ဗိုလ်နဂါးဝါဒ

 ဗိုလ်နဂါးက ဘာမှားသလဲ

သူပြောနေတာက ငွေကြေးဆိုင်ရာ အချက်အလက်တွေပဲ ဖြစ်တယ်။ တကယ့်ကို အကြီးကြီး သူမှားနေတာ မူဝါဒ အချက်အလက်တွေ ဖြစ်တယ်
(၁) ဖက်ဒရယ်ဒီမိုကရေစီ ချာတာ အပိုင်း ၂ ပုဒ်မ ၅ လက်နက်ကိုင်တပ်သည် အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲ့မှုအောက် ရှိရမယ် ဆိုတာ ချိုးဖောက်တယ်

(၂) ဗိုလ်ချုပ်အောင်ဆန်းက စစ်သားသည် နိုင်ငံရေး အုပ်ချုပ်ရေးတွင် မပါဝင်ရလို့ ညွန်ကြားချက်ကို ချိုးဖောက်တယ်။


နိုင်ငံစည်းလုံးညီညွတ်ဖို့ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပါတီလုပ်ငန်းတွေမှာ တပ်မတော်နဲ့ တပ်မတော်သားတွေ မပါဝင်ကြဖို့ ဗိုလ်ချုပ်အောင်ဆန်းက စည်းကမ်းချမှတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြောလိုက် ပါတယ်။

“ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ စွက်ဖက်ခြင်း ပြုလိမ့်မည်မဟုတ် ဗမာလွတ်လပ်ရေးတပ်မတော်ဗိုလ်များနဲ့ တပ်သားများသည် ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စများနှင့် စပ်လျဉ်းပြီး ပါဝင်စွက်ဖက်ခြင်း အလျဉ်းမရှိစေရ။ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေးကို ရည်ရွယ်ပြီး ဆောင်ရန် ရှောင်ရန်ကိုလည်း လမ်းညွှန်ခဲ့ကြောင်း နိုင်ငံရေး ဂန္တဝင်စာအုပ်မှာ လေ့လာတွေ့ရှိရပါတယ်။”

နေပြည်တော်၊  သပြေကုန်းအဝိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း ၁၀၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စိုက်ထူခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုဖွင့်ပွဲ အခမ်းအနားမှာ သမ္မတက  
ပြောခဲ့ပါတယ်။

ပုဗ္ဗသီရီမဲဆန္ဒနယ်မှ ဦးရည်မွန် (ယခု NUG ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး) နိုင်ငံရေးမှာ တပ်မတော်ပါဝင်မှု့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး လွှတ်တော်မှာဆွေးနွေးခဲ့စဥ်က ...


"ဗမာ့တပ်မတော်ရဲ့ဖခင် BIA စစ်သေနာပတိ ဗိုလ်ချုပ် ဗိုလ်တေဇက ၁၃၀၄ ခု နယုန်လဆုတ် (၈)ရက်နဲ့ ရက်စွဲနဲ့ အမိန့်တစ်ခု ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အုပ်ချုပ်ရေး နိုင်ငံရေးနဲ့ ပတ်သက်၍ အလျဉ်းစွပ်ဖက်ခြင်း ပြုလိမ့်မည်မဟုတ်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဗိုလ်များနှင့် တပ်သားများသည် ပါတီနိုင်ငံရေး အုပ်ချုပ်ရေးကိစ္စများနှင့် ပတ်သက်၍ ပါဝင်စွက်ဖက်ခြင်း အလျဉ်းမရှိစေရ။ ပါဝင်စွက်ဖက်သော တပ်သားနှင့် တပ်ဗိုလ်အား ကြပ်တည်းစွာ အပြစ်ပေးလိမ့်မည်ဖြစ်ကြောင်း ဒါဟာ မူလမြန်မာ့တပ်မတော်ရဲ့ နိုင်ငံရေးဆိုင်ရာ မူဝါဒဖြစ်ပါတယ်။ ဒီမူဝါဒ ဘာကြောင့်ထားရှိရတာလဲ။ စံကိုက်တပ်မတော် ဆိုတာ ဘယ်တော့မှ နိုင်ငံရေးအုပ်ချုပ်ရေးမှာ ပါဝင်ပတ်သက်လေ့ မရှိပါဘူး။ ဒါကြောင့်လည်း ဂျပန်မှာ စစ်ပညာသင်တွေက ရဲဘော်သုံးကျိပ်ဝင် သခင်ထွန်းအုပ်ကို စစ်ပြီးတဲ့အခါ အုပ်ချုပ်ရေးတာဝန်ယူနိုင်ဖို့ သူ့ကို စစ်ပညာမသင်စေဘဲ အုပ်ချုပ်ရေးပညာ သီးသန့် သင်ယူစေခဲ့တာတွေကို တွေ့နိုင်ပါတယ်။ တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်သည်ပင်လျှင် အရပ်သားနိုင်ငံရေးတာဝန် ဦးဆောင်မှုပေးဖို့ လိုအပ်လာတဲ့အချိန်မှာ သူကိုယ်တိုင် စစ်သေနာပတိရာထူးကို စွန့်လွှတ်သွားခဲ့တဲ့ ရှေ့သွားနမူနာလည်း ရှိပါတယ်။ " ပြောခဲ့ပါတယ်။

