ကွန်ဖက်ဒရေးရှင်းဆိုတာ

ကွန်ဖက်ဒရေးရှင်းဆိုတာ ဥရောပသမဂ္ဂလို သီးခြားနိုင်ငံတွေ နေကြတာ။ ရလာတဲ့ အခွန်ဝင်ငွေတွေကို ခွဲဝေ သုံးစွဲတာ မရှိဘူး။ ပြည်ပကျူးကျော်စစ်ဖြစ်ရင်လည်း စစ်အင်အား တတ်နိုင်သလောက် တပ်ရင်း ၃-၄ ရင်းပဲ ကူညီတယ်။
ကွန်ဖက်ဒရိတ်ဖြစ်ရင် နစ်နာမှာ တောင်တန်းဒေသတွေပဲ။ ကွန်ဖက်ဒရိတ်ဖြစ်ရင် မြန်မာ(ဗမာ) ပြည်မက အခွန်ဝင်ငွေတွေကို တောင်တန်းဒေသ ဘက်ဂျက်အတွက် ခွဲပေးစရာ မလိုတော့ဘူး။
တရသတွေက ပြောမယ် သယံဇာတရှိတာပဲလို့။ မေးခွန်းက အဲဒီသယံဇာတ ဘယ်လောက်ကြာကြာ ခံမလဲ။ နှစ်တရာ ခံသလား ။ ရဲတံခွန် ဂတ်စ်တွင်း အနှစ် ၃၀ ပဲခံတယ်။
အဓိကက လူသားအရင်းအမြစ်။ အဲဒီကရလာတဲ့ အခွန်။ ဒါကို မသိတော့ သယံဇာတ နဲ့ ဖျင်ခေါင်းကျယ်နေတယ်။ သယံဇာတ ဆိုလို့ ပြောရဦးမယ်။ မြန်မာအလယ်ပိုင်း ရေနံတွင်းတွေ အကုန်မတူးရသေးတာ သူတို့ မသိဘူး။
အဲဒါဆို ခွဲထွက်ခိုင်းပါလားလို့ ပြောမယ်။ မြန်မာကို ဝန်းပတ်နေတာ တောင်တန်းတွေ ။ ဒီတော ဒီတောင်တွေဟာ မြန်မာအတွက် သဘာဝ တံတိုင်းပဲ။
မြန်မာပြည်အလယ်ပိုင်းဟာ တရုပ် မြစ်ကြီးနား၊ တရုပ် မိုးကုတ်နဲ့ ဘင်္ဂလား စစ်တွေ ကြားညပ်ရင် လုံခြုံမှု မရှိဘူး။ ရုရှက ယူကရိမ်း ကျူးကျော်တာ တောင် ကုလသမဂ္ဂက ဘာမှ မလုပ်နိုင်ဘူး။ ရှမ်း၊ ကချင်နဲ့ ရခိုင် လောက်တော့ စကားထဲတောင် ထည့်မှာ မဟုတ်ဘူး။



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား