Posts

Showing posts from 2022

NCA ထိုး အပစ်ရပ် NCA-S EAO များ၏ PPST ဦးဆောင်အဖွဲ့ ၏ ၂ နှစ်တာအတွင်း တွန့်လိမ်ကောက်ကွေးနေသော လမ်းကြောင်း

Image
NCA ထိုး အပစ်ရပ် NCA-S EAO များ၏  PPST  ဦးဆောင်အဖွဲ့ ၏ ၂ နှစ်တာအတွင်း တွန့်လိမ်ကောက်ကွေးနေသော  လမ်းကြောင်း ▪️ NCA အဖွဲ့ဟာ စကစ အာဏာသိမ်းတော့ ဆန့်ကျင်တယ်။ CDM ကို ထောက်ခံကူညီမယ် ဆိုတယ်။ စကစ နဲ့  နိုင်ငံရေး တွေ့ဆုံဆွေးနွေးတာ ရပ်ဆိုင်းမယ် ။ စစ်အာဏာရှင်ချုပ်ငြိမ်းရေး လုပ်ဆောင်မယ် လို့ ကြေညာတယ်။ ▪️ CRPH ကို ၂၀၀၈ ခြေဥ ဖျက်သိမ်းခိုင်းတယ်။ ၂၀၂၀ ပြည်သူ့အာဏာနဲ့ CRPHက ၂၀၀၈ ခြေဥ ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ချာတာ ပြဒါန်းတော့ ကြိုဆိုတယ်။ NUG အစိုးရဖွဲ့တော့ ထောက်ခံတယ်။ နောက်တော့ ..  ဘာလုပ်သလဲ ▪️ မအလက EAO တဖွဲ့ချင်း " မည်သည့် ကန့်သတ်ချက်မှ မထားပဲ လိုလားချက်" ကို မအလကိုယ်တိုင်နဲ့ ဆွေးနွေးပါ ဆိုတော့ ... ငေါက်ကနဲ ထ , သွားပြီး မအလနဲ့ ဓာတ်ပုံတွေတွဲရိုက်၊ နိုင်ငံတကာ ရုပ်ပြအတွက် အဖြည့်ခံ လုပ်ပေးကြတယ်။ ဘာတွေ ရခဲ့သလဲ " ဖွံ့ဖြိုး ရေး ၊ NCA အကြောင်း နဲ့ ဖက်ဒရယ် အကြောင်း " ယေဘုယျ " သဘော အာလူးထိုင်ဖုတ်ပြီး ပြန်လာခဲ့ကြတယ်။  သိပ်မကြာပါဘူး ။ မအလက " လက်ရှိ ၂၀၀၈ ခြေဥ ဟာ ဖက်ဒရယ် ပုံစံ ဖြစ်တယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ တာဝန်ခွဲဝေ အုပ်ချုပ်နေတာ ဖက်ဒရယ်ပဲ။ EAO တွေဟာ စီးပွားရေး လုပ်ရင် လက်နက...

CRPH က ၂၀၀၈ ခြေဥကို ဖျက်သိမ်းပြီးနောက်

Image
▪️မျိုးရန်နောင်သိန်းက " CRPH က ၂၀၀၈ ခြေဥကို ဖျက်သိမ်းပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲရလာဒ် မရှိတော့ ဘူး၊ ဒါကြောင့် CRPH လည်း မရှိတော့ဘူး " လို့ ရူးကြောင်ကြောင် ပြောတယ်။  မျိုးရန်နောင်သိန်း ရဲ့ အမြင်ဟာ အမှောင်ဖုံးနေသလား၊ အမေရိကန် ဥပဒေပြု ဆီးနိတ်နဲ့ ကွန်ကရက် အမတ်တွေရု့ အမြင်က မှားနေသလား ။ အဖြေက NDAA ဥပဒေမှ " CRPH ကို ယနေ့တိုင် တရားဝင် အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားတာ မြင်ရမယ်" ▪️ မျိုးရန်နောင်သိန်းမှ ဒီလို တိမ်သလ္လာဖုံးတာ မဟုတ်ဘူး။ NUCC ထဲက CSO တွေနဲ့ ERO တွေမှာလည်း ဒီလို အမှောင်ဓာတ်ဖုံးနေတယ်။ သူတို့ဟာ နဂိုထဲက NLD ဩဇာကြီးနေတာ မလိုလားတဲ့ သူတွေချည်းပဲ။ ပြည်နယ်တွေမှာ NLD မဲဝင်ပြိုင်တာ မလိုလားခဲ့သူတွေ ဖြစ်တယ်။ သူတို့ဟာ ပြည်သူက လွတ်လပ်စွာ ရွေးချယ်သော ရွေးကောက်ပွဲထက် ၊ သူတို့ တိုင်းရင်းသား အမည်ခံ ပါတီတွေ မဲရရေးသာ ဦးတည်ကြတယ်။ မအလ အာဏာသိမ်းတော့ ပြည်နယ်လူထုကို သစ္စာဖောက်ပြီး မအလနဲ့ ပူးပေါင်းတာ သူတို့ တိုင်းရင်းသား အမည်ခံ ပါတီတွေပဲ ဖြစ်တယ်။ ဒါကို သင်ခန်းစာ မယူကြသေး။ ▪️သမိုင်း သက်သေ ဖျက်သိမ်းလိုက်တဲ့ အခြေခံဥပဒေ တခုအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲ ရလာဒ်ဟာ နောင် အခြေခံဥပဒေအသစ် ရေးပြီးသည...

ပြည်နယ် လူထုကို သစ္စာဖောက်နေသော တိုင်းရင်းသား ပါတီများ

Image
ပြည်နယ် လူထုကို သစ္စာဖောက်နေသော တိုင်းရင်းသား ပါတီများ ▪️ ၂၀၂၁ မတိုင်ခင်က NLD ကို တိုင်းရင်းသား ပါတီထဲက ပြည်နယ်ဝန်ကြီးချုပ် မခန့်ပေးလို့ စိတ်ဆိုးမိတယ်။  ၂၀၂၁ အလွန် စစ်အာဏာသိမ်းမှ NLD ဘာကြောင့် ဒီလိုလုပ်သလဲ နားလည်မိတယ်။ တိုင်းရင်းသား ပါတီတွေဟာ တိုင်းရင်းသား ခေါင်းစီးတပ်ထားတဲ့ စစ်တပ်အလိုတော်ရိ သစ္စာဖောက် လောက်ကောင်တွေနဲ့ ဖွဲ့စည်းထားတာကိုးဗျ။  စစ်တပ်အာဏာသိမ်းတော့ စကစ ဗဟိုကော်မတီထဲ ထိုင်ခုံနေရာယူကြတာ သူတို့ပဲလေ။ မြင်ပြီမလား ▪️ အဲဒီ တိုင်းရင်းသား ပါတီတွေဟာ ၂၀၀၈ ခြေ/ဥဟာ ဗမာလူမျိုးကြီး ဝါဒ လို့ စွပ်စွဲခဲ့ကြတယ်။ ဒါပေမယ့် CRPH က ၂၀၀၈ ခြေဥကို ဖျက်သိမ်းကြောင်း ကြေညာတော့ ၊ ချက်ချင်းပဲ လေသံပြောင်းသွားတယ်။ " ၂၀၀ ခြေဥကို ပြင်သုံးလေး သုံးပါရစေဦး"တဲ့။ သစ္စာဖောက်ပါတီတွေကို မြင်ပြီမလား ဒါကြောင့်ပြောပါတယ်။ " တိုင်းရင်းသား ပါတီ ဆိုတိုင်း တိုင်းရင်းသား ကိုယ်စားမပြု၊ စစ်ဘောမတွေ" လို့ ပြောနေတာ။ NLD လုပ်ရပ်ဟာ  မှန်ကန်ခဲ့တယ်။ CRPH က ပြည်သူလူထု mandate နဲ့ ဖျက်ထားတဲ့ ၂၀၀၈ ခြေ/ဥ ကို ကျားသေ အသက်သွင်းတာ ဟာ  သာမန်လူ ဘောမ ထက်ပို ဆိုးတယ်။ ▪️ မအလ လုပ်မယ့် PR ရွေးကောက်ပွဲ ဆိုတာ တိုင်းရင်းသား တွေအတွက်...

စကစ ရဲ့ စာအရေးအသားကို သတိထားမိကြသလား

Image
   စစ်အစိတ်သား   နေပြည်တော်လာ၊ ကွာရမ်တင်းဝင်၊ ကိုဗစ်ဆေးထိုးပြီး လွှတ်တော်တက်မည့် ဟန်ဆောင်ကာ ၂၀၂၁ ဖေ ၁ ညမှာ ချက်ချင်း အစီအစဉ်ပြောင်းလဲသွားတဲ့ မအလ စစ်တပ်ရဲ့  ရန်သူကို လှည့်စား လျှပ်တပြက် ခြုံခိုတိုက်တဲ့ အကျင့်ကို သတိပြု https://www.facebook.com/elevenbroadcasting/videos/247469403559057/ စကစ ရဲ့ စာအရေးအသားကို သတိထားမိကြသလား ၂၀၀၈ ခြေဥပျက် အရ ဆိုရင် အရေးပေါ်ကာလ (၂) နှစ်ပြီးရင် မြင့်ဆွေရဲ့ ကာလုံကို အာဏာလွှဲပြောင်း ပေးရမယ် ။  ကာလုံက ရွေးကောက်ပွဲ ကျင်းပရမယ်။ ဒါပေမယ့် စကစ ရဲ့ လုပ်ငန်း စဉ် (၅)ရပ် မှာ ကြည့်ပါ။ အရေးပေါ်ကာလ ပြီးနောက်  ▪️ ရွေးကောက်ပွဲ ကျင်းပမှာက ကာလုံလား ... စကစ လား  ▪️ စကစက အာဏာကို ကာလုံကို လွှဲမှာလား ၊ အနိုင်ရပါတီကို လွှဲမှာလား  ဒါကြောင့် ၂၀၂၃ ဖေ ၁ မှာ မအလဟာ စကစကို ဖျက်သိမ်းပြီး မြင့်ဆွေကို အာဏာလွှဲမယ် ဆိုတာ ဖြစ်နိုင်ပါမလား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ် https://www.myawady.net.mm/content/နိုင်ငံတော်စီမံ-အုပ်ချုပ်ရေးကောင်စီ၏-ရှေ့လုပ်ငန်းစဉ်၅ရပ် ၅။ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပ...

တော်လှန်ရေးထဲက အခြားတိုင်းရင်းသား (အစုအဖွဲ့တချို့) ရဲ့ အကြံအစည်။

တော်လှန်ရေးထဲက အခြားတိုင်းရင်းသား (အစုအဖွဲ့တချို့) ရဲ့ အကြံအစည်။   ▪️ နွေဦးတော်လှန်ရေးကြောင့် အခြားတိုင်းရင်းသား (အခတရသ) တွေနဲ့ မြန်မာ (ဗမာ) တွေ ညီညွတ်သွားကြလေသတည်း ဆိုတဲ့ ပြဇာတ်ဆန်ဆန် စကားတွေကို ယုံနေရင် ဒီစာကို ဆက်မဖတ်ပါနဲ့။  ▪️ အမှန်တရား ဟာ ခါးတယ်။  အခတရသတွေဟာ အနှစ် ၇၀ လုံးလုံး ဗမာကို မုန်းနေကြတယ်။ ၁၀၀% တော့ မဟုတ်။ အထူးသဖြင့် ဝေးလံခေါင်သီပြီး ဗမာနဲ့ မနီးစပ်တဲ့ ဒေသ၊ EAO တွေ ရှိတဲ့ ဒေသမှာ ဗမာမုန်းတရား ရှိတယ်။ ဗမာမမုန်းပဲ စစ်တပ်လုပ်သမျှ ဗမာလူမျိုးကြီးဝါဒလို့ ဘယ်စွပ်စွဲမလဲ။ ရှင်းနေတာပဲ။  " ငါတို့ကို ဗမာက ကျွန်ပြုထားတယ်။ ဗမာ့လက်အောက်က လွတ်အောင် အသက်ပေးတိုက်ရမယ်။ ဗမာတွေကို မယုံနဲ့ ။ ဗမာလက်ထဲက ငါတို့ မြေကို ပြန်ယူရမယ် " ဆိုတဲ့ ဘိုးဘစဉ်ဆက် ရိုက်သွင်းထားတဲ့ စိတ်ဓာတ်ကို ၂၀၂၁ မှာ ပြောင်းပြန်လှန်တယ် လို့ ထင်နေသလား။ ဗမာကို သူတိူ့  မယုံ။ ယုံကြည်မှု တိုးတက်လာတဲ့ အခတရသ အချို့ရှိတယ်။ ဒါကိုမငြင်းပါ။ ဒါပေမယ့် လုံးဝ စိတ်ချကြတာတော့ မဟုတ်။ ▪️  မြန်မာတွေဟာ အခြားတရသနေရာမှာ ခဏလောက် ကိုယ်ချင်းစာ ပြီး ဝင်ရောက်ခံစားသင့်တယ်။ ဗမာလူမျိုးကြီးဝါဒ ဆိုပြီး ဗမာ လွှမ်းမိုးမှာ ကြောက်တဲ့ လူတွ...

Burma ကို မြန်မာလို မြန်မာနိုင်ငံလို့ ဘာသာပြန်ရပါတယ်။

Image
ဘားမားအက် (ဗမာနိုင်ငံအရေးအက်ဥပဒေ) လို့ မြန်မာပြန်ဆိုမှုဟာ ဘာသာပြန် အမှားကို သမတကြီး လုပ်မိပြီ။ English လို Burma ကို မြန်မာလို မြန်မာနိုင်ငံ လို့ ဘာသာပြန်ရပါတယ်။ ဟောဒီမှာ အစိုးရထုတ် သက်သေတွေပါ

အမေရိကန် NDAA အက်ဥပဒေ

Image
▪️ အမေရိကန် က NDAA အက်ဥပဒေနဲ့  PDF တွေ EAO တွေကို နည်းပညာနဲ့ လူမသေစေတဲ့ အထောက်ပံ့တွေကို .... (၅) နှစ် ထောက်ပံ့မယ်။  ဒါပေမယ့် ၂၀၀၈ ခြေဥကို ပြင်ရင်၊ စစ်တပ် ၂၅% လွှတ်တော်က ရုတ်သိမ်းရင်၊ ရွေးကောက်ခံ ( အတုအယောင်မဟုတ်) အရပ်သားအစိုးရ အာဏာအပ်ရင် ထောက်ပံ့မှုက ရပ်ဆိုင်းမယ်။  ဒါကို ကြည့်ရင် အမေရိကန်ဟာ မြန်မာပြည်ကို (၁) ဒီမိုကရေစီ ရစေချင်တယ်။ (၂) မြန်မာစစ်တပ်ကို ဖျက်သိမ်းတဲ့အထိ မလိုလားဘူးဆိုတာ တွေ့ရမယ်။ အမေရိကန်ဟာ ဖက်ဒရယ် အရေး အားပေးတယ် ဆိုတာ ပဲရှိတယ်။ ဖက်ဒရယ်ချာတာ/ ဖွဲ့စည်းပုံ/ တပ်မတော် အတွက် ဥပဒေမှာ ပါမလာဘူး။  ဒီမိုကရေစီ ကို ပို ဦးစားပေးတယ်။  ဘာကြောင့် လို့ ထင်သလဲ။ ▪️ အမေရိကန်ဟာ " NUG ၊ EAO ၊ PDF တွေဟာ တစုတစည်းထဲ မရှိဘူး။ EAO တွေနဲ့ LPDF တွေဟာ NUG ကာကွယ်ရေး ဝန်ကြီးဌာနအောက်မှမရှိဘူး။ EAO တွေဟာ ခွဲထွက်ရေး၊ ကွန်ဖက်ဒရေးရှင်းဘက် ယိမ်းနေတယ်။ LPDF တွေဟာ သူတလူ ငါတမင်း နဲ့ ဗမာ EAO ပုံစံ ဖြစ်နေတယ်။ သူတို့ဟာ NUG ကို ဗမာအစိုးရ၊ စင်ပြိုင်အစိုးရ လို့ သဘောထားနေတယ်။"  ဒါကြောင့် အမေရိကန်က ဒီနိုင်ငံကို မပြိုကွဲအောင် " အစားထိုး တာဝန်ယူမယ့် နိုင်ငံအဆင့်တပ်မတော် မရှိသေးဘူး" ဆိုတဲ့ အမြင်ရ...

မျက်ကန်း တစ္ဆေမကြောက်၊ အသံကြောင့် ဖားသေ

ဗမာလူမျိုးကြီးဝါဒ ဆိုက်ဝါးကြောင့်  မိမိ တော်လှန်ရေး  မိမိဖျက်ဆီးနေကြသူများ ( မျက်ကန်း တစ္ဆေမကြောက်၊ အသံကြောင့် ဖားသေ) ▪️အခြားတိုင်းရင်းသားတွေဟာ "ဖက်ဒရယ် ဆိတ်ခေါင်းချိတ်ပြီး ကွန်ဖက်ဒရေးရှင်း "ခွဲထွက်ရေး " ကြံစည်နေတယ် NUG ကို ဖယ်ထုတ်ပြီး သီးခြား နိုင်ငံတွေ ဖွဲ့စည်းမယ်" သတင်းကို  အမေရိကန် အခြေစိုက် Center for Strategic & International Studies (CSIS) "နိုင်ငံတကာ & မဟာဗျူဟာ လေ့လာရေး ဌာန" က  စုံစမ်း ဖော်ထုတ်ထားပါတယ်။ ( ခေတ်သစ် မီဒီယာ ရဲ့ ဘာသာပြန် ဆောင်းပါး 👉 https://www.facebook.com/385165108587508/posts/1675522516218421 / ) ▪️ ကွန်ဖက်ဒရေးရှင်း "ခွဲထွက်ရေး "  ဟာ စကစ ရဲ့ တပ်တွင်းစည်းရုံးရေးအတွက် လက်ညိုးထိုးပြစရာ အကြောင်းပြချက်တခုကို သွယ်ဝိုက် ဖန်တီးပေးနေကြတာ ဖြစ်တယ် ▪️ ၁၉၆၂ တုန်းကလည်း အာဏာစွန့် ရှမ်း စော်ဘွားတွေရဲ့ ၈ ပြည်နယ်မူ / ဗမာပြည်နယ် မဖွဲ့ရင် ခွဲထွက်ခွင့် ပုဒ်မကို သုံးမယ်လို့ ခြိမ်းခြောက်အကြပ်ကိုင်မှုကြောင့် ခြုံထဲက အကွက်ချောင်းနေတဲ့ စစ်တပ်ဟာ တပ်တွင်း/ ပြင် စည်းရုံးပြီး ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေး လို့ အပုပ်ချ သမုတ်ခဲ့ဖူးတယ်။ ( ၈ ပြည်နယ်မူ ဆ...

"မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား"

မြန်မာ အင်္ဂျင်နီယာတွေဟာ စတွေးပြီ ဆိုတာနဲ့ နောက်ဆုံးပေါ် နည်းပညာက စပြီး ငါးကြင်းခေါင်းကိုင်ကြတာပဲ။ ခေတ်ဟောင်းနည်းပညာကို အထင်မကြီးကြဘူး။ ခေတ်ဟောင်းနည်းပညာမှာ အားနည်းချက် ချို့ယွင်းချက်တွေရှိလို့ အဆင့်ဆင့် တိုးတက်အောင် လုပ်ရင်း အဆင့်မြင့်လာတာပါ၊ ဒီနေ့ခေတ်မီပါတယ်ဆိုတဲ့ နည်းပညာဟာ အနာဂတ်မှာ ပြတိုက်ထဲ ပို့ရဦးမှာပဲ၊ ဒါပေမယ့် သတိလစ်ဟင်းနေတဲ့ အချက်တခုက နည်းပညာ ခေတ်မီလေလေ ကိုယ်တိုင် ထုတ်လုပ်ဖို့ ခက်ခဲလေလေ စားရိတ်စက ကြီးမားပဲ။ နည်းပညာ ရှေးကျလေလေ တိကျမှု စွမ်းဆောင်ရည် နည်းပါးလေလေ ထုတ်လုပ်ဖို့ လွယ်ကူလေလေ ကုန်ကျစားရိတ် နည်းလေလေပဲ။ ဥပမာ M4 ကို ပစ်အားနဲ့ စွမ်းဆောင်ရည်ဟာ တူမီးကို ယှဉ်မရတာ လူတိုင်း သိတာပဲ။ ဒါပေမယ့် ငွေတမတ်နဲ့ ငါးကြင်းခေါင်းကိုင်လို့ မရတာ ကန့်သတ်ချက်ပဲ။ ဒီတော့ M4 တလက်ကို သိန်း ၈၀ ပေးဝယ်မလား၊ သယ်ရခက်မယ်၊ ဖမ်းမိရင်လည်း အကုန်မှောက်မယ်၊ ကျည်လည်း ရှားမယ်။ သိန်း ၈၀ နဲ့ ၆ ချက်ပစ် တူမီး ၁၀ လက် ထုတ်နိုင်ရင် ဒေသတွင်း ထုတ်လုပ်နိုင်မယ်၊ ကျည်ပြသနာ ပူစရာမလိုဘူး။ လမ်းမှာ အဖမ်းခံရစရာလည်းမရှိဘူး။ ဒီလို Pros Cons တွေကို ချိန်ခွင်တင်ပြီး စဉ်းစားသင့်တယ်။ တဖန် M4  ဝယ်လိုအားက လျော့ကျလာရင် သိန်း ၂၀ ဝန်းကျင...

NCA နှင့် NUG အကြောင်း နော်စီဖိုးရာစိန်နှင့် မေးမြန်းချက်

Image
NCA နှင့် NUG အကြောင်း နော်စီဖိုးရာစိန်နှင့် မေးမြန်းချက် မေး။ ။ ။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း EAO တချို့ဟာ NCA ကို ဆက်လက်မျှော်လင့်နေကြတုန်းပဲဆိုတာ တွေ့ရတယ်။ ဘာကြောင့်လဲ။ ဖြေ။ ။ NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲက တချို့ဟာ စာချုပ်မပျက်သေးဘူးလို့ ထင်နေကြတယ်။ လက်တွေ့မှာတော့ NCA ဟာ မရှိတော့ဘူး။ ဘာကြောင့် ကျမဒီလို ပြောနိုင်ရတာလဲ။ NCA လက်မှတ်ထိုးတာ မြန်မာစစ်တပ်ရယ်၊ အရပ်သား အစိုးရရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တချို့ရယ်။ မြန်မာစစ်တပ်က NCA ကို စတင်ချိုးဖောက်တာ ဖြစ်တယ်။ စာချုပ် လက်မှတ်အတူတူ ထိုးထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းလိုက်တယ်။ အဲဒီမှာ NCA ငါးပါးမှောက်တာပဲ။  စာချုပ်ကိုင်ပြီး ဘယ်သူနဲ့ စကားပြောညှိနှိုင်းရမလဲ မေးစရာ ရှိလာတယ်။ စစ်တပ်နဲ့လား။ စာချုပ်ပြဌာန်းချက်အရ ညှိနှိုင်းဖို့ဆို (အစိုးရ/စစ်တပ်/EAO) သုံးဖွဲ့စလုံး ပါဖို့ လိုတယ်။ နိုင်ငံရေး ပြဿနာတွေဟာ မြန်မာစစ်တပ်၊ EAO နဲ့ အစိုးရ သုံးပွင့်ဆိုင် ညှိနှိုင်းဖြေရှင်းရမှာဖြစ်တယ်။  တိုင်းပြည်အာဏာကို အင်အားသုံး သိမ်းယူလိုက်တယ်ဆိုကတည်းက မြန်မာစစ်တပ်ဟာ NCA ကို တရားဝင် ချိုးဖောက်လိုက်ပြီးသား ဖြစ်သွားခဲ့ပြီ။  NCA မှာ နိုင...

လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပါ့မလား

Image
 (ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ မွန်းလွဲ ၂းဝဝ နာရီတွင် မြစ်ကြီးနားမြို့သို့ရောက်ရှိသည်။  ဧပြီလ ၂၇ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ ့ချုပ်ရုံးသို့သွားရောက်ပြီး အဖွဲ့ဝင်များ၊ မိဘပြည်သူများကို အမှာစကား ပြောကြားသည်။ ရပ်ခံလိုပါတယ်။ အံတော်ရှင်ဘုရားသို့ သွားရောက်ပြီး စောင့်ကြိုနေကြသည့် လူထုကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေးပါသည်။ ) မေး။ ။ လူမျိုးစုတွေကို ကိုယ်ပိုင်အုပ်ချုပ်ရေး ပေးပါ့မလားဆိုပြီးမှ စိတ်ထဲမှာ သံသယအမျိုးမျိုးနဲ့ ရှိနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တကယ် လို့ ကျနော်တို့ ဒီမိုကရေစီအရေး အောင်မြင်သွားတဲ့အခါကျရင် တောင်ပေါ် တိုင်းရင်းသားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့လား၊ ဒါမှမဟုတ် အဖွဲ့အစည်းတခု အနေနဲ့လုပ်မလား ဆိုတာကို သံသယဖြစ်နေတဲ့ ကျနော်တို့ ပြည်သူလူထုကို နည်းနည်း ရှင်းပြပေးစေလိုပါတယ်။ ဖြေ။ ။ တိုင်းရင်းသားလူမျိုးတွေနဲ့ ပတ်သက်လို့ ကျမတို့ ကြေညာချက် “၉’ ဆိုတာ ထုတ်ထားပါတယ်။ အဲ့ဒီထဲမှာ တော်တော်ပဲ ကျမတို့ အသေးစိတ် ပြောထားပါတယ်။ ဒီမိုကရေစီ အစိုးရတခု တက်လာတဲ့အခါကျရင် ကျမတို့ ပင်လုံလို ညီလာခံကြီး ထပ်ပြီးတော့ခေါ်ရမယ်လို့ ကျမတို့ ယု...

မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များ၏ ရှေ့တန်းစခန်းများမှ တိုက်ရိုက် သတင်းစကားများ

မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များ၏ ရှေ့တန်းစခန်းများမှ တိုက်ရိုက် သတင်းစကားများ By Michael Martin မြန်မာနိုင်ငံ၏ အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) အချို့မှ ကိုယ်စားလှယ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)အဖွဲ့ဝင်များအပြင် အခြားသူများနှင့် တွေ့ဆုံရန် စာရေးသူသည် အိန္ဒိယနိုင်ငံ အိုက်ဇောမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆောက်မြို့များသို့ အောက်တိုဘာလလယ်က သွားရောက်ခဲ့သည်။   တစ်စိတ်တစ်ပိုင်းအားဖြင့် စနစ်တကျ ပြင်ဆင်ထားသော အင်တာဗျူး အများအပြား ပြုလုပ်ခဲ့ပြီးနောက် စာရေးသူသည် ပဋိပက္ခ၏ ပကတိ အခြေအနေများကို ကိုယ်တွေ့ကြားသိခဲ့ရသလို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူများအနေဖြင့် ၎င်းတို့၏ တိုက်ပွဲအောင်နိုင်ရေးအတွက် အမေရိကန်အစိုးရထံမှ မည်သည့်အကူအညီများ ရရှိရန် လိုလားနေသည်ကို သိရှိခွင့်ရရှိခဲ့သည်။ ဤဆောင်းပါးတွင် အဆိုပါ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်များကို အကျဉ်းချုပ်တင်ပြကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အဓိကအခြေအနေများကို ကောက်နုတ် ဆွေးနွေးထားသည်။ အဆိုပါတွေ့ဆုံမှုများအပြီး ရုပ်လုံးပေါ်လာခဲ့သည့် အနေအထားမှာ ဝါရှင်တန်က သိရှိထားသည်နှင့် တစ်နည်းတစ်ဖုံ ကွဲလွဲလျက်ရ...