(၃) ဗိုလ်နဂါး ဝါဒဟာ ပဒေသသရာဇ် စစ်အာဏာရှင်ဝါဒပဲ ဖြစ်တယ်။
ဗိုလ်နဂါးဝါဒ ဆိုတာ ပဒေသရာဇ် စစ်အာဏာရှင်ဝါဒပဲ ဖြစ်တယ်။ အာဏာရှင်ကောင်းရင် တော်လှန်စရာမလို။ လက်နက်ကိုင် အာဏာရှင်ကို လက်ခံသည့် ဝါဒဖြစ်တယ်။
ဗိုလ်နဂါးဝါဒ ဆိုတာ ဖက်ဒရယ် တပ်မတော်ကို မြို့နယ်တခုစီက ပုဂ္ဂလ ကိုယ်ပိုင်တပ်များနဲ့ ဖက်ဒရယ် ပုံစံ ဖွဲ့စည်းရန် ဖြစ်တယ်။
တသွေးတသံတမိန့် အမိန့်ပေးစနစ် ပျက်ပြားပြီး သူတလူ ငါတမင်း လက်နက်ကိုင်နယ်စားကြီးများက အုပ်စိုးမည့် စနစ်ဖြစ်တယ်။
ဗိုလ်နဂါးဝါဒဆိုတာ မအလစကစ(တစု)ကို ပဲ တော်လှန်နေတာ ဖြစ်တယ်။ စစ်အာဏာရှင်( စနစ်) ကို တော်လှန်နေတာ မဟုတ်ဘူး။
သူ့ရဲ့ ဝါဒက -
🔷 ပထမ ဗီဒီယို ကို ၂၀၂၁ နှစ်လယ်က စစ်သင်တန်းဆင်းပွဲတခုမှာ ပြောတာာဖြစ်စ်တယ်။ စကစ အပြင် သူ့စိုးမိုးနယ်မြေထဲမှာ နောက်ထပ် ရန်သူ တစုရှိ နေသလိုလို နားလည်မိတယ်။
▪️ လက်နက်ကိုင် အာဏာရှင်ပဲ ဖြစ်ပလေးစေ့ အဂတိလိုက်စား ပြီး အုပ်ချုပ်ရေး ညံ့ဖျင်းလို့ တော်လှန်ရတာ ဖြစ်တယ်။ အာဏာရှင် ကောင်းရင် မတော်လှန်ဘူး
▪️ တဖန် စကစ က ရန်သူ အစစ် မဟုတ် ဘူး။ ရန်သူအစစ်က အဓမ္မဝါဒီများ ( ပုလဲနယ်ထဲမှာ ပုဂ္ဂလရန်သူ ရှိနေဟန်တူ) ကို တော်လှန်ရမယ်။
-----
🔷 ဒုတိယ ဗီဒီယိုကို "အားယူ ထပျံ အောက်ချင်း အားမာန်" ဖက်ဒရယ် ဆွေးနွေးခန်းမှာ ကိုနေမျိုးဇင် အမေးကို ဖြေကြာတာ ဖြစ်တယ်။
▪️အမည်မျိုးစုံနဲ့ EAO တွေ LPDF တွေကို NUGက အသိအမှတ်ပြုပြီး ပြည်ထောင်စုအဆင့် နေရာပေးရမယ်။
▪️စကစ ရဲ့ဗဟိုချုပ်ကိုင်မှုလိုမျိုး မဖြစ်စေရ။
▪️ NUG မပေါ်ခင်ထဲက LDF တွေက မိမိကျေးရွာ လွတ်မြောက်ရေးကို တော်လှန်တာ ဖြစ်တယ်။ NUG ကြောင့် တော်လှန်တာ မဟုတ်ဘူး။ ဒါကြောင့် NUG အစိုးရ လက်အောက်မှာ မဝင်ဘူး။
▪️ LDF တွေက NUG ကို မိတ်ဖက်အဖြစ် ဆက်ဆံမယ်။ NUG က LDF တွေကို ဗမာ EAO များအဖြစ် အသိအမှတ်ပြုပေးရမယ်
( ▪️၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့အာဏာ အပ်နှင်းခံရတဲ့ မြို့နယ် ပြည်သူ့ကိုယ်စားပြုတွေ၊ ကျေးရွာ ရွေးကောက်ခံ အုပ်ချုပ်ရေးမှူးတွေ ကလည်း မအုပ်ချုပ်ရဘူး
▪️ဒေသ အုပ်ချုပ်ရေး အာဏာကို လနကိုင် LPDF တွေ လက်ထဲ ပေးရမယ်။ -- လို့ အဓိပ္ပါယ် ဆောင်ပါတယ်။ )
-----
🔷 တတိယ ဗီဒိုယိုဟာ ၂၀၂၃ ဩဂုတ်လ ၂၅ ရက်နေ့ live လွှင့်တာ ဖြစ်တယ်။
▪️ သက်ဦးဆံပိုင် ပဒေသရာဇ် က သံလျက်စွဲကိုင်ပြီး တဦးထဲ အာဏာရှင် လုပ်ပစေဦးတော့ ပြည်သူတွေကို ကောင်မွန်စွာ အုပ်ချုပ်ရင် မတော်လှန်ရဘူး
▪️ မအလစစ်တပ်တွင် ဗိုလ်ချုပ်များသာ လူဆိုးဖြစ်တယ်။ စစ်သား အများစုက အမျိုးဘာသာသနာအတွက် လုပ်နေတာ ဖြစ်တယ်။
▪️ ဗိုလ်ချုပ်များက အမျိုးဘာသာသနာ အကြောင်းပြကာ လိမ်လည်စေခိုင်းလို့ စစ်သားများက ပြည်သူကို thတ်ဖြတ် နေတာဖြစ်တယ်။
▪️ ဒီတော်လှန်ရေးမှာ ဗိုလ်ချုပ်များကိုသာ အရေးယူရမယ်။ စစ်သားများကို ကာာကွယ်ရေးတာဝန် ပြန်ပေးရမယ်။
တတိယ ဗီဒိုယိုမှာ သူရဲ့ ဝါဒနဲ့ လုပ်ငန်းစဉ်ဟာ ပိုမို ထင်ရှားလာပါတယ်။
သဘောတရားရေးရာ မှာ အာဏာရှင်စနစ်ကို ရန်ငါ မပြတ်ဘူးဆိုတာ သက်သေပြနေပါတယ်။
တော်လှန်ရေးမှာ နိုင်ငံရေး အသိတရား ရှိရမယ်။ အသိတရားဟာ မှန်ကန် ဖို့ လိုအပ်တယ်။ မှားယွင်းတဲ့ နိုင်ငံရေး အသိတရားဟာ တလရကို ပျက်ဆီးစေတယ်။
ဗိုလ်နဂါးပြောသည့် ပုံစံဆိုရင် ကရင်မှာ KNLA, KTLA, DKBA၊ PC, 4 ခု ... နယ်မြေခွဲပေးရမည်။ ဒီပုံစံဟာ အထူးဒေသယူမည့် လမ်းကြောင်းဖြစ်တယ်။ ဖက်ဒရယ် ပုံစံ မဟုတ်ပေ။
▪️ ဒေါ်အောင်ဆန်းစုကြည် အစိုးရတုန်းက ပြောခဲ့တဲ့ " ဒီမိုကရေစီ ဖက်ဒရယ် " မှသည် ၊
▪️ ၂၀၂၁ နွေဦး အစ ၂၂၂၂၂ ဆန္ဒပြမှုကြီး နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ် မှာ "ဖက်ဒရယ် ဒီမိုကရေစီ " ၊
▪️ ထိုမှ ယခု ၂၀၂၃ မှာ ဒီမိုကရေစီကိုတောင် ထည့်မပြောတော့ပဲ "ဖက်ဒရယ်" ချည်း ထိုင်ပြောနေကြတာ သတိပြုကြဖို့လိုတယ်။
ဒါဟာ မူဝါဒ ဖောက်လွဲဖောက်ပြန် ဖြစ်လာတဲ့ သဘောကို ပြသနေတယ်။ အခြားတိုင်းရင်းသား လနက အဖွဲ့တွေဟာ ရလေ လို လေ အိုတစ္ဆေ ဖြစ်လာကြပါပြီ
" ဖက်ဒရယ် ဖြစ်ရင် ဒီမိုကရေစီ ကျွဲကူး ရေပါ အလိုလို ဖြစ်လာမယ် "ဆိုပြီး EAO တွေ CSO တွေက ဂျင်းထည့်ခဲ့ကြတာ တလွဲတချော် ဖြစ်နေတာ မျက်းဝါးထင်ထင် မြင်ကြရပြီ။ EAO တွေရဲ့ အတုယူကို ယူပြီး လက်နက်ကိုင် နယ်စားကြီးတွေ အဖြစ် နေရာယူလာကြတော့မယ်။
တော်လှန်ရေးအစမှာ ပွဲပြီးရင် ရွာပြန်ပြီး ကြက်သွန်စိုက် ပဲစိုက်မယ် ဆိုသူတွေဟာ EAO စတိုင် တပါတီအာဏာရှင် အဖြစ် " ပြည်ထောင်စုအဆင့် နေရာ / ဒေသတွင်း လက်နက်ကိုင် ကိုယ်ပိုင်အုပ်ချုပ်ရေး/ အာဏာရှင်ကောင်း ဝါဒ "ကို စတင် ဖျာခင်းနေကြပါပြီ။
ဖက်ဒရယ် ဒီမိုကရေစီ ပဋိဉာဉ်မှာ လက်နက်ကိုင် တပ်တွေဟာ ( ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့) အရပ်သားအစိုးရ လက်အောက်မှာ အမှုထမ်းရမည် လို့ အတိအလင်း ပြဒါန်းထားပါတယ်။ စစ်တပ်ဟာ နိုင်ငံရေးထဲ ဝင်ရောက်နေလို့ တော်လှန်ပါတယ် ဆိုသူတွေက သေနတ်ခါးချိတ်ပြီး နိုင်ငံရေးထဲ မှာ အုပ်ချုပ်ရေးထဲမှာ ဗိုလ်ကျနေကြတာ အင်မတန်မှ လွဲမှားမှုကြီးပါ။
ဒါ့အပြင် အာဏာနိုင်ငံရေးနဲ့ စစ်ရေးကို လိုင်းပူးလို့မရပါဘူး။ အာဏာနိုင်ငံရေးဟာ ပြည်သူနဲ့ ပြည်သူ့ကိုယ်စားပြုသူတွေရဲ့ ကဏ္ဍ ဖြစ်ပါတယ်။ ကာကွယ်ရေးဟာ ပြည်သူ့ဝန်ထမ်း တွေရဲ့ ကဏ္ဍ ဖြစ်ပါတယ်။ စစ်ဝန်ထမ်းတွေမှာ နိုင်ငံရေးကို သိနားလည်ရန် လိုအပ်ပေမယ့် ဦးဆောင်ရန် (လုံးဝ)လုံးဝ မလိုအပ်ပါ။ ခြံစောင့်ဟာ လုံခြုံရေးဆိုင်ရာ အိမ်အကြောင်း သိရန် လိုပေမယ့် "အိမ်ရှင် တွေ မဟုတ်တာ "အမြဲ သတိချပ်ရပါမယ်။
ဖက်ဒရယ်စနစ်သည် ပြည်နယ် များအတွင်း ပြည်နယ်သူအချင်းချင်းရဲ့ အာဏာခွဲဝေ ကျင့်သုံးမှုဖြစ်တယ်။ ပြည်သူဆိုသည်မှာ အများစုသော ပြည်သူလူထုကို ဆိုလိုတယ်။ တဦး တယောက် တစုကို ပြည်သူလူထုလို့ မသတ်မှတ်နိုင်၊ နိုင်ငံသားတွေပဲ ဖြစ်တယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်များ အကြား အုပ်ချုပ်ရေး အာဏာ ခွဲဝေရပါမယ်။
ဒါပေမယ့် "စစ်တပ်အတွင်း အာဏာခွဲဝေရမည် " ဆိုသော ဗိုလ်နဂါးရဲ့အတွေးအခေါ်ဟာ လွဲမှားနေပါတယ်။ PDF တပ်မတော်ရဲ့ chain of command တခုထဲမှာ တသွေးတသံတမိန့်ရှိရပါမယ်။ သူတလူ ငါတမင်း စစ်ဘုရင်တွေ လုပ်ကြမယ့် အန္တရာယ်ဟာ အင်မတန်ကြီးပါတယ်။
အခု ဆိုရင် စကစ ဗခ ရာပြည့်က အာဆီယံ ကာကွယ်ရေး ညီလာခံမှာ " EAO နဲ့ PDF တွေဟာ နာမည်အမျိုးမျိုးနဲ့ အကြမ်းဖက်အဖွဲ့တွေ ဖြစ်တယ်၊ NUG ဟာ အဲဒီထဲက အဖွဲ့ငယ်တခုပဲ ဖြစ်တယ်၊ ဒါကြောင့် အစိုးမဟုတ်ဘူး " လို့ ပြောလိုက်ပါပြီ။ ဒီလိူ နိုင်ငံရေးထောင်ချောက်ကို ဗိုလ်နဂါးတို့ဟာ သိသိနဲ့ ဖြစ်စေ၊ မသိလို့ ဖြစ်စေ မဖန်တီးသင့်ပါ။
ယခုအခါ MOD က PDF နဲ့ LDF တပ်ရင်း ၃ ရင်း ကို ဗျူဟာ တခုထဲတွင် တသွေးတသံ တမိန့် စုစည်းနေပါပြီ။ အရင်လို MOD က တပ်ရပ်းနံပါတ်ချမပေးလို့ ဆိုပြီး ဆင်ခြေပေးရန် မသင့်တော့ပါ။ PDF တပ်ရင်းများနှင့် အတူ MOD COC တွင် ပါဝင်ပြီး လျှို့ဝှက်စစ်ရေး စီမံချက်များကို သစ္စာရှိရှိ သတ္တိပြကြပါလို့ တိုက်တွန်းပါတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား