အကန့်အသတ်မဲ့ ဥပဒေ (ဝါ) စစ်အာဏာရှင်ဥပဒေ


▪️ သာမန် အခြေအနေ မဟုတ်လို့ အရေးပေါ် ကာလ လို့ သတ်မှတ်တာ ဖြစ်တယ်။ သာမန်အခြေအနေ ဆိုရင် စစ်တပ်က ( သူတို့အဆို) အာဏာထိန်းစရာ မလိုဘူး။ 

▪️ ဥပဒေတခု ရေးတဲ့အခါမှာ စကားလုံးတခုဟာ ဝါကျတခုလုံးရဲ့ ရည်ရွယ်ချက်ကို မဆန့်ကျင်ရဘူး။ ရှေ့ပုဒ်မနဲ့ နောက်ပုဒ်မ ဆီလျော်မှု consistent ရှိရမှာ ဖြစ်တယ်။ တမင်တကာ ထိုးသွင်းထားတဲ့ " သာမန်အားဖြင့် " စာလုံးဟာ ညစ်ထွေးကောက်ကျစ်မှု ဖြစ်တယ်။

▪️ မအလ မတရားဝန်ကြီး သီတာဦးက ဒါကို" မြန်မာစစ်တပ်က    လူလည်လုပ် ထည့်သွင်းထားတာ ဖြစ်တယ်။ ပြည်သူမသိတဲ့ ဥပဒေရဲ့ ဝိဉာဉ် " ဆိုပြီး ဆင်ခြေပေးတယ်။ ဒါဟာ "၂၀၀၈ ဝိဉာဉ်ဟာ (၁) မိစ္ဆာဝိဉာဉ် ဖြစ်နေတာ၊ (၂) ပြည်သူကို ဖုံးကွယ် ရေးသားထားတာ" ကို ဝန်ခံလိုက်တာပဲ ဖြစ်တယ်။

▪️ ပြည်ထောင်စု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ ထိပါး၊ တိုင်းရင်းစည်းလုံ ထိပါး ဆိုတဲ့ အချက်တွေကြောင့် ( သူတို့အဆို) အာဏာထိန်း ရတဲ့ အခြေအနေကို   အရေးပေါ်အခြေအနေ ဖြစ်တယ်လို့ ကြေညာခဲ့တာ မဟုတ်လား .. 
ဒီအချက်တွေဟာ တခု  သာမန်အခြေအနေ မဟုတ်ဘူး

- အရေးပေါ်အခြေနေကို "သာမန်အရေးပေါ် ၊ အထူးစပယ်ရှယ် အရေးပေါ်ရယ်လို့ ၂ မျိုး ၂ စား" ခွဲခြားနေတာဟာ ဥပဒေတခုရဲ့ ယုတ္တိတန်မှုကို အခြေက ဖြိုချပြလိုက်တာပဲ။ ( ခပ်ရိုင်းရိုင်းပြောရရင် သောက်အဓိပ္ပါယ်မရှိဘူး)

▪️ အရေးကြီးဆုံးအချက်ကို ပြောပါမယ်။ မအလတပ်ဟာ ၆ အလီတွေ ရွတ်ပြီး အာဏာကို လုယူထားတာဟာ ... ၂၀၀၈ ခြေဥရဲ့ အတွင်းသရုပ်ကို ပြသနေတယ်။ သီတာဦးပြောတဲ့   ဝိဉာဉ်ကို ပြသနေ
တယ်။

အဲဒါက " ၂၀၀၈ ခြေဥသည်
(၁) မည်သည့်အခြေအနေမဆို
 (၂) နှစ်ကာလအပိုင်းအခြားမရှိ စစ်တပ်က အာဏာသိမ်းထားနိုင်တဲ့ 
အကန့်အသတ်မဲ့ ဥပဒေ (ဝါ) စစ်အာဏာရှင်ဥပဒေဖြစ်တယ် ဆိုတာ ထင်ထင်ရှားရှားပြသလိုက်တာ ဖြစ်တယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား