အရူးတွေ မဟုတ်ဘူး။ အရူးမထကြနဲ့

အရူးတွေ မဟုတ်ဘူး။ အရူးမထကြနဲ့
(၁)
၁၉၈၈ နိုဝင်ဘာမှာ ABSDF ကို ထူထောင်တယ်။
၁၉၈၉ ဧပြီလ ၂၆ ရက်နေ့ မြစ်ကြီးနား NLD ရုံးရှေ့ မိန့်ခွန်းမှာ DASSK က " လနကိုင် လူငယ်တွေဟာ ကျမတို့ နဲ့ လုပ်နည်းလုပ်ဟန် ကွဲပေမယ့် ဒီမိုကရေစီပန်းတိုင် အတူတူ ဖြစ်လို့ ကျမတို့ရဲ့ " ရဲဘော်ရဲဘက်တွေ " ဖြစ်တယ်။ " မဟာမိတ်တွေ " ဖြစ်တယ် " ... လို့ ပြောခဲ့တယ်။
တချိန်က ABSDF ကို အားပေးတဲ့ DASSK က PDF ကို ကန့်ကွက်ရအောင် DASSK က အရူး မဟုတ်ဘူး။
(၂)
၁၉၉၀ မှာ မာနယ်ပလောမှာ DASSK မောင်ဝမ်းကွဲ ဒေါက်တာ စိန်ဝင်းက NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ ကိုဖွဲ့စည်းတယ်။
နယ်စပ်ရောက် NLD အမတ် ၄-၅ ယောက်နဲ့ ဦးတယ်ဒီဘူးရီ ( ကရင်နီအမတ်) ၊ ခွန်မာကိုဘန် ( DOKNUကယန်း အမတ်) ၊ ဒေါက်တာ ဇလှယ်ထန် ( ချင်း CNLD အမတ်) ဦးသာနို့ ( ALD ရခိုင်အမတ် ) တို့ ပါဝင်တယ် ။
DASSK ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခါနီး ၊ ၁၉၉၀ မဲရလာဒ်ကို ဖျက်သိမ်းတော့မှ NCGUBက ၂၀၁၂ ခုနှစ် မှာ တရားဝင်ဖျက်သိမ်းခဲ့တယ်။
တချိန်က NCGUB ကို ထောက်လည်း မထောက်ခံ၊ ကန့်လည်း မကန့်ကွက်တဲ့ DASSK က NUG ကို ကန့်ကွက်ရအောင် DASSK က အရူး မဟုတ်ဘူး။






(၃)
၁၉၉၈ မှာ CRPP ကို DASSK ကိုယ်တိုင် တည်ထောင်ခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ ရဲ့ Mandate နဲ့ CRPP (Committee Representing the People's Parliament ) ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ လို့ ခေါ်တယ်။
( မဲအနိုင်ရ) NLD ၊ ALD၊ MNLD၊ SNLD ၊ ZNC ပါတီ ၅ ခုမှ စုစုပေါင်းပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၈၅ နေရာအနက် ၄၃၃ နေရာ(၈၉)ရာခိုင်နှုန်းကို ကိုယ်စားပြုတယ်။
တချိန်က CRPP ကို ထူထောင်တဲ့ DASSK က CRPH ကို ကန့်ကွက်ရအောင် DASSK က အရူး မဟုတ်ဘူး။


(၄)
၁၉၈၈ မှ ၂၀၁၅ အထိ DASSK ဟာ သာမန်အရပ်သား ဖြစ်တယ်။ စောမောင်ကို နေဝင်းက အာဏာလွှဲခဲ့တယ်။ အာဏာရ စစ်အစိုးရဟာ သာမန်အရပ်သား ဖြစ်တဲ့ DASSK ကို ကြံဖွတ် လွှတ်တော်နဲ့ အစိုးရ ဖွဲ့ပြီးမှ လွှတ်ပေးခဲ့တယ်။
၂၀၁၅ မှ ယနေ့ အထိ DASSK နဲ့ ဦးဝင်းမြင့်ရဲ့ NLD အစိုးရ ဟာ ကုလသမဂ္ဂမှာ တရားဝင် အစိုးရဖြစ်တယ်။ မအလတပ်ဟာ ရာဇသတ်ကြီး ပုဒ်မ ၁၂၁ (ဃ) ကို ဖောက်ဖျက် နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်သူ ဖြစ်တယ်။
မအလတပ်ဟာ DASSK ကို လွှတ်ပေးရအောင် မအလက က အရူး မဟုတ်ဘူး။

(၅)
DASSK ဟာ မြန်မာစစ်တပ် နဲ့ EAO တွေရဲ့ အတိတ်က ကျူးလွန်သမျှ ပြစ်မှု တွေကို သင်ပုန်းချေရေး နဲ့ -- / - ပစ္စုပ္ပန် နဲ့ အနာဂတ်မှာ rule of law ကို လိုက်နာရေး နဲ့ ရင်ကြားစေ့တယ်။
အမေရိကန် လွှတ်တော် ၂ ရပ်စလုံးက NUG ၊ CRPH ၊ PDF နဲ့ EAO တွေကို တရားဝင် အသိအမှတ်ပြုထားတယ်။ NDAA Burma Act မှာ ၅ နှစ်အထိ ထောက်ပံ့ရေး ပြဒါန်းထားတယ်။ မအလ စစ်တပ်ဟာ ကျူးလွန်သမျှ ပြစ်မှုတွေကို တာဝန်ခံ ရမယ်လို့ ကတိပြုထားတယ်။
Rule of law ဖောက်ဖျက်တဲ့ မအလတပ်၊ ရာဇဝတ်ကောင် မအလတပ် ကို အကျော့ကျော့ အလီလီ သင်ပုန်းချေ ပေးရအောင် DASSK က အရူး မဟုတ်ဘူး။


▪️ DASSK ရော မအလ ရော အရူး မဟုတ် ဘူး။ သင်တို့သာ အရူး မထကြနဲ့

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား