်ရယူရန်ကြိုးစားသည်ဟူသောစွပ်စွဲချက်ဖြင့် တတိယအကြိမ် လွှတ်တော်များ စတင် ကျင်းပရန်ခေါ်ယူထားသည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နံနက်အစောပိုင်းတွင် နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးထိမ်းသိမ်းထားပြီး အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ ၂၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး တို့မပါဝင်သော အမျိုးသားကာကွယ်ရေးနှင့်လုံ...