ဗမာပြည်နယ် ဖွဲ့စည်းရေး ဆိုရင် ဟောဒီအချက်တွေကို သတိထားဖို့ လိုတယ်။

ဗမာပြည်နယ် ဖွဲ့စည်းရေး ဆိုရင် ဟောဒီအချက်တွေကို သတိထားဖို့ လိုတယ်။ ▪️ ဗမာလူမျိုးဆိုတာ မရှိဘူး။ မြန်မာလူမျိုးပဲရှိတယ်။ ဗမာဆိုတာ မြန်မာနဲ့ အခြားလူမျိုးတွေပါဝင်နေတဲ့ ကပြား နာမည်သာ ဖြစ်တယ်။ ▪️အင်္ဂလိပ် လက်ထက်မှာ တိုင်း ၈ တိုင်း ရှိတယ်။ ရခိုင်တိုင်း ၊ တနင်္သာရီတိုင်းပဲရှိတယ်။ မွန်ပြည်နယ် မရှိဘူး။ ရခိုင်ပြည်နယ် မရှိဘူး။ ချင်း၊ ကချင်ပြည်နယ် မရှိဘူး။ ရှမ်း မှာ ၃၃ ပြည်နယ်ရှိတယ်။ ကရင်နီ ၅ ပြည်နယ် ရှိတယ်။ ဝပြည်နယ် ရှိတယ်။ ▪️ ပင်လုံ စာချုပ်မှာလည်း ဗမာပြည်နယ် ဖွဲ့ဖို့ မပါဘူး။ ဦးအောင်ဆန်းလည်း ကတိမပေးဘူး။ ရှမ်း ကချင် ချင်း ကရင်နီ စော်ဘွား ဒူဝါးတွေလည်း မတောင်းဆိုဘူး။ ၁၉၄၇ ခြေဥမှာလည်း မပါဘူး။ လွတ်လပ်ရေးရပြီး နောင် ၁၀ နှစ်အကြာ ( မြန်မာက ဖွဲ့ပေးလို့ ရခိုင်၊ ချင်း၊ မွန် ၊ ကချင်၊ ကရင်တွေ ပြည်နယ် အသီးသီးရပြီးမှ ) ရှမ်းစော်ဘွားတွေက အညှောင့်ထောင်တဲ့ ရှမ်းမူသာ ဖြစ်တယ်။ ▪️ပင်လုံစာချုပ် နဲ့ ကတိကဝတ်တွေဟာ လွတ်လပ်တဲ့ ပြည်နယ်အချင်းချင်း ပူးပေါင်းတာ မဟုတ်ဘူး။ ၁၉၃၅ မြန်မာပြည် အက်ဥပဒေ အောက်မှာ အတူတူ ရှိနေတဲ့၊ မြန်မာပြည် ဘုရင်ခံတဦးထဲ ရဲ့ အုပ်ချုပ်မှု ပုံစံ မတူတဲ့၊ ကိုလိုနီနယ်တွေ ဟာ အတူတူ လွတ်လပ်ရေး ယူတာ ဖြစ်တယ်။ ▪️ ပြည်နယ် State ပူးပေါင်းရေး စာချုပ်မဟုတ်ဘူး။ Ministerial Buma လို့ ခေါ်တဲ့ ဒီမိုကရက်တစ် ပြည်မ နဲ့ Frontier Areas လို့ ခေါ်တဲ့ တောင်တန်းနယ်ခြားဒေသ တွေ ပူးတွဲ လွတ်လပ်ရေး ယူတာ ဖြစ်တယ်။ ပြည်မ Ministerial Buma ဆိုတာ ယနေ့ ( ရခိုင်၊ မွန်၊ ကရင်နဲ့ တိုင်း ၇ တိုင်း ) ဖြစ်တယ်။ ▪️ ဗမာပြည်နယ်ဖွဲ့ခိုင်းရင် ရှမ်းနီပြည်နယ်၊ ကိုးကန့်ပြည်နယ်၊ တအောင်းပြည်နယ်၊ ဝပြည်နယ်၊ ပအိုဝ်းပြည်နယ်၊ လားဟူပြည်နယ်၊ ဓနုပြည်နယ်လည်း ဖွဲ့ပေးဖို့ တောင်းဆိုပေးရမယ်။ သဘောတူရမယ်။ ▪️ ဗမာပြည်နယ် ဟာ မြန်မာအများစုနေတဲ့ ဒေသမှန်သမျှ မြန်မာပြည်နယ် ဖြစ်ရမယ် ▪️ဗမာပြည်နယ် ဖွဲ့ခိုင်းတာ တိုင်း ၇ တိုင်းကို တစစီ ဖဲ့ယူပြီး မြန်မာအများစုကို တခြားလူမျိုး ပြည်နယ်တွေထဲ သွတ်သွင်းမယ့် နောက်ကွယ်က အကြံအစည် မရှိပါဘူးလို့ ကတိပြုရမယ် ▪️ ဗမာပြည်နယ် ဖွဲ့ခိုင်းတာ မန်းလေး၊ မကွေး၊ စစ်ကိုင်းတောင်ပိုင်း ကွက်ကွက်လေးပေးပြီး ၊ ရန်ကုန်၊ ဧရာ၊ ပဲခူး၊ တနင်္သာရီ ကို မွန်၊ ကရင်၊ ရခိုင်က ကိတ်မုန့်လှီးသလို ခွဲဝေယူမယ့် နောက်ကွယ်က အကြံအစည် မရှိပါဘူးလို့ ကတိပြုရမယ် ▪️ လူမျိုးနာမည်နဲ့ ပြည်နယ်တွေဖွဲ့တာကို မြန်မာက အားမပေးဘူး။ ဒါပေမယ့် လူမျိုးအသီးသီးက ဆန္ဒရှိရင် ဖွဲ့တာ မတားဘူး။ မိမိ ဘာသာ လူမျိုးစွဲနဲ့ နာမည် တွေ ယူတာ မကန့်ကွက်ဘူး။ ဒါဟာ ကိုယ်ပိုင် ပြဒါန်းခွင့်ပဲ။ ဒါပေမယ့် မြန်မာတို့ရဲ့ ကိုယ်ပိုင် ပြဒါန်းခွင့်ကို ဝင်ရောက် ဖက်တာ လက်မခံဘူး ▪️ မြန်မာတွေရဲ့ မန်းလေး၊ မကွေး၊ စစ်ကိုင်းတောင်ပိုင်း ကို ကျတော့ "ဗမာပြည်နယ် " နာမည်ပေး၊ ရန်ကုန်၊ ဧရာ၊ ပဲခူး၊ တနင်္သာရီ ကို " ဧရာဝတီပြည်နယ်၊ ရန်ကုန်ပြည်နယ်၊ ပဲခူးပြည်နယ်၊ တနင်္သာရီပြည်နယ် " ဆိုတဲ့ ( တိုင်းနာမည်+ ပြည်နယ်) ကပ်ပြီး အောက်ကလိအာ နာမည်ပေးတာ ဘာသဘောလဲ။ ၂ ပိုင်း ခွဲထုတ်ပြီး ကုန်းတွင်းပိုင်းမှာ ဝိုင်းဝန်းပိတ်စို့ အားနည်းအောင် လုပ်မယ့် အကြံအစည်လား သံသယရှိတယ်။ ▪️ နဂိုက အမျိုးသားနိုင်ငံ အဆင့် မဟုတ်တဲ့ မြို့ပြနိုင်ငံငယ်လေးတွေ၊ ရွာသူကြီး ၊ မြို့စား အဆင့် တွေက တဖြည်းဖြည်း ပြည်နယ် တွေ ရယူလာပြီး၊ ဧကရာဇ်နိုင်ငံအဆင့် မြန်မာလူမျိုးတွေက တဖြည်းဖြည်း ဖဲ့ပေးမှ ဖက်ဒရယ် ဖြစ်မှာလား။ ▪️ ၁၉၄၇ ပင်လုံညီလာခံ အပြီးမှာ ချင်း၊ ကချင်၊ ရှမ်း တို့ရဲ့ ညီညွတ်သော တောင်တန်း ဒေသ ဥသျှောင် အဖွဲ့ကြီး Supreme Council of United Hill Peoples (SCOUHP)ကို ကိုယ်စားပြု ဖြေကြားခဲ့တဲ့ ဥက္ကဌကြီး ညောင်ရွှေစော်ဘွားကြီးက သူတိူ့ လိုလားတဲ့ ဖက်ဒရယ် ဆိုတာ အမေရိကန်လို ဖက်ဒရယ် ဖြစ်ပါတယ်တဲ့။ လွတ်လပ်ရေးရပြီး ၁၀ နှစ်မှာ တင်ပြလာတဲ့ ရှမ်းမူ (၈ ပြည်ထောင်)က အမေရိကန်လို ဖက်ဒရယ် မဟုတ်ဘူး။ အမေရိကန် ဖက်ဒရယ် မှာ လူမျိုးနာမည် နဲ့ ပြည်နယ် တွေ မရှိဘူး
▪️ ၁၉၄၇ ပင်လုံစာချုပ် ပုဒ်မ ၇ မှာ ပြည်နယ် နိုင်ငံသားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် ခံစားရသော အခွင့်အရေးများ နှင့် အထူးအခွင့်အရေးများ ရရှိမယ်လို့ သဘောတူထားတယ်။ ဒီတော့ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ဖို့ နယ်မြေသတ်မှတ်ရင် အုပ်ချုပ်သူ အပေါ်လွှာ လူတစု သဘောနဲ့ မရဘူး။ အဲဒီဒေသ နိုင်ငံသားတွေ သဘောဆန္ဒပါရှိရမယ်။




Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား