တော်လှန်ရေးထဲက အခြားတိုင်းရင်းသား (အစုအဖွဲ့တချို့) ရဲ့ အကြံအစည်။
တော်လှန်ရေးထဲက အခြားတိုင်းရင်းသား (အစုအဖွဲ့တချို့) ရဲ့ အကြံအစည်။ ▪️ နွေဦးတော်လှန်ရေးကြောင့် အခြားတိုင်းရင်းသား (အခတရသ) တွေနဲ့ မြန်မာ (ဗမာ) တွေ ညီညွတ်သွားကြလေသတည်း ဆိုတဲ့ ပြဇာတ်ဆန်ဆန် စကားတွေကို ယုံနေရင် ဒီစာကို ဆက်မဖတ်ပါနဲ့။ ▪️ အမှန်တရား ဟာ ခါးတယ်။ အခတရသတွေဟာ အနှစ် ၇၀ လုံးလုံး ဗမာကို မုန်းနေကြတယ်။ ၁၀၀% တော့ မဟုတ်။ အထူးသဖြင့် ဝေးလံခေါင်သီပြီး ဗမာနဲ့ မနီးစပ်တဲ့ ဒေသ၊ EAO တွေ ရှိတဲ့ ဒေသမှာ ဗမာမုန်းတရား ရှိတယ်။ ဗမာမမုန်းပဲ စစ်တပ်လုပ်သမျှ ဗမာလူမျိုးကြီးဝါဒလို့ ဘယ်စွပ်စွဲမလဲ။ ရှင်းနေတာပဲ။ " ငါတို့ကို ဗမာက ကျွန်ပြုထားတယ်။ ဗမာ့လက်အောက်က လွတ်အောင် အသက်ပေးတိုက်ရမယ်။ ဗမာတွေကို မယုံနဲ့ ။ ဗမာလက်ထဲက ငါတို့ မြေကို ပြန်ယူရမယ် " ဆိုတဲ့ ဘိုးဘစဉ်ဆက် ရိုက်သွင်းထားတဲ့ စိတ်ဓာတ်ကို ၂၀၂၁ မှာ ပြောင်းပြန်လှန်တယ် လို့ ထင်နေသလား။ ဗမာကို သူတိူ့ မယုံ။ ယုံကြည်မှု တိုးတက်လာတဲ့ အခတရသ အချို့ရှိတယ်။ ဒါကိုမငြင်းပါ။ ဒါပေမယ့် လုံးဝ စိတ်ချကြတာတော့ မဟုတ်။ ▪️ မြန်မာတွေဟာ အခြားတရသနေရာမှာ ခဏလောက် ကိုယ်ချင်းစာ ပြီး ဝင်ရောက်ခံစားသင့်တယ်။ ဗမာလူမျိုးကြီးဝါဒ ဆိုပြီး ဗမာ လွှမ်းမိုးမှာ ကြောက်တဲ့ လူတွ...