ဒေါ်အောင်ဆန်းစုကြည် မှန်ပါတယ်။

နိုင်ငံရေးပြသနာကို စစ်ရေးနဲ့ ဖြေရှင်းလို့မရဘူး။  ဒေါ်အောင်ဆန်းစုကြည် မှန်ပါတယ်။ 


စစ်အာဏာသိမ်းတာ နိုင်ငံရေး ပြသနာမဟုတ်။  မအလက ပြည်သူ့အစိုးရကို နိုင်ငံတော်ပုန်ကန် သူပုန်ထတာ ဖြစ်တယ်။  စစ်တပ် နိုင်ငံရေးထဲ ပါတာလည်း နိုင်ငံရေး ပြဿနာ မဟုတ်။ သေနတ်ထောက်ပြီး ဒမြတိုက်ထားတာ ဖြစ်တယ်။ 

စစ်တပ်ဟာ နိုင်ငံရေးထဲ မပါရဘူး။ စစ်တပ်ပါတဲ့ အရေးကိစ္စမှန်သမျှဟာလည်း နိုင်ငံရေး မဟုတ်ဘူး။

ပင်လုံစာချုပ်ရော၊ လွတ်လပ်ရေးစာချုပ်ရော ဖြစ်ပေါ်လာတာ .. ဘယ်မြန်မာစစ်တပ်၊ တိုင်းရင်းသားစစ်တပ်၊ ဗြိတိသျှစစ်တပ် ကိုယ်စားလှယ်မှ မပါဘူး ..

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ပင်လုံညီလာခံ၊ NCA စာချုပ်မှာ  စစ်တပ်တွေ ပါဝင်နေတာ မူဝါဒ အခြေတည်လိုက်ထဲက အမှားကြီး မှားနေတယ်။  သေနတ်ချင်း အင်အားပြိုင် ကစားနေတာ လွဲမှားမှုပဲ

နိုင်ငံရေးပြသနာဆိုတာ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ ပြသနာဖြစ်တယ်။ ဥပမာ ရခိုင်နဲ့ ရိုဟင်ဂျာ ကိစ္စ။ ရိုဟင်ဂျာကို   စစ်ရေးနည်းနဲ့ ဖြေရှင်းတာ ရိုင်းစိုင်းမှု ဖြစ်တယ်။ ဒါကြောင့် ICJ ရောက်တယ်

ဒီနေရာမှာ ပြောတဲ့ "နိုင်ငံရေး" ဆိုတာ "နိုင်ငံခြားရေး " မဟုတ်ဘူး။ နိုင်ငံခြားရေး ဆိုရင် စစ်ရေးနဲ့ ဖြေရှင်းသင့် ဖြေရှင်းရမယ်။ စစ်တပ်ဖွဲ့ထားတာ ပြည်သူကို ကာကွယ်ဖို့ပဲ။ 

စစ်တပ်ဟာ ပြည်သူအကြား ပြသနာ ဖန်တီးဖို့ မဟုတ်။ ပြည်သူကို စဆရက လုပ်ဖို့ မဟုတ်။ ပြည်သူကို အုပ်ချုပ်ဖို့ မဟုတ်။ ဥပဒေပြုဖို့ မဟုတ်။ တရားစီရင်ဖို့ မဟုတ်။ 

 အချုပ်အခြာအာဏာ ၃ ရပ် ဟူသော နိုင်ငံရေးထဲ စစ်တပ် ဝင်ထိုင်ဖို့ အခွင့်မရှိ၊ ဒရဝမ်သည် အိမ်ရှင်မဟုတ်။ အိမ်ထဲ ဝင်ထိုင်ခွင့်မရှိ။ ခြံစောင့်ပဲ ဖြစ်တယ်။ ခြံစောင့်ဟာ ဂိတ်တဲထဲမှာပဲ နေရမယ်။ 

၂၀၀၈ ဟာ ဒမြမှု၊ ၂၀၂၁ အာဏာသိမ်းတာ သူပုန်မှု၊ ဘယ်ဟာမှ နိုင်ငံရေးမဟုတ်။ ဒမြကို ချော့ပြီး အိမ် ပြန်တောင်းတာ၊ သူပုန်ကို ဖနောင့်နဲ့ပေါက်ပြီ အိမ်ပေါ်က ဆင်းခိုင်းတာပဲ ဖြစ်တယ်။ 

နိုင်ငံရေး ဆိုတာ ပြည်သူအချင်းချင်း ၊ ပြည်သူကိုယ်စားလှယ် အချင်းချင်း၊ ပြည်သူနဲ့ ပြည်သူ့ ဆင့်လွှဲအာဏာ တာဝန်ရှိသူအချင်းချင်း ဆွေးနွေး ဆုံးဖြတ် အုပ်ချုပ်ရမယ့် ကိစ္စ ဖြစ်တယ်

ရှင်းအောင် ပြောရရင် 
နိုင်ငံရေးဆိုတာ အချုပ်အခြာအာဏာ ၃ ရပ်ရဲ့ ပိုင်ရှင်အစစ် ဖြစ်တဲ့  ဒေသ အသီးသီး ( ကချင်နဲ့ ရှမ်းနီ၊ ရခိုင်နဲ့ ရုဟင်ဂျာ၊ တအာင်းနဲ့ ကချင်၊ ဝနဲ့ ရှမ်း) က ပြည်သူတွေ၊ ပြည်သူ့ကိုယ်စားပြုသူတွေ ( အကြမ်းမဖက်ပဲ) စားပွဲဝိုင်းထိုင်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းရမှာ ဖြစ်ပြီး၊ 
  
ခြံစောင့် ဝန်ထမ်းသာ ဖြစ်တဲ့ စစ်တပ် စစ်တန်းလျား ပြန်ဖို့ကို (ချော့ပြော၊ ခြောက်ပြော) လို့ မရရင် ၊ စုပေါင်း (အကြမ်းပတမ်း ကန်ကျောက် ဆုံးမ ပြီး အလုပ်ဖြုတ်ပစ်) ရမယ်။ ဒါဟာ အရေးယူရေး ၊ အပြစ်ဒဏ်ပေးရေး သာဖြစ်တယ်။ နိုင်ငံရေး မဟုတ်ဘူး။ 
  
အိမ်ရှင်နဲ့ ခြံစောင့် - လေနဲ့ ဝမ်းကွဲကြဖို့လိုတယ်။ 

စစ်တပ်နဲ့ ပက်သက်သော အရေးမှန်သမျှကို နိုင်ငံရေးလို့ သတ်မှတ်သူတိုင်းဟာ နိုင်ငံရေး အယူအဆ ချွတ်ခြုံကျနေသူများ ဖြစ်တယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား