အခြားတိုင်းရင်းသားတွေ ဂျင်းစားကြတယ်

အခြားတိုင်းရင်းသားတွေ ဂျင်းစားကြတယ်
ပင်လုံစာချုပ် မချုပ်ရင် ကိုယ့်ဘာသာ လွတ်လပ်ရေး ရနိုင်တယ် လို့ ပြောသာနေတယ်။ Independentပေးမယ်လို့ တခါမှ အင်္ဂလိပ် (လေဘာ အစိုးရ) က မပြောဖူးဘူး။ ကြေညာချက်လည်းမထုတ်ဖူးဘူး။ စာချုပ်လည်း မရှိဘူး
အင်္ဂလိပ်စစ်ဗိုလ်တွေ၊ ခရစ်ယန် ဘာသ​ာရေး ဆရာတွေ၊အတိုက်အခံ ကွန်ဆာဗေးတစ် တွေက အာလူးပေးခဲ့တာပဲရှိတယ်။ ကရင်တွေဟာ အဲဒီ အာလူးတွေ ယုံကြည်ပြီး ကော်သူလေးနိုင်ငံ တောင်းခဲ့ပါတယ်။ အင်္ဂလိပ်က မပေးပါဘူး
ဘာကြောင့် မပေးသလဲ ဆိုတော့ မြန်မာပြည်တခုလုံးဟာ အုပ်ချုပ်ရေး စနစ် ပဲ မတူတာ၊ အခြေခံဥပဒေ အတူတူနဲ့ ဘုရင်ခံတယောက်ထဲက အုပ်ချုပ်ခဲ့တာ ထင်ရှားတယ်။

ပင်လုံစာချုပ်ဟာ တောင်တန်းဒေသ Frontier Burma က ပြည်မ Proper Burma နဲ့ ပူးပေါင်းပြီး လွတ်လပ်ရေးယူမလား၊ အင်္ဂလိပ်အောက်နေမလား ရွေးချယ်စရာ ၂ ခုပဲရှိတယ်။
သီးခြားနိုင်ငံ ဆိုတဲ့ တတိယမြောက် ရွေးချယ်ခွင့် မရှိခဲ့ဘူး
ဘာကြောင့်လဲဆိုတော့ ...
ဒေသအားလုံးဟာ မြန်မာပြည်ထဲမှာ ရှိနေလို့ပဲ။ အင်္ဂလိပ်လက်အောက်မှာ နေရင် ဟောင်ကောင်လို ဗြိတိသျှ ဘားမား British Burma ဖြစ်မယ်။ အချိန်တန်ရင် မြန်မာ (Union of Burma ) ထဲ ပြန်လွှဲရမှာပဲ


Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား