မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးနယ်မြေဒေသများ

၁၉၀၀ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဗြိတိသျှအိန္ဒိယ၏ လက်အောက်ခံဒေသတစ်ခုဖြစ်ခဲ့ပြီး အောက်မြန်မာနိုင်ငံနှင့် အထက်မြန်မာနိုင်ငံဟူ၍ နှစ်ပိုင်းခွဲအုပ်ချုပ်ခဲ့သည်။



အောက်မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ ဧရာဝတီ၊ ပဲခူးနှင့် တနင်္သာရီဒေသများပါဝင်ပြီး မြို့တော်မှာ ရန်ကုန်မြို့ဖြစ်သည်။ အထက်မြန်မာနိုင်ငံတွင် မိတ္ထီလာ၊ မင်းဘူး၊ စစ်ကိုင်း၊ ရှမ်းပြည်မြောက်ပိုင်းနှင့် ရှမ်းပြည်တောင်ပိုင်းတို့ပါဝင်ကာ မြို့တော်မှာ မန္တလေးမြို့ဖြစ်သည်။ 

ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့ကို တောင်တန်းဒေသများဟူ၍လည်းကောင်း၊ ကယားပြည်နယ်ကို ကရင်နီနယ်များဟူ၍လည်းကောင်း၊ ရှမ်းပြည်နယ်ကို ပဒေသရာဇ်ရှမ်းပြည်နယ်ဟူ၍လည်းကောင်း၊ ရခိုင်ပြည်နယ်ကို ရခိုင်တိုင်းဟူ၍လည်းကောင်း သတ်မှတ်အုပ်ချုပ်ခဲ့သည်။



ထို့အပြင် လက်ရှိ မွန်ပြည်နယ်မှ မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်ကိုလည်းကောင်း၊ လက်ရှိ ကရင်ပြည်နယ်တွင် ပါဝင်နေသော နယ်မြေဒေသအချို့ကို ပူးပေါင်း၍ သံလွင်ခရိုင်အဖြစ်လည်းကောင်း၊ လက်ရှိ ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့ကိုလည်းကောင်း စုစည်း၍ တနင်္သာရီတိုင်း အုပ်ချုပ်ရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။

အလားတူ လက်ရှိ ရန်ကုန်တိုင်းရှိ မြောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင် နယ်မြေများသည် ပဲခူးတိုင်းအတွင်းတွင်လည်းကောင်း၊ လက်ရှိ ကချင်ပြည်နယ်မှ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားခရိုင်များမှ နယ်မြေအချို့သည် စစ်ကိုင်းတိုင်းတွင်လည်းကောင်း ပါဝင်ခဲ့သည်။

၁၉၄၀ တွင် မင်းဘူးတိုင်းကို မကွေးတိုင်းအဖြစ် အမည်ပြောင်းခဲ့ပြီး မိတ္ထီလာတိုင်းကို မန္တလေးခရိုင်အောက်သို့ ရွေ့ပြောင်းခဲ့သည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ချင်းတောင်တန်းဒေသကို ရခိုင်ပြည်နယ်မှ ခွဲထုတ်ကာ ချင်းဝိသေသတိုင်းအဖြစ်ဖွဲ့စည်းခဲ့သည်။ စစ်ကိုင်းတိုင်းအတွင်းရှိ ဗန်းမော်ခရိုင်နှင့် မြစ်ကြီးနားဒေသများကို ပေါင်းကာ ကချင်ပြည်နယ်အဖြစ်သို့လည်းကောင်း၊ အမ်းဟတ်၊ သထုံနှင့် တနင်္သာရီတိုင်းမှ တောင်ငူခရိုင်များကို ကရင်ပြည်နယ်အဖြစ်လည်းကောင်း ဖွဲ့စည်းခဲ့သည်။ ကရင်နီပြည်နယ်ကို ပဒေသရာဇ် ရှမ်းပြည်နယ်စုမှ ခွဲထုတ်ခဲ့ပြီး ပဒေသရာဇ် ရှမ်းပြည်နယ်စုနှင့် ဝပြည်နယ်များကို ပေါင်းကာ ရှမ်းပြည်နယ်အဖြစ် ဖွဲ့စည်းခဲ့သည်။




၁၉၅၂ ခုနှစ်တွင် ကရင်နီပြည်နယ်ကို ကယားပြည်နယ်အဖြစ် အမည်ပြောင်းလဲခဲ့သည်။ 


၁၉၆၄ ခုနှစ်တွင် ရန်ကုန်တိုင်းကို ပဲခူးတိုင်းမှ ခွဲထုတ်ခဲ့သည်။


တော်လှန်ရေးကောင်စီ အစိုးရလက်ထက်တွင် ၁၉၆၂ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ နယ်ခြားဒေသအုပ်ချုပ်ရေးဥပဒေအရ တည်ရှိခဲ့သော ရခိုင်တိုင်းရှိ မေယုနယ်ခြားခရိုင်ကို စစ်တွေခရိုင်အောက်တွင် မောင်းတောခရိုင်ခွဲအဖြစ်လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ ကျိုင်းတုံ၊ မိုင်းတုံ၊ တာချီလိတ်၊ ကွမ်းလုံနယ်ခြားခရိုင်များကို ကျိုင်းတုံခရိုင်၊ ကွမ်းလုံခရိုင်များအဖြစ်လည်းကောင်း၊ ကချင်ပြည်နယ်ရှိ အရှေ့ပူတာအိုနယ်ခြားခရိုင်ကို ပူတာအိုခရိုင်အဖြစ်လည်းကောင်း သတ်မှတ်၍ လောခေါင်နယ်ခြားခရိုင်ကို မြစ်ကြီးနားခရိုင်အောက် ထည့်သွင်းခဲ့သည်။

၁၉၇၂ ခုနှစ်တွင် ဟံသာဝတီနှင့် မှော်ဘီခရိုင်တို့ကို ရန်ကုန်တိုင်းလက်အောက်သို့ ရွှေ့ပြောင်းခဲ့သည်။

၁၉၇၄ ခုနှစ် ဦးနေဝင်းလက်ထက်တွင် ချင်းဝိသေသတိုင်းကို ချင်းပြည်နယ်အဖြစ် ပြောင်းလဲခေါ်ဝေါ်ခဲ့ကာ မြို့တော်ကိုလည်း ဖလမ်းမြို့မှ ဟားခါးမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ မွန်ပြည်နယ်ကို တနင်္သာရီတိုင်းမှ ခွဲထုတ်ခဲ့ပြီး၊ မွန်ပြည်နယ်၏ မြို့တော်အဖြစ် မော်လမြိုင်မြို့နှင့် တနင်္သာရီတိုင်း၏ မြို့တော်အဖြစ် ထားဝယ်မြို့များအဖြစ် သတ်မှတ်ခဲ့သည်။ ရခိုင်တိုင်းကိုလည်း ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။

၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်အရ မြစ်ကြီးနားခရိုင်ထဲမှ မိုးညှင်းခရိုင်ကို အသစ်ခွဲထုတ်ဖွဲ့စည်းသည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး တာဝန်ယူပြီးနောက် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အခြေအနေများအရ မြို့၊ ရွာ၊ ရပ်ကွက်များ ပြင်ဆင်ဖွဲ့စည်းမှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ရာတွင် ပြည်ထဲရေး ဝန်ကြီးဌာန၏ ၂၇.၈.၉၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအရ ပဲခူးတိုင်း အနောက်ပိုင်းရှိ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့ကို ပေါင်းစည်း၍ ပဲခူးတိုင်း (အနောက်ပိုင်း) တိုင်းခွဲအဖြစ် ဖွဲ့စည်းခဲ့သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် အမည်ပြောင်းလဲကြောင်း ပြဋ္ဌာန်းထားသည်။[၅] နေပြည်တော်မြို့တော်ပါဝင်သည့် ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းများကို သတ်မှတ်ကြောင်း ပြဋ္ဌာန်းထားသည်။[ 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှာ-

(က) စစ်ကိုင်းတိုင်းဒေသကြီးရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့ကို စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ကို စုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း(ပန်းခမ်း)မြို့နယ် ခြောက်မြို့နယ် တို့ကို ခရိုင် နှစ်ခရိုင်ဖွဲ့ပြီး ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း။
၂၀၁၀ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့တွင် တိုင်းခုနစ်တိုင်းကို တိုင်းဒေသကြီးများအဖြစ် လည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ရုံးစိုက်ရာ မြို့များကို လည်းကောင်း၊ ပြည်ထောင်စုနယ်မြေတွင် ခရိုင်နှင့်မြို့နယ်များကို လည်းကောင်း သတ်မှတ်ကြေညာခဲ့သည်။





Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား