Posts

Showing posts from September, 2022

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP)

Image
  ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) မှ အသစ်တဖန် တောင်းဆိုခဲ့ရာ ၁၉၉၀ ခုနှစ် ရလဒ်ကို အသိအမှတ် ပြုရန် ပျက်ကွက်ခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီကို ဖွဲ့စည်းခဲ့သည်။   ကော်မတီကို ဦးအောင်ရွှေက သဘာပတိအဖြစ် ရာထူးဆယ်ရာထူး ပေးခဲ့သည်။   CRPP သည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ ပြဋ္ဌာန်းခဲ့သော ဥပဒေအားလုံးကို ဖျက်သိမ်းခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများအားလုံးကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌနှင့် ရခိုင်ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောမြအောင် အသက် ၈၃ နှစ်ကို CRPP မှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။  ၁၉၉၈ ခုနှစ် စက်တင်ဘာလမှ ၂၀၀၁ ခုနှစ် ဇွန်လ ၁၄ ရက်နေ့အထိ အထိန်းသိမ်းခံခဲ့ရသော ဒေါက်တာစောမြအောင် အပါအဝင် NLD အမတ် ၁၁၀ နှင့် အရာရှိ ၁၁၀ ဦးကို နအဖက ချက်ချင်း ဖမ်းဆီးပြီး တုံ့ပြန်ခဲ့သည်။ ၁၉၉၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် နအဖက NLD ရုံးပေါင်း ၄၃ ရုံးကို ပိတ်ပစ်ခဲ့ပြီး၊ CRPP ကိ

သမိုင်းထဲက ဒီနေ့ ( သို့မဟုတ် ) ကရင်အမျိုးသားနေ့

Image
စိုင်းထွန်းအောင်လွင် ဘီဘီစီမြန်မာပိုင်း ၁၁ ဖေဖော်ဝါရီ ၂၀၁၈ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပုသိမ်မှာ ပြုလုပ်တဲ့ ကရင်ပြည်ရရှိရေး ဆန္ဒပြပွဲ ကရင်အမျိုးသားနေ့ဆိုတာက ကရင်ပြည်ရရှိရေးအတွက် တနိုင်ငံလုံးက ကရင်တိုင်းရင်းသားတွေ ဆန္ဒပြခဲ့တဲ့ နေ့ရက်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးချိန်ကစလို့ ကရင်တိုင်းရင်းသားတွေဟာ ကရင်ပြည်ရရှိရေးအတွက် တောင်းဆိုခဲ့ကြရာမှာ လွတ်လပ်ရေးရချိန်မှာတော့ ပြည်နယ်အဆင့်ပင်မရတဲ့ ကရင်တွေရဲ့ အမျိုးသားရေးလှုပ်ရှားမှုက အားအကောင်းဆုံး အခြေအနေကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဘီအိုင်အေ ဝင်ကတည်းက ကရင်အချို့နဲ့ ဘီအိုင်အေတပ်ဖွဲ့အချို့တို့အကြား ဆက်ဆံရေးတင်းမာ မှုတွေ ရှိခဲ့ပြီး ဒေသအချို့မှာ ပဋိပက္ခတွေ ဖြစ်ခဲ့ရပါတယ်။နောက်ဆက်တွဲအနေနဲ့ တချို့ဒေသတွေမှာ လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခအချို့ လည်း ဆက်ဖြစ်ခဲ့ရတာပါ။ ဒါပေမဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမြော်အမြင်ရှိမှုကြောင့် ပဋိပက္ခတွေကို ဆက်မပြန့်ပွားအောင် ထိန်းထားနိုင်ခဲ့သလို ကရင်ခေါင်းဆောင်အချို့နဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြား ကောင်းမွန်တဲ့ ဆက်ဆံရေ းကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဖဆပလ အဖွဲ့အတွင်းက တချို့ခေါင်းဆောင်တွေနဲ့ ကေအန်ယူတို့အကြာ

NUG က ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲလို့ .. တချို့ EAO တွေက တော်လှန်ရေးထဲ မပါဝင်သလို

Image
NUG က ဖွဲ့စည်းပုံအခြေခံဥပဒေ မရေးဆွဲလို့ .. တချို့ EAO တွေက တော်လှန်ရေးထဲ မပါဝင်သလိုလို NUG ကို တဖက်သပ် အပြစ်တင်နေတယ်။ အဲဒီ EAO တွေက နွေဦးတော်လှန်ရေးထဲ မပါဝင်တာ ခြေ/ဥ မရှိလို့ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ပြတ်သားတဲ့ မူဝါဒ မရှိလို့ပဲ။ ဖက်ဒရယ် ဒီမိုကရေစီ အချောင် ရရင် ယူမယ်။ လက်ငင်းအကျိုးစီးပွါး ဝေစားမျှစား မူဝါဒနဲ့ သွားနေတာ။ ဒါကြောင့် ခြေ/ဥ ရေးလည်း ပါလာစရာ မရှိဘူး။  AA ကတော့ ကွန်ဖက်ဒရေးရှင်း ဆိုပြီး ဖက်ဒရယ်က ခွဲထွက်နေတာ။ ဘာရေးရေး ပါလာစရာ မရှိဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ "အခြေခံမူဝါဒ "အပေါ်မှာ ရေးဆွဲရတာ ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ "ချာတာ"မှာ အခြေခံမူဝါဒကို အတိအလင်း ဖော်ပြထားတယ်။ EAO တွေဟာ အခြေခံမူဝါဒကို လက်ခံကြောင်း (ပထမအဆင့် )ဦးစွာ လက်မှတ်ထိုးဖို့ လိုတယ်။  "အခြေခံမူ" တောင် လက်မခံပဲ "ဖွဲ့စည်းပုံ " ကို ဘယ်လို ရေးဆွဲမလဲ။  နောက်ပြီး EAO ကိုယ်စားလှယ်တွေဟာ (မအလကို ကြောက်လို့ ) NUCC အဖွဲ့ဝင် အဖြစ် မပါရဲတောင်၊ NUCC အစည်းအဝေးတွေမှာ ဆွေးနွေးဖက်အနေနဲ့ ပါဝင်လိုတယ်။ သူတို့ လိုလားချက်ကို ဘယ်လို တင်ပြ - ဆွေးနွေး - ညှိနှိုင်း - သဘောတူကြဖို့ (ဒုတိယအဆင့

ဗမာပြည်နယ် ဖွဲ့စည်းရေး ဆိုရင် ဟောဒီအချက်တွေကို သတိထားဖို့ လိုတယ်။

Image
ဗမာပြည်နယ် ဖွဲ့စည်းရေး ဆိုရင် ဟောဒီအချက်တွေကို သတိထားဖို့ လိုတယ်။ ▪️ ဗမာလူမျိုးဆိုတာ မရှိဘူး။ မြန်မာလူမျိုးပဲရှိတယ်။ ဗမာဆိုတာ မြန်မာနဲ့ အခြားလူမျိုးတွေပါဝင်နေတဲ့ ကပြား နာမည်သာ ဖြစ်တယ်။ ▪️အင်္ဂလိပ် လက်ထက်မှာ တိုင်း ၈ တိုင်း ရှိတယ်။ ရခိုင်တိုင်း ၊ တနင်္သာရီတိုင်းပဲရှိတယ်။ မွန်ပြည်နယ် မရှိဘူး။ ရခိုင်ပြည်နယ် မရှိဘူး။ ချင်း၊ ကချင်ပြည်နယ် မရှိဘူး။ ရှမ်း မှာ ၃၃ ပြည်နယ်ရှိတယ်။ ကရင်နီ ၅ ပြည်နယ် ရှိတယ်။ ဝပြည်နယ် ရှိတယ်။ ▪️ ပင်လုံ စာချုပ်မှာလည်း ဗမာပြည်နယ် ဖွဲ့ဖို့ မပါဘူး။ ဦးအောင်ဆန်းလည်း ကတိမပေးဘူး။ ရှမ်း ကချင် ချင်း ကရင်နီ စော်ဘွား ဒူဝါးတွေလည်း မတောင်းဆိုဘူး။ ၁၉၄၇ ခြေဥမှာလည်း မပါဘူး။ လွတ်လပ်ရေးရပြီး နောင် ၁၀ နှစ်အကြာ ( မြန်မာက ဖွဲ့ပေးလို့ ရခိုင်၊ ချင်း၊ မွန် ၊ ကချင်၊ ကရင်တွေ ပြည်နယ် အသီးသီးရပြီးမှ ) ရှမ်းစော်ဘွားတွေက အညှောင့်ထောင်တဲ့ ရှမ်းမူသာ ဖြစ်တယ်။ ▪️ပင်လုံစာချုပ် နဲ့ ကတိကဝတ်တွေဟာ လွတ်လပ်တဲ့ ပြည်နယ်အချင်းချင်း ပူးပေါင်းတာ မဟုတ်ဘူး။ ၁၉၃၅ မြန်မာပြည် အက်ဥပဒေ အောက်မှာ အတူတူ ရှိနေတဲ့၊ မြန်မာပြည် ဘုရင်ခံတဦးထဲ ရဲ့ အုပ်ချုပ်မှု ပုံစံ မတူတဲ့၊ ကိုလိုနီနယ်တွေ ဟာ အတူတူ လွတ်လပ်ရေး ယူတာ ဖြစ်တယ်။

ရှမ်းနီတွေ ဖတ်ဖို့

Image
    ရှမ်းနီတွေ ဖတ်ဖို့ (၁/၂) ရှမ်းနီတယောက်က ပြောတယ်။ SNA စကစနဲ့ ပေါင်းနေတာ ရှမ်းနီပြည်နယ် လိုချင်လို့ပါတဲ့။ မှားလို​က်တာ။ စကစဟာ ရှမ်းနီပြည်နယ် ပေးချင်ရင် လွန်ခဲ့တဲ့ နှစ် ၇၀ ထဲက ပေးပြီးနေပြီ။ အခုလည်း စကစဟာ SNA ကို EAO စာရင်း သွင်းတာ မဟုတ်။ ဆွေးနွေးပွဲလည်း မဖိတ်ခေါ်။ ပြည်သူ့စစ် သာသာ သဘောထားတာ ဖြစ်တယ်။ စကစကလည်း ရှမ်းနီပြည်နယ် ပေးမှာ မဟုတ်၊ NUG ကလည်း မပေးနိုင်ဘူး ၊ သတိထားကြည့်ပါ။ FCDCC မှာ ဝပြည်နယ်ကိုပဲ ပြည်နယ်အသစ် ​ပေးထားတယ် (၂၀၁၆ ပြင်ဆင်ချက်) မှာ ထပ်တိုးထားတာပါ။ အခုလည်း FCDCC ပုံစံကို ဂို​က်လိုင်းပေးနေကြတယ်။ ဝ အပြင် စစ်အင်အားရှိလာတဲ့ တအာင်း၊ ကိုးကန့် လည်း ပြည်နယ်ပါလာလိမ့်မယ်။ ဒါဟာ ဘာကို ပြသလဲဆိုရင် စစ်အင်အားရှိမှ လေးစားခံရတယ်။ စစ်အင်အား မရှိရင် သမိုင်းမှန်ပါစေ အရာမထင်ဘူး။ မြန်မာ(ဗမာ) လည်း အမုန်းခံ ကြားဝင် မပေးသင့်ဘူး။ အချိန်တန်ရင် ကိုကြီး ညီလေး ဖြစ်သွားကြလိမ့်မယ်။ ပဒေသရာဇ် ခေတ် ထုံးတမ်း ဥပဒေအရ သီပေါမင်း လက်ထက်အထိ ဆုံးဖြတ်ရရင် ဝန်းသို၊ သောင်သွပ်၊ မိုးညှင်း ၊ မိုးကောင်းမှာ စော်ဘွား အုပ်ချုပ်ရေးရှိတာ ငြင်းမရဘူး။ အင်္ဂလိပ်ကို ခံချတာ မြောက်ဘက် ရှမ်းနီတွေ ၊ စော်ဘွားတွေ အများအပြား ပါဝင်တယ်။

ဒေါ်အောင်ဆန်းစုကြည် မှန်ပါတယ်။

Image
နိုင်ငံရေးပြသနာကို စစ်ရေးနဲ့ ဖြေရှင်းလို့မရဘူး။   ဒေါ်အောင်ဆန်းစုကြည် မှန်ပါတယ်။  စစ်အာဏာသိမ်းတာ နိုင်ငံရေး ပြသနာမဟုတ်။  မအလက ပြည်သူ့အစိုးရကို နိုင်ငံတော်ပုန်ကန် သူပုန်ထတာ ဖြစ်တယ်။  စစ်တပ် နိုင်ငံရေးထဲ ပါတာလည်း နိုင်ငံရေး ပြဿနာ မဟုတ်။ သေနတ်ထောက်ပြီး ဒမြတိုက်ထားတာ ဖြစ်တယ်။  စစ်တပ်ဟာ နိုင်ငံရေးထဲ မပါရဘူး။ စစ်တပ်ပါတဲ့ အရေးကိစ္စမှန်သမျှဟာလည်း နိုင်ငံရေး မဟုတ်ဘူး။ ပင်လုံစာချုပ်ရော၊ လွတ်လပ်ရေးစာချုပ်ရော ဖြစ်ပေါ်လာတာ .. ဘယ်မြန်မာစစ်တပ်၊ တိုင်းရင်းသားစစ်တပ်၊ ဗြိတိသျှစစ်တပ် ကိုယ်စားလှယ်မှ မပါဘူး .. ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ပင်လုံညီလာခံ၊ NCA စာချုပ်မှာ  စစ်တပ်တွေ ပါဝင်နေတာ မူဝါဒ အခြေတည်လိုက်ထဲက အမှားကြီး မှားနေတယ်။  သေနတ်ချင်း အင်အားပြိုင် ကစားနေတာ လွဲမှားမှုပဲ နိုင်ငံရေးပြသနာဆိုတာ တိုင်းရင်းသားအချင်းချင်း ဖြစ်တဲ့ ပြသနာဖြစ်တယ်။ ဥပမာ ရခိုင်နဲ့ ရိုဟင်ဂျာ ကိစ္စ။ ရိုဟင်ဂျာကို   စစ်ရေးနည်းနဲ့ ဖြေရှင်းတာ ရိုင်းစိုင်းမှု ဖြစ်တယ်။ ဒါကြောင့် ICJ ရောက်တယ် ဒီနေရာမှာ ပြောတဲ့ "နိုင်ငံရေး" ဆိုတာ "နိုင်ငံခြားရေး " မဟုတ်ဘူး။ နိုင်ငံခြားရေး ဆိုရင် စစ်ရေးနဲ့ ဖြေရှင်းသင့် ဖြေရှင်းရမ

ကွန်ဖက်ဒရေးရှင်းဆိုတာ

Image
ကွန်ဖက်ဒရေးရှင်းဆိုတာ ဥရောပသမဂ္ဂလို သီးခြားနိုင်ငံတွေ နေကြတာ။ ရလာတဲ့ အခွန်ဝင်ငွေတွေကို ခွဲဝေ သုံးစွဲတာ မရှိဘူး။ ပြည်ပကျူးကျော်စစ်ဖြစ်ရင်လည်း စစ်အင်အား တတ်နိုင်သလောက် တပ်ရင်း ၃-၄ ရင်းပဲ ကူညီတယ်။ ကွန်ဖက်ဒရိတ်ဖြစ်ရင် နစ်နာမှာ တောင်တန်းဒေသတွေပဲ။ ကွန်ဖက်ဒရိတ်ဖြစ်ရင် မြန်မာ(ဗမာ) ပြည်မက အခွန်ဝင်ငွေတွေကို တောင်တန်းဒေသ ဘက်ဂျက်အတွက် ခွဲပေးစရာ မလိုတော့ဘူး။ တရသတွေက ပြောမယ် သယံဇာတရှိတာပဲလို့။ မေးခွန်းက အဲဒီသယံဇာတ ဘယ်လောက်ကြာကြာ ခံမလဲ။ နှစ်တရာ ခံသလား ။ ရဲတံခွန် ဂတ်စ်တွင်း အနှစ် ၃၀ ပဲခံတယ်။ အဓိကက လူသားအရင်းအမြစ်။ အဲဒီကရလာတဲ့ အခွန်။ ဒါကို မသိတော့ သယံဇာတ နဲ့ ဖျင်ခေါင်းကျယ်နေတယ်။ သယံဇာတ ဆိုလို့ ပြောရဦးမယ်။ မြန်မာအလယ်ပိုင်း ရေနံတွင်းတွေ အကုန်မတူးရသေးတာ သူတို့ မသိဘူး။ အဲဒါဆို ခွဲထွက်ခိုင်းပါလားလို့ ပြောမယ်။ မြန်မာကို ဝန်းပတ်နေတာ တောင်တန်းတွေ ။ ဒီတော ဒီတောင်တွေဟာ မြန်မာအတွက် သဘာဝ တံတိုင်းပဲ။ မြန်မာပြည်အလယ်ပိုင်းဟာ တရုပ် မြစ်ကြီးနား၊ တရုပ် မိုးကုတ်နဲ့ ဘင်္ဂလား စစ်တွေ ကြားညပ်ရင် လုံခြုံမှု မရှိဘူး။ ရုရှက ယူကရိမ်း ကျူးကျော်တာ တောင် ကုလသမဂ္ဂက ဘာမှ မလုပ်နိုင်ဘူး။ ရှမ်း၊ ကချင်နဲ့ ရခိုင် လောက်တော့ စကားထဲတောင် ထည

အခြားတိုင်းရင်းသားတွေ ဂျင်းစားကြတယ်

Image
အခြားတိုင်းရင်းသားတွေ ဂျင်းစားကြတယ် ပင်လုံစာချုပ် မချုပ်ရင် ကိုယ့်ဘာသာ လွတ်လပ်ရေး ရနိုင်တယ် လို့ ပြောသာနေတယ်။ Independentပေးမယ်လို့ တခါမှ အင်္ဂလိပ် (လေဘာ အစိုးရ) က မပြောဖူးဘူး။ ကြေညာချက်လည်းမထုတ်ဖူးဘူး။ စာချုပ်လည်း မရှိဘူး အင်္ဂလိပ်စစ်ဗိုလ်တွေ၊ ခရစ်ယန် ဘာသ​ာရေး ဆရာတွေ၊အတိုက်အခံ ကွန်ဆာဗေးတစ် တွေက အာလူးပေးခဲ့တာပဲရှိတယ်။ ကရင်တွေဟာ အဲဒီ အာလူးတွေ ယုံကြည်ပြီး ကော်သူလေးနိုင်ငံ တောင်းခဲ့ပါတယ်။ အင်္ဂလိပ်က မပေးပါဘူး ဘာကြောင့် မပေးသလဲ ဆိုတော့ မြန်မာပြည်တခုလုံးဟာ အုပ်ချုပ်ရေး စနစ် ပဲ မတူတာ၊ အခြေခံဥပဒေ အတူတူနဲ့ ဘုရင်ခံတယောက်ထဲက အုပ်ချုပ်ခဲ့တာ ထင်ရှားတယ်။ ပင်လုံစာချုပ်ဟာ တောင်တန်းဒေသ Frontier Burma က ပြည်မ Proper Burma နဲ့ ပူးပေါင်းပြီး လွတ်လပ်ရေးယူမလား၊ အင်္ဂလိပ်အောက်နေမလား ရွေးချယ်စရာ ၂ ခုပဲရှိတယ်။ သီးခြားနိုင်ငံ ဆိုတဲ့ တတိယမြောက် ရွေးချယ်ခွင့် မရှိခဲ့ဘူး ဘာကြောင့်လဲဆိုတော့ ... ဒေသအားလုံးဟာ မြန်မာပြည်ထဲမှာ ရှိနေလို့ပဲ။ အင်္ဂလိပ်လက်အောက်မှာ နေရင် ဟောင်ကောင်လို ဗြိတိသျှ ဘားမား British Burma ဖြစ်မယ်။ အချိန်တန်ရင် မြန်မာ (Union of Burma ) ထဲ ပြန်လွှဲရမှာပဲ