ရှမ်းနီတွေ ဖတ်ဖို့

  ရှမ်းနီတွေ ဖတ်ဖို့ (၁/၂)

ရှမ်းနီတယောက်က ပြောတယ်။ SNA စကစနဲ့ ပေါင်းနေတာ ရှမ်းနီပြည်နယ် လိုချင်လို့ပါတဲ့။ မှားလို​က်တာ။ စကစဟာ ရှမ်းနီပြည်နယ် ပေးချင်ရင် လွန်ခဲ့တဲ့ နှစ် ၇၀ ထဲက ပေးပြီးနေပြီ။ အခုလည်း စကစဟာ SNA ကို EAO စာရင်း သွင်းတာ မဟုတ်။ ဆွေးနွေးပွဲလည်း မဖိတ်ခေါ်။ ပြည်သူ့စစ် သာသာ သဘောထားတာ ဖြစ်တယ်။
စကစကလည်း ရှမ်းနီပြည်နယ် ပေးမှာ မဟုတ်၊ NUG ကလည်း မပေးနိုင်ဘူး ၊ သတိထားကြည့်ပါ။ FCDCC မှာ ဝပြည်နယ်ကိုပဲ ပြည်နယ်အသစ် ​ပေးထားတယ် (၂၀၁၆ ပြင်ဆင်ချက်) မှာ ထပ်တိုးထားတာပါ။ အခုလည်း FCDCC ပုံစံကို ဂို​က်လိုင်းပေးနေကြတယ်။ ဝ အပြင် စစ်အင်အားရှိလာတဲ့ တအာင်း၊ ကိုးကန့် လည်း ပြည်နယ်ပါလာလိမ့်မယ်။
ဒါဟာ ဘာကို ပြသလဲဆိုရင် စစ်အင်အားရှိမှ လေးစားခံရတယ်။ စစ်အင်အား မရှိရင် သမိုင်းမှန်ပါစေ အရာမထင်ဘူး။ မြန်မာ(ဗမာ) လည်း အမုန်းခံ ကြားဝင် မပေးသင့်ဘူး။ အချိန်တန်ရင် ကိုကြီး ညီလေး ဖြစ်သွားကြလိမ့်မယ်။ ပဒေသရာဇ် ခေတ် ထုံးတမ်း ဥပဒေအရ သီပေါမင်း လက်ထက်အထိ ဆုံးဖြတ်ရရင် ဝန်းသို၊ သောင်သွပ်၊ မိုးညှင်း ၊ မိုးကောင်းမှာ စော်ဘွား အုပ်ချုပ်ရေးရှိတာ ငြင်းမရဘူး။
May be an image of 1 person, standing and map

အင်္ဂလိပ်ကို ခံချတာ မြောက်ဘက် ရှမ်းနီတွေ ၊ စော်ဘွားတွေ အများအပြား ပါဝင်တယ်။ အနွယ်အားဖြင့် သီပေါမင်းပင်လျှင် ရှမ်းသွေး မကင်းဘူး။ အဝေးကို ကြည့်ရင် အင်းဝ၊ ပင်းယ၊ စစ်ကိုင်းကိုတည်တဲ့ ရှမ်းညီနောင် အဆက်တွေဟာ ရှမ်းကြာ ဗမာဖြစ်ပြီး မိုးညှင်းစလုံ နဲ့ စစ်ဖြစ်ကြပြန်တယ် ။ ရှမ်းမြန်မာကပြားတွေဟာ ဗမာဖြစ်လာတယ်။ ရိုးရာနတ်ကို မေးလို့ ဘိုးဘွားစဉ်ဆက် ရှမ်းနတ်ကို ကိုးရင် ရှမ်းဆက်မကင်းဘူး။ ညောင်ရွှေစော်ဘွား စဝ်စောမောင်က သီပေါမင်း ပါတော်မူတုန်း လုဖို့ ကြံစည်ခဲ့တယ်။
​အဲဒီရှမ်းတွေကို အင်္ဂလိပ်က ၁၉၃၅ မြန်မာပြည်အစိုးရ အက်ဥပဒေမှာ ဇယား ၂ နယ်မြေထဲ ထည့်ပြီး အုပ်ချုပ်တယ်။ ကချင်တွေဟာ ဒုတိယကမ္ဘာစစ်မှာ အင်္ဂလိပ်ဘက်က ကူတိုက်ပေးခဲ့တယ်။ ဒါကြောင့် ကချင်ဟာ အထူးအရေးပေးခံရတယ်။ ကချင်ဟာ ရှမ်းမြောက်မှာ sub-state အလိုရှိခဲ့ပေမယ့် ရှမ်းနီ နယ်တွေကို ကချင်တောင်တန်းဒေသနဲ့ ပေါင်းပြီး ကချင်ပြည်နယ်ဖွဲ့ဖို့ ၊ sub-state မယူဖို့ ရှမ်းစော်ဘွားတွေနဲ့ ကချင်ဒူဝါတွေ သဘောတူခဲ့တယ်။ ဒါပေမယ့် အခြားတရသတွေ ထုံးစံအတိုင်း မြန်မာ( ဗမာ) အောင်ဆန်းကြောင့်လို့ ဖောင်းထုကြတယ်။ ဦးအောင်ဆန်းဟာ အရှေ့မြောက်စီရင်စု ဖွဲ့ဖို့၊ ထပ်တောင်းရင် လက်မခံဘူးလို့ စာတစောင် ရေးခဲ့တယ်။ ပြောရရင် ကချင်ဟာ အင်္ဂလိပ်ရဲ့ ကောင်းချီးပေးခံရတာပါ။

No photo description available.
ကချင်ပြည်နယ်ဖွဲ့ဖို​့ သဘောတူတဲ့ ရှမ်းစော်ဘွားတွေဟာ ရှမ်းပြည်နယ်က ရှမ်းကြီးတွေ ဖြစ်တယ်။ ရှမ်းလေးတွေ မဟုတ်ဘူး ။ ဒီအချက်ဟာ ဟာကွက်တခု ဖြစ်နေတယ်။ ရှမ်းလေးတွေဟာ ရှမ်းနီ ဆိုပြီး ပြည်နယ်လိုချင်ကြတယ်။ ကချင်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးချင်ပါတယ်။ ဒါပေမယ့် SNA ပေါ်လာပြီး ဒေသကာကွယ်ရေး ရည်ရွယ်ချက် နဲ့ လက်နက်ကိုင်လာတယ်။ SNA ရဲ့ ရည်ရွယ်ချက်ဟာ မြင့်မားမှု မရှိတဲ့ အပြင်၊ ဖက်ဒရယ်ဒီမိုကရေစီအပေါ် ကျေညက်မှုလည်း မရှိဘူး။ မြန်မာစစ်တပ်ဆီက မျှော်လင့်နေတာ အမှားဆုံးပဲ။ မြန်မာစစ်တပ်ဟာ ရူးနေလို့ SNA အင်အားကြီးအောင် လုပ်ပေးမှာလား။ KIA ကို နှောက်ယှက်ဖို့ ခိုင်းဖက် သဘော မွေးထားတာ ဖြစ်တယ်။ ကချင်နဲ့ ရှမ်းနီဟာ ပြည်နယ်ခွဲထွက်ဦးတော့ အိမ်နီးချင်းတွေ ဖြစ်တယ်။ မတည့်ပဲ နေလို့မရဘူး။ မိတ်ဘက် ပဠိပက္ခဖြစ်တယ်။ မိတ်ဘက် ပြဿနာကို ဖြေရှင်းဖို့ ရန်သူဆီက အကူအညီ မယူသင့်ဘူး။
ရှမ်းနီတွေ ဖတ်ဖို့ (၂/၂)
ရှမ်းနီအင်အားဟာ ဘယ်မှာ ရှိသလဲ ကို SNA မသိဘူး။ လူမျိုးတမျိူးရဲ့ အင်အား လူမျိုးမှာပဲ ရှိတယ်။ စစ်တပ်တွေဟာ ပြည်သူလူထု ထံ ဝပ်တွားလို့ ပြည်သူက ထောက်ခံလို့ ဖြစ်တည်လာတယ်။ လက်_နက်ကိုင်မိရင် ပြည်သူလူထုက သူတို့ကို လုပ်သမျှ ထောက်ခံခိုင်းတယ်။ ပြည်သူလူထု မကြိုက်ပေမယ့် သူတို့ဟာ နတ်မျက်စိပိုင်ရှင်တွေလို သူတို့ လမ်းစဉ်ကို လိုက်နာခိုင်းတယ်။ အမျိုးမျိုး false hope တွေပေးထားတယ်။ အဲဒီလို စစ်တပ်မျိုးဟာ ငပိန်း ငဖျင်းတွေပဲ စစ်သားလာလုပ်လိမ့်မယ်။ ပညာတတ်လူငယ်တွေ မလာဘူး။
နွေဦးတော်လှန်ရေးမှာ Gen Z တွေကို မဆွဲဆောင်နိုင်တဲ့ SNA ဟာ လမ်းစဉ်မှားနေတာ ပေါ်လွင်တယ်။ မြန်မာလူထု၊ ရှမ်းလူထုသာမက ကမ္ဘာက လက်မခံသူကိုမှ မိတ်ဖက်ဖွဲ့တာ အလွန်တရာ မိုက်မဲတယ်။ SNA အင်အားကို PDF / KIA နဲ့ တိုက်ပြီး ဖြုန်းတီးပစ်သင့်ပါသလား။ SNA ဟာ NUG ဘက် မပါပဲနေနိုင်တယ်။ စကစဘက်မပါပဲ နေနိုင်တယ်။ အနည်းဆုံး တော့ ကြားနေပြီး လူသူစုဆောင်းနိုင်တယ်။ အဲဒီ အခွင့်အရေးဟာ လက်လွတ်သွားတယ်။ တော်လှန်ရေးမှာ ပထမ လိုအပ်ချက်က လူပဲ။ ဒုတိယက လက်_နက်ပဲ။ ချင်းတွေ ကရင်နီတွေဟာ အထာနပ်တယ်။ အဲ့ဒါကြောင့် အင်အား သောင်းချီ ဖြစ်သွားတယ်။ သူတို့ကို NCA ပွဲမှာ မအလ ဗိုလ်ချုပ်တွေက ဘောလုံးတသင်းစာတောင် မရှိတဲ့ EAOလို့ လှောင်ပြောင်ခဲ့ဖူးတယ်။
ဝေ၊ ရှူ၊ ဝူ တရုတ် ရန်ဘက် သုံးပြည်ထောင်ခေတ်မှာ အမတ်ချုပ် ချောင်ချောင်ဟာ ဟန်ဧကရာဇ်ဆီက အာဏာသိမ်းပြီး ဟန်ပြည်ကို ဝေပြည် အဖြစ် ပြောင်းလဲဖို့ လုပ်တယ်။ ဟန်ဧကရာဇ်ရဲ့ ဦးရီးတော် လျှိုပေ့က ထွက်ပြေးပြီး ရှူပြည်ကို အခြေတည်နေဆဲကာလမှာ၊ အင်အားကြီးတဲ့ ချောင်ချောင်ဟာ အင်အား အတန်အတင့်ရှိတဲ့ ဝူနယ်စား စွန်းချွမ်ကို မဟာမိတ် ကမ်းလှမ်းပြီး ၊ အင်အားနည်းတဲ့ လျှိုပေ့ကို ချေမှုန်းဖို့ ကြံစည်တယ်။ ဝူဘုရင်ဘွဲ့ ချီးမြှင့်တယ်။ စွန်းချွမ် က ချောင်ချောင်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး လျှိုပေ့နဲ့ မဟာမိတ်ပြုခဲ့တယ်။ ဘာကြောင့်ပါလဲ။

SNA အနေအထားက ရှေ့တိုး တံပိုး၊ နောက်တိုး လှည်းကျိုး ဖြစ်နေပြီ။ "စကစက ရှမ်းနီ လူမျိုးကို မှတ်ပုံတင်ထုတ်ပေးပြီး ကချင်ကို ခြိမ်းခြောက်မယ်၊ ဆုကြေး ရှမ်းနီ ပြည်နယ်ပေးမယ် " ဆိုတဲ့ ယုံတမ်းစကားတွေကို လုံးဝ ခေါင်းထဲက ထုတ်လိုက်ပါ။ မြန်မာစစ်တပ်ဟာ ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖြစ်နိုင်တဲ့ သရဲ မျိုးကို မမွေးဘူး။ သမိုင်း မသိတဲ့ ငတုံးတွေ မဟုတ်ဘူး။
May be an image of map and text

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား