ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ရေးဦးစီးချုပ် လုပ်မလား

ဒေါ်အောင်ဆန်းစုကြည် ကာကွယ်ရေးဦးစီးချုပ် လုပ်မလား
"   ... အမေစုက  ငြိမ်းချမ်းရေး သမားဟ။ နိုဗယ်ဆုရှင်ဟ၊ ဘယ်လို ဖြစ်ပြီး ကာကွယ်ရေး ဦးစီးချုပ် လုပ်မလဲ ၊ မေးတဲ့ သူ ရူးနေသလားဟ " .. အဲ့သည်လို ပြောကြလိမ့်မယ်။
ကဲ ... ကဲ ... ဟောဒီလို .. အချက်အလက်နဲ့ တချက်ချင်း မေးကြည့်ရအောင်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေတာ မှန်သလား။
ဖြေ။ ။ မှန်ပါတယ်။ 
မေး။ ။ သေချာမှ ဆက်ဖြေနော်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် သမတ ဖြစ်ချင်ကြတယ် ဟုတ်သလား။ ပုဒ်မ ၅၉(စ) ပြင်ဆင်ရေးကို သတိရ။ 
ဖြေ။ ။ မှန်ပါတယ်။ 
မေး။ ။ ဒီမိုကရေစီနိုင်ငံတွေမှာ နိုင်ငံတော် သမတ (သို့) ဝန်ကြီးချုပ် ဟာ စစ်သေနာပတိချုပ် Commander in Chief ဖြစ်တယ် ဆိုတာ သိပါသလား
ဖြေ။ ။ သိပါတယ်။
မေး။ ။ စစ်သေနာပတိချုပ်ဟာ မအလတပ်အခေါ် ကာကွယ်ရေးဦးစီးချုပ် ပဲ ဗျ။
ဖြေ။ ။ ဟာ .. ဒါမျိုး မတွေးမိဘူးဗျ။ အမေစုက ကာချုပ် လုပ်ရမယ်လို့ ဗျာ
မေး။ ။ အေး .. မင်းတို့ဟာ ပါးစပ်က ဒီမိုကရေစီသာ ပြောနေတယ်။ ၂၀၀၈ ခြေဥ ပေတံတခုနဲ့ပဲ တိုင်းတာတတ်တာကိုးကွ
ဖြေ။ ။ အဲ့ .. နေပါဦးဗျ။ ခုနေများ အမေစု ပြန်လွတ်လာရင် ဘာလုပ်မှာလဲ။
မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီကို လေးစားသလား။
ဖြေ။ ။ လုပ်ပြန်ပြီ။ လေးစားတာပေါ့ဗျ
မေး။ ။ ပြည်သူ့ဆန္ဒမဲတွေကို လေးစားသလား
ဖြေ။ ။ လေးစားတာပေါ့ဗျ
မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ယုံကြည်ပါသလား
ဖြေ။ ။ အေးလေ။ ယုံကြည်လို့ မအလ ခိုင်းတာ မလုပ်ပဲ ထောင်အကျခံတာဗျ
မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲ mandate နဲ့ ပြည်ထောင်စုလွှတ်တော် ထူထောင်ပြီး CRPH နဲ့ NUG အစိုးရကို ဖွဲ့တယ်။
ဖြေ။ ။ ဟိုး .. ဆရာ။ ကျနော်သိပြီ။ အမေစုဟာ CRPH နဲ့ NUG ကို မလွဲဧကန် လက်ခံရတော့မှာပေါ့
မေး။ ။ CRPH က ဒေါ်အောင်ဆန်းစုကြည်ကို သမတ / ဝန်ကြီးချုပ် ရာထူး ခန့်အပ်ရင် ငြင်းခွင့်ရှိသလား
ဖြေ။ ။ အဲ့ .. 
မေး။ ။ မင်းတို့ဟာ ဒီမိုကရေစီ ကိုသာ အော်ဟစ်နေကြတယ်။ ဘူမသိ ကိုးမသိတွေပါလား .. ဟေ။ ဒီမိုကရေစီဟာ အောက်က အပေါ်ကို ခိုင်းတာကွ။
ဖြေ။ ။ အဲဒါဆို အမေစုက ပြည်သူ ခိုင်းတာ လုပ်ရမှာပေါ့
မေး။ ။ ဒါအမှန်ပဲ။ 
ဖြေ။ ။ အမေစုက ငြိမ်းချမ်းရေးသမားလေ။ ကာချုပ် လုပ်ပါ့မလား
မေး။ ။ ကာချုပ်မလုပ်ချင်ရင် သမတ/ ဝန်ကြီးချုပ် မလုပ်နဲ့။ 
ဖြေ။ ။ အမေစုက သူတော်စင်လေ စစ်ရေးကိစ္စ သူမလုပ်ချင်ဘူး။
မေး။ ။ အစိုးရတရပ်မှာ စစ်တပ် ရှိတယ် ။ စစ်တပ်ရှိရင် စစ်ရေးရှိတယ်။ စစ်သုံး ဘက်ဂျက် ရှာရတယ်။ ခွင့်ပြုရ တယ်။ စစ်ကြေညာရတယ်။ စစ်ရေး ပေါ်လစီ ချမှတ်ရတယ်။ စစ်ကြေညာရင် ၁၈ နှစ်ပြည့်သူတိုင်း စစ်တိုက်ရတယ်။ နိုင်ငံနဲ့ ပြည်သူကို ကာကွယ်ဖို့ စစ်ရေးကိစ္စ ကို မလုပ်ချင်ရင် အစိုးရ အဖွဲ့ထဲ မလာနဲ့။ ရော့ .. ပုတီး ၊ ယောဂီ ဝတ်နေလိုက်။
ဖြေ။ ။ အမေစုက ခေါင်းဆောင်ဗျ
မေး။ ။ ခေါင်းဆောင်ဆိုရင် ရော့ . ကျည်ကာ အင်္ကျီ   ။ PDF စစ်ရေးပြ အခမ်းအနားရှိတယ်။ ကျမကို ပြည်သူက အသုံးချကြပါ လို့ ဒေါ်အောင်ဆန်းစုကြည် ပြောဖူးတယ် မ
လား



===============

▪️

" ပြည်သူလူထုဟာ မိမိလိုချင်တဲ့ ခေါင်းဆောင်တွေကို (၁) ဖော်ထုတ်ရမယ် (၂) ပုံသွင်းရမယ် " ... လို့ DASSK က ပြောခဲ့တယ်။
ပုံသွင်းမှုနဲ့ ပက်သက်ပြီး DASSK က ဆက်ပြောတယ်။ " ပြည်သူက ခေါင်းဆောင်ကို ပုံမသွင်းရင်၊ ခေါင်းဆောင်က ပြည်သူကို ပုံသွင်းလိမ့်မယ် " ... တဲ့
အဲဒီလို ဖြစ်ရင် အကျိုးဆက်က " အာဏာရှင်စနစ်" ဖြစ်သွားပါလိမ့်မယ်" လို့ ပြောခဲ့တယ်။
၁၉၈၈ ဒီဇင်ဘာ ၁၅ မော်လမြိုင်မှာ ပြောခဲ့တာပါ။
သူ ဖြစ်စေချင်က ပြည်သူလူထုဖြစ်စေ NLD ပါတီဖြစ်စေ သူ့ကို ပုံသွင်းတာက်ု လိုလားတယ်။
ဖြစ်နေတာက လူအများစုက သူတို့ကို ပုံသွင်းတာ ခံချင်ကြတယ်။

▪️ 

နိုင်ငံရေး သမား ဆိုသူတွေ ပါးစပ်က ပုစ္ဆာတွက်ဖို့ " ပေးထားချက်" ကို တတွင်တွင်ပြောလေ့ရှိတယ်
ပေးထားချက် (၁) ။ မြန်မာစစ်တပ်
ပေးထားချက် (၂)။ ။ တိုင်းရင်းသားလက်နက်ကိုင်များ
ပေးထားချက် (၃)။ ။ တရုပ် အိန္ဒိယ ထိုင်း အာဆီယံ
ဆိုပြီး တွက်ချက်လေ့ရှိတယ်။
အဲဒီ နိုင်ငံရေးသမားယောင်တွေဟာ အရေးကြီးဆုံး ကို လျှစ်လျှုပြု ထား၊ သင်္ချာမှာ ဆိုရင် assumed zreo ထားတွက်ချက်တဲ့
ပေးထားချက် (၄) ဆိုတာ ရှိတယ်။
အဲဒါ "ပြည်သူလူထု " ပဲ။
လက်နက်ကိုင်မှ လူရာဝင်တဲ့ ခေတ်မှာ people power ကို DASSK က လွဲလို့ ဘယ်နိုင်ငံရေးသမားမှ အလေးမထားဘူး။ " ပြည်သူ ပြည်သူ "ဆိုပြီး ပါးစပ်က လျှာမရိုးမရှိ ပြောကြတာာပဲရှိတယ်။
People ကို Power ရှိအောင် ဘာလုပ်ကြမလဲ ဆိုတဲ့ အထိ မတွေးကြ။ ပေးထားချက် ၁၊၂၊ ၃ နဲ့ ချာလပတ်လည်နေတယ်။

▪️ 
DASSK ရဲ့ နိုင်ငံရေး သမိုင်းကို ကြည့်ရင်
ပြည်သူလူထုက စင်ထိုးပေးတာ ၁၉၈၈ မှာ တခါထဲ ပါ။ ကျန်တဲ့ အကြိမ်တွေမှာ အခြားပေးထားချက် ၁,၂,၃ က ထိုးပေးတဲ့ စင်ပေါ် တက် ကရတယ်။
(အမြဲတမ်းလိုလို အများအားဖြင့် အကျဉ်းချခံထားရတဲ့အတွက်) ဒီအမျိုးသမီးတယောက်ဟာ သူ့ဘာသာ စင် တခု မတည်ဆောက်နိုင်ဘူး။
သူ့ပါတီကလည်း မတည်ဆောက်တတ်ဘူး။ သူလွတ် လာတဲ့အထိ ရုံးခန်း ဖုန်သုတ်၊ ကြေညာချက်ထုတ်ဖို့ပဲ လုပ်တတ်တယ်။






DASSK က ဘာပြောမလဲ ဆိုတာ ထက်
DASSK ကို ဘာပြောအောင် ငါတို့ လုပ်ကြမလဲ ဆိုတာက
နွေဦးတော်လှန်ရေးမှာ ပြည်သူထူထု ၊ NLD ၊ ပြည်သူ့ လွှတ်တော် CRPH NUG အစိုးရ နဲ့ PDF LDF တိုင်းရင်းသားလက်နက်ကိုင်တွေ
အပေါ်မှာပဲ မူတည်တယ်။








Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား