Posts

EAO တွေ ရွေးရမယ့် လမ်း (13 May 2023)

Image
EAO တွေ ရွေးရမယ့် လမ်း (13 May 2023) တလောက TNLA က လက်ဖက် လုပ်ငန်း တိုးတက်စေဖို့ အခွန်ကင်းလွတ်ပေးမယ်၊ လက်ဖက်ကို တိုးချဲ့ စိုက်ပျိုးကြကြဖို့ သတင်း ဖတ်ရတယ်။ နောက်သတင်း တပုဒ်က UWSA နယ်မြေမှာ သံဖြူ အထွက်နုန်းကျဆင်းလာပြီး အနာဂတ်အလားအလာ မကောင်းဘူး ဖတ်ရတယ်။ ဘိန်း၊ မူးယစ်ဆေးကို မှီခိုနေရတဲ့ ဒေသတွေဟာ သံယံဇာတ တူးဖော်ရေးကို မှီခိုလာရတယ်။ ငွေဖြစ်လွယ်မယ့် နောက်တနည်းက လောင်းကစားဝိုင်းတွေ ပဲ။ တရုပ်နယ်စပ်က EAO တွေသာမက ထိုင်းနယ်စပ်အထိ လောင်းကစားမြို့ တည်လာတယ်။ ဒါတွေဟာ မိမိလူမျိုး ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တ ကို ဖျက်ဆီးရုံသာမက တော်လှန်ရေး ကိုပါ ဆွဲချ အညွန့်ချိုးလိုက်တာပဲ။ အခုဆိုရင် ပါးစပ်က မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်ကြအော်ပြီး တကယ့် ဘဝမှန်က ဒုစရိုက်သမားတွေ ဖြစ်နေကြရတယ်။ သံယံဇာတ ဈေးကွက်ကလည်း တရုတ်ကလွဲရင် ဝယ်မယ့်သူ မရှိ၊ ဒီတော့ ဈေးနှိမ်ခံရတယ်။ များများထုတ်ရောင်းရတယ်။ မြန်မြန် ကုန်တယ်။ ရှေ့လာမယ့် ကာလတွေဟာ သံယံဇာတ ခန်းခြောက်မယ်၊ ရာသီဥတု ဖောက်ပြန်မယ်။ မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်းတွေကလည်း တရုတ်၊ ထိုင်း အစိုးရပေါ်လစီတွေက ကြပ်လာပြီ။ လူငယ်လူလတ်တွေဟာ စစ်သား လုပ်နေရတော့ စိုက်ပျိုးကုန်ထုတ်မယ့် စွမ်းအားထု မရှိ၊ တင်ကြွေ

ပြန်လည်အသုံးပြုသင့်သော ပြည်ထောင်စုအလံ

Image
ပြန်လည်အသုံးပြုသင့်သော ပြည်ထောင်စုအလံ လွတ်လပ်ရေး ကို ရယူခဲ့တဲ့ ကြယ်ဖြူကြီး ၁ လုံး + ကြယ်ဖြူငယ် ၅ လုံး အလံကို လွဲမှားစွာ အဓိပ္ပါယ် ဖွင့်ကြတယ်   အမှား (1) - အလယ်က ကြယ်ဖြူကြီးဟာ ဗမာ၊ ဘေးက ကြယ်ငယ် ၅ လုံးဟာ အခြားတိုင်းရင်းသား ၅ မျိုး = စုစုပေါင်း လူမျိုး ၆ မျိုး ကိုယ်စားပြုတယ် ဖြေရှင်းချက်။  ယင်းအဆို မှားပါတယ်။ ၁၉၄၈ ပြည်ထောင်စုနိုင်ငံသား ဥပဒေ ကို ကြည့်ပါ ။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊  မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း = စုစုပေါင်း လူမျိုး ၈ မျိုးရှိပါတယ် ၆ မျိုးထဲ ကိုယ်စားပြုတယ်ဆိုတဲ့ ရမ်းသမ်းထင်မြင်ချက်နဲ့ မကိုက်ညီပါ  အမှား (2) - အလယ်က ကြယ်ဖြူကြီးဟာ ပြည်မ ၊ ဘေးက ကြယ်ငယ် ၅ လုံးဟာ အခြားပြည်နယ် ၅ ခု = စုစုပေါင်း ပြည်မ+ပြည်နယ်  ၆ ခု ကိုယ်စားပြုတယ် ဖြေရှင်းချက်။  ယင်းအဆို မှားပါတယ်။ ၁၉၄၇ အခြေခံဥပဒေကို ကြည့်ပါ .. ​ပြည်မ၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ဟူ၍ စုစုပေါင်း ၄ ခုပဲရှိပါတယ် .. ​ပြည်မ+ပြည်နယ်  ၆ ခု ကိုယ်စားပြုကိုယ်စားပြုတယ်ဆိုတဲ့ ရမ်းသမ်းထင်မြင်ချက်နဲ့ မကိုက်ညီပါ အမှန်တရား     အလယ်က ကြယ်ဖြူကြီးဟာ "တော်လှန်ရေး ကြယ်" ။   ဖက်ဆစ်တော်လှန်ရေး အလံက ကြယ်ဖြူကြီးကို ဆက်လက်သယ်ဆောင

ဒါးဒါးချင်း လှံလှံချင်း

Image
ဒါးဒါးချင်း လှံလှံချင်း ဒါးဒါးချင်း လှံလှံချင်း ဆိုတဲ့ စကားဟာ ဒါးနဲ့ တိုက်လာရင် ဒါးနဲ့ ခုခံမယ်၊ လှံနဲ့ တိုက်လာရင် လှံနဲ့ အနိုင်ယူပြမယ် လို့ အဓိပ္ပါယ်ရတယ်။  တပ်တပ်ချင်း တိုက်မလား ခေါင်းဆောင်အချင်းချင်း စီးချင်းထိုးမလား လို့ စိန်ခေါ်ကြတာဟာ  စစ်ဘုရင်တွေ စစ်သူကြီးတွေရဲ့  တာဝန်ယူမှုကို ဖော်ပြတယ်။ မင်းလည်း ယောက်ျား ငါလည်း ယောက်ျား လက်သီးဆုပ်မလား လက်ဝါးဖြန့်မလား ကြိုက်ရာကို ရွေးစမ်း ဆိုတဲ့ သီချင်းစာသားဟာ ယောက်ျားမာန်မာနကို ထုတ်ဖော်တဲ့ စာသားဖြစ်တယ် ဒါးနဲ့ လှံ ရင်ဆိုင်ထားတဲ့ မောက်တို ပုံစံ ကို ရဲဘော်သုံးကျိပ် ဒုတိယခေါင်းဆောင် ၊ နောင်အခါ စစ်သေနာပတိ ဗိုလ်လက်ျာ က ဗမာ့တပ်မတော် တိုက်ခိုက်ရေးတပ် တံဆိပ်အဖြစ် သူကိုယ်တိုင် ရေးဆွဲ ပြီး သတ်မှတ်ပေးခဲ့တယ်။ လက်နက်မဲ့ အရပ်သား ပြည်သူတွေ ကျောင်းသားတွေ ၊ အရပ်ဘက် အဆောက်အဦးတွေကို   ရန်စွယ်ငေါငေါနဲ့  ဖျက်ဆီး တဲ့ စည်းမဲ့ ကမ်းမဲ့ စစ်တပ်မျိုးဟာ မရှိသင့်ဘူး၊ ဖျက်သိမ်းပစ်ရမယ်လို့  ဗိုလ်ချုပ်အောင်ဆန်းက မှာကြားထားခဲ့တယ်။ သူရဲဘောကြောင်ခြင်း အစ ဗိုလ်နေဝင်းလက်ထက်မှာတော့ လက်နက်ဟူ၍ အပ်တို တချောင်းမျှ မပါတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို ၁၉၆၂ ဇူလိုင်လ ၇ ရက်မှာ ဂျာမဏီက နည်းပ

၂၀၁၀ စစ်မှုထမ်း ဥပဒေ

Image
မအလ ရဲ့ အသက် ၁၈ ပြည့်သူတိုင်း  "လူthတ်လက်နက်ကိုင် အကြမ်းဖက် ရမယ် " ဆိုတဲ့  ၂၀၁၀  စစ်မှုထမ်း ဥပဒေ ကြေညာချက်ကို .... ငါးမင်းဆွေက ... ဒါဟာ မအလတပ်ရဲ့ plan B လို့ ပြောတယ်။ (၁) မေတ္တာမင်းဆွေ လို့ မိမိဘာသာ သမုတ်တဲ့ ဘောမကြီးဟာ တနိုင်ငံလုံးကို စစ်မီးထဲ သွတ်သွင်းနေတာကို အားပေးထောက်ခံတယ်။  နိုင်ငံရေး နည်းလမ်း ဘာညာ တဆာဆာ အော်ဟစ်လေ့ရှိတဲ့ တိုင်းရင်းသား/ ပြည်သူအမည်ခံပါတီတွေ၊ NCA ထိုး လက်နက်ကိုင်တွေဟာ .... မအလတပ်ရဲ့   ..  စစ်ရေးနည်းလမ်း ကြေညာချက်ကို ..  ရေငုံနုတ်ပိတ်ပြီး ရူးချင်ယောင်ဆောင်နေကြတယ်။ (၂) ၂၀၁၀ မေလ မှာ ရွေးကောက်ပွဲ ကျင်းပတယ်။ NLD , SNLD, ALD မပါဘူး။  UEC ဥက္ကဌက (ဗိုလ်ချုပ် ) သိန်းစိုး ဖြစ်တယ်။ နာဂစ် ကာလ မှာ ကြိုတင်မဲတွေ နဲ့ မဲလိမ် မဲခိုးတယ်။ ရွေးကောက်ခံ ကြံဖွတ်အမတ်စာရင်းကို ကြေညာတယ်။  လွှတ်တော် ခေါ်ခါနီး ဆဲဆဲ ဒီဇင်ဘာလမှာ ... သန်းရွှေက ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို တယောက်ထဲ ရေးပြီး ပြဒါန်းတယ်။ NLD ပါတီက သန်းရွှေရဲ့ အာဏာအလွဲသုံးစားလုပ်မှုကို  ပြုကျင့်မှုကို ကန့်ကွက်ခဲ့တယ်။ ဥပဒေပြုရန် လွှတ်တော် ခေါ်ယူမယ့်ဆဲဆဲ၊ ရွေးကောက်ခံမဟုတ်တဲ့  လူတဦးတယောက် က စိတ်ရူးပေါက်ရာ ရေးပြီး ပြဒါန်းတာဟာ စစ်အုပ

NCA အကြောင်း ပြောရင်

Image
NCA အကြောင်း ပြောရင် စာချုပ် .. စာချုပ် .. နဲ့ ဒီစာရွက်အကြောင်းပဲ ပြောကြတယ်။ စာချုပ်တခုရဲ့ " ယုံကြည်မှု" အကြောင်း မစဉ်းစားကြဘူး။ ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ အလိမ်ခံနေကြတာရတာဟာ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး။ ▪️ NCA စာချုပ်မှာ အရပ်သားတွေအပေါ် ထားရှိရမယ့် စည်းကမ်း ပုဒ်မ တွေကို တပ်မတော်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်တယ်။ NCA စာချုပ် ပုဒ်မ (၉) 👇 ဒီလို ချိုးဖောက်ရင် အရေးယူမယ့် ဥပဒေစိုးမိုးရေး ယန္တရား တရပ် NCA မှာ မရှိဘူး။ ဥပဒေစိုးမိုးရေး ယန္တရား မရှိတဲ့အတွက် .. နောက်တနည်းက .. စာချုပ်ပ်ကို လက်မှတ်ထိုးတဲ့ အဖွဲ့ဝင်တွေက ကန့်ကွက်ရမယ်။ သပိတ်မှောက်ရမယ်။ ဆန့်ကျင်ရမယ်။ စုပေါင်း အရေးယူရေး ဆောင်ရွက်ရမယ်။ NCA အဖွဲ့ဝင်တွေဟာ ဒီဝတ္တရား ပျက်ကွက်နေတယ်။ စာချုပ်တွေ ဥပဒေ တွေ တဆာဆာ အော်ပေမယ့် အခြေခံ ကျင့်ဝတ်ဖြစ်တဲ့ Rule of Law ကို ကကြီးခခွေးတောင် မသိပဲ ၊ အကျိုးစီးပွား ပေသီးခေါက်နေကြတယ် ▪️ အဖွဲ့အစည်း အချင်းချင်း ချုပ်ဆိုတဲ့ စာချူပ်တခု ဖြစ်စေ ၊ ပြည်သူနဲ့ အစိုးရ ကြား ချုပ်ဆိုတဲ့ စာချူပ် ( အခြေခံဥပဒေ) ဖြစ်စေ၊ နိုင်ငံအချင်းချင်း ချုပ်ဆိုတဲ့ ငြိမ်းချမ်းရေး စာချူပ် ဖြစ်စေ ( ဥပမာ ဗာဆိုင်းစာချူပ်) ... တဖက

EAO တွေ ရွေးရမယ့် လမ်း

Image
EAO တွေ ရွေးရမယ့် လမ်း (13 May 2023) တလောက TNLA က လက်ဖက် လုပ်ငန်း တိုးတက်စေဖို့ အခွန်ကင်းလွတ်ပေးမယ်၊ လက်ဖက်ကို တိုးချဲ့ စိုက်ပျိုးကြကြဖို့ သတင်း ဖတ်ရတယ်။ နောက်သတင်း တပုဒ်က UWSA နယ်မြေမှာ သံဖြူ အထွက်နုန်းကျဆင်းလာပြီး အနာဂတ်အလားအလာ မကောင်းဘူး ဖတ်ရတယ်။ ဘိန်း၊ မူးယစ်ဆေးကို မှီခိုနေရတဲ့ ဒေသတွေဟာ သံယံဇာတ တူးဖော်ရေးကို မှီခိုလာရတယ်။ ငွေဖြစ်လွယ်မယ့် နောက်တနည်းက လောင်းကစားဝိုင်းတွေ ပဲ။ တရုပ်နယ်စပ်က EAO တွေသာမက ထိုင်းနယ်စပ်အထိ လောင်းကစားမြို့ တည်လာတယ်။ ဒါတွေဟာ မိမိလူမျိုး ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တ ကို ဖျက်ဆီးရုံသာမက တော်လှန်ရေး ကိုပါ ဆွဲချ အညွန့်ချိုးလိုက်တာပဲ။ အခုဆိုရင် ပါးစပ်က မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်ကြအော်ပြီး တကယ့် ဘဝမှန်က ဒုစရိုက်သမားတွေ ဖြစ်နေကြရတယ်။ သံယံဇာတ ဈေးကွက်ကလည်း တရုတ်ကလွဲရင် ဝယ်မယ့်သူ မရှိ၊ ဒီတော့ ဈေးနှိမ်ခံရတယ်။ များများထုတ်ရောင်းရတယ်။ မြန်မြန် ကုန်တယ်။ ရှေ့လာမယ့် ကာလတွေဟာ သံယံဇာတ ခန်းခြောက်မယ်၊ ရာသီဥတု ဖောက်ပြန်မယ်။ မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်းတွေကလည်း တရုတ်၊ ထိုင်း အစိုးရပေါ်လစီတွေက ကြပ်လာပြီ။ လူငယ်လူလတ်တွေဟာ စစ်သား လုပ်နေရတော့ စိုက်ပျိုးကုန်ထုတ်မယ့် စွမ်းအားထု မရှိ၊ တင်ကြွေ

ပြည်နယ်အသစ်နဲ့ ၂၀၀၈ | ရဲထွဋ် |

Image
  ပြည်နယ်အသစ်နဲ့ ၂၀၀၈ | ရဲထွဋ် | ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးကြတဲ့အခါ ၀ ပြည်နယ် ဖွဲ့စည်းရေး ကိစ္စ အကြောင်းလည်း ပါလာတယ်။ တကယ်တော့ ၀ တိုင်းရင်းသားတွေသာမဟုတ်ဘူး။ အနာဂတ်မှာ ပြည်နယ် မရသေးတဲ့ အခြား တိုင်းရင်းသားတွေကလည်း ပြည်နယ်အဆင့် တောင်းဆို တာတွေလည်း ရှိလာနိုင်တာပဲ။ ပြည်နယ်အသစ်ဖွဲ့စည်းရေးလို့ ပြောတဲ့အခါ ဘယ်တိုင်းရင်းသားတွေက ပြည်နယ် ရသင့်တယ်၊မရ သင့်ဘူးဆိုတာ မပြောခင် လက်ရှိအချိန်မှာ အတည်ဖြစ်နေဆဲ ၂၀၀၈ အခြေခံဥပဒေမှာ ပြည်နယ် အသစ် ဖွဲ့စည်း ရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြဋ္ဌာန်းချက်တွေရှိသလဲ၊ဘယ်သူ တွေက ပြည်နယ် အသစ်ဖွဲ့စည်းရေးကို ဆုံးဖြတ်ခွင့်ရှိသလဲဆိုတာ အရင်သိထားသင့်တယ်လို့ ထင် ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ တိုင်းဒေသကြီး ၊ ပြည်နယ်ဖွဲ့စည်းမှုက ၁၉ ၇၄ အခြေခံဥပဒေပါ သတ်မှတ် ချက်အတိုင်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၉ မှာ ရှိရင်းစွဲတိုင်း(၇) တိုင်းကို တိုင်း ဒေသကြီး (၇) ခု၊ ရှိရင်းစွဲ ပြည်နယ်(၇) ခုကို ပြည်နယ် (၇) ခုအဖြစ် ဖွဲ့စည်းမယ်၊ တိုင်းဒေသ ကြီး နဲ့ ပြည်နယ်တွေဟာ အဆင့်အတန်းတူညီတယ်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အမည်တွေကို လက်ရှိအတိုင်းထားမယ် လို့ ပြဋ္ဌာန်းထားတယ်။ ပုဒ်မ ၄

NLD ကို တပါတီ အာဏာရှင်လို့ စွပ်စွဲရခြင်းရဲ့ လက်သည်တရားခံ

Image
NLD ကို တပါတီ အာဏာရှင်လို့ စွပ်စွဲရခြင်းရဲ့ လက်သည်တရားခံ တပါတီ အာဏာရှင်ဆိုတာ ပါတီတခုထဲက ကေဒါတွေကပဲ ရွေးကောက်ခံပြီး အဲဒီပါတီကပဲ အာဏာရတာ ဖြစ်တယ်။ ဥပမာ ဗကပ၊ မဆလ၊ KNU၊ ၊ KIA ပါတီစုံ ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို နိုင်လို့ အစိုးရ ဖြစ်တာကို တပါတီ အာဏာရှင်လို့ ပြောခြင်းသည် လိမ်လည်ခြင်း ဖြစ်တယ်။ အဲဒီလို ပြောသူတွေဟာ မဲမရတဲ့ ပါတီ၊ မိမိဒေသ ပြည်သူတွေက ရွေးကောက်တာ မဟုတ်ပဲ မိမိ ပါတီညီလာခံက ရွေးကောက်ရုံမျှဖြင့် အစိုးရ ဖြစ်နေသူတွေဟာ မိမိဘဝမှန်ကို ဖုံးကွယ်ချင်လို့ ဖြစ်တယ်။ EAO တွေဟာ ၂၀၀၅ မှာ FCDCC ခြေဥကို ရေးတယ်။ ပြည်သူက ရွေးကောက်တဲ့ NLD ၁၉၉၀ ပြည်သူကိုယ်စားပြု တချို့ ( ၁၀ ယောက်မပြည့်) ပါတယ်။ ဒီမိုကရေစီ စံနှုန်း ၅၀% မကျော်ဘူး။ လွတ်တော်ကိုယ်စားပြု CRPP က အသိအမှတ်မပြုဘူး။ နယ်စပ်က ၂ ယောက်တပိုင်း အဖွဲ့တွေ ဆွဲထည့်ပြီး အဖဲွ့စုံပါသတဲ့ EAO တွေဟာ နယ်စပ်မှာ FCDCC ရေးနေတုံး ၂၀၀၈ ခြေဥရေးတဲ့ အမျိူးသားညီလာခံကို တက်ရောက် ပြီး ၂၀၀၈ ခြေဥကို လက်မှတ်ထိုးကြတယ်။ သူ့တို့ရဲ့ မနုဿီဟ ဖျင်နှစ်ခွ ဇာတ်ရှုပ်က ဒီနေ့အထိ ပြဿနာ ၂ မျိုးကို သယ်ဆောင်လာတယ်။ ပြဿနာ (၁) FCDCC ခြေဥကို ရေးပြီး သူတ်ု့ဘာသာ အတည်ပြုတယ်။ ဒီနေ့အထိ မကျင့်သုံးဘူ

FCDCC ဘာလဲ။ ဘယ်လဲ

Image
FCDCC ဘာလဲ။ ဘယ်လဲ  ▪️ FCDCC ဟာ တရားမဝင်ဘူး။ ဘာကြောင့်လဲ။ FCDCC ရေးတဲ့အထဲပါတဲ့ ၁၉၉၀ ရွေးကောက်ပွဲ mandate ရ ကိုယ်စားပြု အရေအတွက်ဟာ လက်ဆယ်ချောင်း မပြည့်ဘူး။ အောင်စောဦးလို ခွန်မားကိုဘန်လို အမတ်တွေပါတာပဲ လို့ "လုံးချ" ပြောနေတာ ဖြစ်တယ်။ ဒီမိုကရေစီ စံနှုန်းအရ ​ရွေးကောက်ခံ အမတ် ဟာ ပြည်ထောင်စု တခုလုံးရဲ့ ၅၀% ကျော်မှ အထမြောက်တယ်။ ၁၉၉၀ ရွေးကောက် ခံတွေကို ကိုယ်စားပြုတဲ့ DASSK ပါဝင်တဲ့ CRPP က FCDCC ကို အတည်ပြုပေးတာ မရှိခဲ့ဘူး။ ဒါက De Jure ပိုင်း  ▪️ De Facto နယ်မြေစိုးမိုးမှုပိုင်းမှာ ကြည့်ရင် FCDCC ကို ၂၀၀၅ မှာ စတင်ရေးဆွဲပြီး ၂၀၀၈ မှာ အပြီးသတ်တယ်။ EAO တွေ ပါဝင်ရေးဆွဲတယ် ဆိုပေမယ့် အတည်ပြုခဲ့တာ မရှိဘူး။ EAO တွေရဲ့ စိုးမိုးနယ်မြေ ( ပြည်နယ်တခုလုံးတောင် မဟုတ်) မှာတောင် ကျင့်သုံးတာ မရှိခဲ့ဘူး။ အဆိုးရွားဆုံးပြဿနာက EAO တွေဟာ FCDCC ရေးဆွဲနေတဲ့ ကာလမှာ သိန်းစိန် ဦးစီးတဲ့ ညောင်နှစ်ပင် အမျိုးသားညီလာခံမှာ ၂၀၀၄-၂၀၀၈ မှာ တက်ရောက် အဆိုပြု လက်မှတ်ရေးထိုးခဲ့တယ်။ ဒါဟာ FCDCC ကို အလေးအနက် အသိအမှတ်မပြုခဲဲ့တာ ပေါ်လွင်နေတယ်။   ▪️ EAO တွေဟာ FCDCC ကိုသာ အတည်မပြု မကျင့်သုံးခဲ့ပေမယ့်၊ ညောင်နှစ်ပင် အမျိုးသားညီလာခ