NCA အကြောင်း ပြောရင်

NCA အကြောင်း ပြောရင် စာချုပ် .. စာချုပ် .. နဲ့ ဒီစာရွက်အကြောင်းပဲ ပြောကြတယ်။

စာချုပ်တခုရဲ့ " ယုံကြည်မှု" အကြောင်း မစဉ်းစားကြဘူး။

ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာ အလိမ်ခံနေကြတာရတာဟာ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး။

▪️ NCA စာချုပ်မှာ အရပ်သားတွေအပေါ် ထားရှိရမယ့် စည်းကမ်း ပုဒ်မ တွေကို တပ်မတော်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်တယ်။

NCA စာချုပ် ပုဒ်မ (၉) 👇




ဒီလို ချိုးဖောက်ရင် အရေးယူမယ့် ဥပဒေစိုးမိုးရေး ယန္တရား တရပ် NCA မှာ မရှိဘူး။
ဥပဒေစိုးမိုးရေး ယန္တရား မရှိတဲ့အတွက် .. နောက်တနည်းက ..

စာချုပ်ပ်ကို လက်မှတ်ထိုးတဲ့ အဖွဲ့ဝင်တွေက ကန့်ကွက်ရမယ်။ သပိတ်မှောက်ရမယ်။ ဆန့်ကျင်ရမယ်။ စုပေါင်း အရေးယူရေး ဆောင်ရွက်ရမယ်။

NCA အဖွဲ့ဝင်တွေဟာ ဒီဝတ္တရား ပျက်ကွက်နေတယ်။ စာချုပ်တွေ ဥပဒေ တွေ တဆာဆာ အော်ပေမယ့် အခြေခံ ကျင့်ဝတ်ဖြစ်တဲ့ Rule of Law ကို ကကြီးခခွေးတောင် မသိပဲ ၊ အကျိုးစီးပွား ပေသီးခေါက်နေကြတယ်

▪️ အဖွဲ့အစည်း အချင်းချင်း ချုပ်ဆိုတဲ့ စာချူပ်တခု ဖြစ်စေ ၊ ပြည်သူနဲ့ အစိုးရ ကြား ချုပ်ဆိုတဲ့ စာချူပ် ( အခြေခံဥပဒေ) ဖြစ်စေ၊ နိုင်ငံအချင်းချင်း ချုပ်ဆိုတဲ့ ငြိမ်းချမ်းရေး စာချူပ် ဖြစ်စေ ( ဥပမာ ဗာဆိုင်းစာချူပ်) ... တဖက်ဖက်က ချိုးဖောက်ရင်.. စာချုပ် ပျက်ပြယ်တယ်

၁၉၇၄ အခြေခံဥပဒေကို စစ်တပ်က အာဏာသိမ်းပြီး ၁၉၈၈ စက်တင်ဘာမှာ ဖျက်သိမ်းကြောင်း ကြေညာတာကို လက်ခံပြီး ၂၀၀၈ ခြေဥ ရေးဆွဲတဲ့ အမျိုးသားညီလာခံတက်ရောက်ခဲ့တဲ့ EAO တွေဟာ ဒီအဆို ဟုတ်မဟုတ် ရိုးိရုးသားသား ဖြေကြားသင့်တယ်။

ဗာဆိုင်းစာချုပ်မှာ မတရားတဲ့အချက်တွေပါလို့ ဂျာမဏီက ချိုးဖောက်တဲ့အခါ စာချုပ် ပျက်ပြယ်တယ်။ စာချုပ်မပျက်ပြယ်ရင် ဂျာမဏီဟာ ယနေ့အထိ ဗာဆိုင်းစာချုပ်က စစ်လျော်ကြေးတွေ ပေးဆောင်နေရမယ်။ လက်နက်လျှော့ချကန့်သတ်ခံရမယ်

စစ်တပ်ဟာ ရာဇသတ်ကြီး ပုဒ်မ ၁၂၁(ဃ) နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ပြီး အာဏာသိမ်းလို့ ပြည်သူလူထုနဲ့ ပြည်သူ့ကိုယ်စားပြုတွေဟာ ၂၀၀၈ ခြေဥ ဟာ ပျက်ပြယ်ပြီးလို့ ကြေညာတယ်။

၂၀၂၁ ပြည်ထောင်စု လွတ်တော်က ဖျက်သိမ်းလိုက်တဲ့ ၂၀၀၈ ခြေဥကို ကျားသေးအသက်သွင်းဖို့ နာနာဘဝ ဖုတ်သွင်းဖို့ အစီအမံမှာ EAO တွေက NCA စာရွက်နဲ့ မန်းမှုတ်နေတာဟာ ကျင့်ဝတ်သီလ ပိုင်းဆိုင်ရာ ယုတ်ညံ့ခြင်းတရပ်ဖြစ်တယ်

▪️ စာချုပ်ဟာ စာရွက်တရွက်ပဲ။ အခြေခံဥပဒေဟာ စာအုပ်တအုပ်ပဲ။ ပိဿာချိန်နဲ့ ရောင်းရင် ငွေ ၁၀၀ ထက် ပိုမရဘူး။ စာချုပ် ဖြစ်စေ အခြေခံဥပဒေ ဖြစ်စေ အနှစ်သာရက ဒီမှာ ပါဝင်ကတိပြုတဲ့ instituition တွေအပေါ် ယုံကြည်ချက် Trust အပေါ် အခြေခံတယ်။

ယုံကြည်ချက် Trust မရှိသင့်တဲ့ instituition တခုကို ဆက်လက် ယုံကြည်နေမယ် ဆိုရင် မိုက်မဲခြင်း တရပ်ပဲ။ တဦးတယောက် ပဲ ထိခိုက်တဲ့ မိုက်မဲခြင်း မဟုတ်၊ အနာဂတ် တိုင်းပြည်နဲ့ လူမျိုးတခုလုံ ထိခိုက်မယ့် မိုက်မဲခြင်းမျိုး ဖြစ်တယ်။

၂၀၀၈ ခြေဥဟာ စစ်အာဏာအခြေခံဥပဒေ ဖြစ်တယ်လို့ EAO တွေက တညီတညွတ်ထဲ ဆိုတယ်။ ဒါဆိုရင် ညောင်နှစ်ပင် အမျိုးသားညီလာခံတက်တုန်းက ဘယ် institution ကို ဘယ်လို ယုံကြည်ချက် Trust ထားရှိပြီး တက်ရောက်ခဲ့ကြလဲ။

အခုရော နောက်ထပ် အလိမ်အညာတွေကို ဘယ်လို ယုံကြည်ချက် Trust နဲ့ ဆက်လက် လက်ခံနေကြသလဲ။ EAO တွေ ရိုးရိုးသားသား ဖြေကြဖို့လိုတယ်။

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား