NUG က ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲလို့ .. တချို့ EAO တွေက တော်လှန်ရေးထဲ မပါဝင်သလို

NUG က ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲလို့ .. တချို့ EAO တွေက တော်လှန်ရေးထဲ မပါဝင်သလိုလို NUG ကို တဖက်သပ် အပြစ်တင်နေတယ်။ အဲဒီ EAO တွေက နွေဦးတော်လှန်ရေးထဲ မပါဝင်တာ ခြေ/ဥ မရှိလို့ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ပြတ်သားတဲ့ မူဝါဒ မရှိလို့ပဲ။ ဖက်ဒရယ် ဒီမိုကရေစီ အချောင် ရရင် ယူမယ်။ လက်ငင်းအကျိုးစီးပွါး ဝေစားမျှစား မူဝါဒနဲ့ သွားနေတာ။ ဒါကြောင့် ခြေ/ဥ ရေးလည်း ပါလာစရာ မရှိဘူး။ 

AA ကတော့ ကွန်ဖက်ဒရေးရှင်း ဆိုပြီး ဖက်ဒရယ်က ခွဲထွက်နေတာ။ ဘာရေးရေး ပါလာစရာ မရှိဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ "အခြေခံမူဝါဒ "အပေါ်မှာ ရေးဆွဲရတာ ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ "ချာတာ"မှာ အခြေခံမူဝါဒကို အတိအလင်း ဖော်ပြထားတယ်။ EAO တွေဟာ အခြေခံမူဝါဒကို လက်ခံကြောင်း (ပထမအဆင့် )ဦးစွာ လက်မှတ်ထိုးဖို့ လိုတယ်။ 

"အခြေခံမူ" တောင် လက်မခံပဲ "ဖွဲ့စည်းပုံ " ကို ဘယ်လို ရေးဆွဲမလဲ။ 

နောက်ပြီး EAO ကိုယ်စားလှယ်တွေဟာ (မအလကို ကြောက်လို့ ) NUCC အဖွဲ့ဝင် အဖြစ် မပါရဲတောင်၊ NUCC အစည်းအဝေးတွေမှာ ဆွေးနွေးဖက်အနေနဲ့ ပါဝင်လိုတယ်။ သူတို့ လိုလားချက်ကို ဘယ်လို တင်ပြ - ဆွေးနွေး - ညှိနှိုင်း - သဘောတူကြဖို့ (ဒုတိယအဆင့် ) NUCC အစည်းအဝေးတွေ မှာ တက်ရောက်ဖို့ လိုတယ်။

NUCC အစည်းအဝေးတောင် မတက်ရဲရင် ၊ လိုလားချက်တွေကို ဘယ်သူက ဘယ်လို ညှိနှိုင်းမလဲ
နောက်ပြီး EAO တွေရဲ့ ချို့ယွင်းချက်ကို ဖုံးကွယ်ဖို့၊ ဗမာပြည် ဖွဲ့စည်းရေး ကို ဇောင်းတင်ပြီး အမွှေဇယား ခင်းနေတယ်။ ဗမာပြည်နယ် ဖွဲ့စည်းရေး ဆိုတာ "ဗမာလူထု " တွေ လက်ခံဖို့ လိုတယ်။ မဟုတ်ရင် စကစ အတွက် ထိုးနှက်စရာ အကွက်ဖန်တီး ပေးရာရောက်တယ်။ အီလစ်တွေ ရေးတာကို လူထုက လက်ခံခိုင်းတာ မတရားဘူး။ 

ဗမာပြည်နယ် ဖွဲ့ခိုင်းနေတဲ့ အခြားတရသ အီလစ်တွေ ရဲ့ ဆန္ဒဟာ ရိုးရှင်းသလား မေးခွန်းတွေရှိနေတယ်။ နယ်နိမိတ်ကို စပြောကြည့်၊ ဗမာပြည်နယ် ဖွဲ့ရင် အခြား တိုင်းရင်းသား ပြည်နယ်သစ်တွေ လည်း တောင်းဆိုလာလိမ့်မယ်။ ရှမ်းနီပြည်နယ် ဖွဲ့မလား။ ဝ ပြည်နယ်ကို ရှမ်းတောင် မိုင်းဆတ် ခရိုင် ထည့်မလား။ ရှမ်းမြောက်မှာ ကချင် sub-state ထည့်မလား ပြောကြည့်။

ခြေ/ဥ ရေးပြီး အတည်ပြုလိုက်ပါပြီတဲ့၊ လက်ဝါးရိုက်စား EAO တွေက လက်မခံဘူး ၊ မကျင့်သုံးဘူး ဆိုရင် ... အဲဒီ ကြားဖြတ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ ... FCDCC လို စက္ကူစုတ် ဖြစ်မှာပဲ။ 

ဦးအောင်ထူး တို့က ၂၀၀၈ ထဲက စင်ပေါ်မှာ ၁၄ နှစ် ဖုန်တတ်နေတဲ့ FCDCC ကို စန်းတင် ပြောနေတာ။။ ဘယ် EAO မှ မကျင့်သုံးခဲ့ဘူး။ ဒါနဲ့ ဆင်တူရိုးမှားကြီး ရေးပြီး တခါ ပြန်ပွဲထုတ်တော့ ဘာထူးမှာလဲ။

နောက်ပြီး ဒီကိစ္စကို NUG အပေါ် အပြစ်တင်နေတာ အလွန်အမင်း အဂတိလိုက်တာပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတာ NUG တာဝန်မဟုတ်၊NUCC တာဝန်ဖြစ်တယ်။ CRPH က ရာဘာတံဆိပ်တုံး ဖြစ်တယ်။ NUCC ထဲက EAO ကို မပြောဝံ့ မဆိုဝံတော့၊ NUG ကို မြေနိမ့်ရာ လှံစိုက်တဲ့ သဘောတွေ့ရတယ်။ 

NUCC ရေးတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ချာတာ ( ဗားရှင်း ၂ )မှာ ဖက်ဒရယ်က သွေဖယ်နေတဲ​့ ကွန်ဖက်ဒရေးရှင်း ပုဒ်မတချို့ မြင်တွေ့ရတယ်။ ဒါကို ပြန်သုံးသပ်ဖို့ လိုတယ်။ NUCC လည်း မူဝါဒ ခိုင်မာဖို့ လိုတယ်။
NLD အပေါ် အဆာမကြေတဲ့ စိတ်ဓာတ်အခံဟာ ... ရှိပြီးသား မဟာမိတ် EAO တွေတောင် ယုန်ထင်ကြောင်ထင် ဖြစ်ပြီး ပြိုကွဲသွားမယ်။ မပြိုကွဲတောင် သံသယစိတ်တွေနဲ့ လက်ဝှက် အကွက်တွေ ရှိလာလိမ့်မယ်။ လက်ဝါးရိုက်စား EAO တွေကို ဆွဲဆောင်ချင်လို့ တပွဲထိုး အလုပ်တွေ မလုပ်ကြဖို့လိုတယ်။

EAO တွေဟာ ဖက်ဒရယ်ဒီမိုကရေစီကို တကယ် လိုလားရင် ၊ ဘယ်သူမှ စည်းရုံးစရာ မလိုဘူး။ အခုလို စစ်အာဏာရှင် အားနည်းဆုံး အချိန်မှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ အနိုင်တိုက်ပြီး မြန်မာ့ပြည်သမိုင်းသစ်ကို EAO တွေက ဦးဆောင်ပြီး ရေးထိုးလို့ရတယ်။





Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား