ဒါးဒါးချင်း လှံလှံချင်း

ဒါးဒါးချင်း လှံလှံချင်း

ဒါးဒါးချင်း လှံလှံချင်း ဆိုတဲ့ စကားဟာ ဒါးနဲ့ တိုက်လာရင် ဒါးနဲ့ ခုခံမယ်၊ လှံနဲ့ တိုက်လာရင် လှံနဲ့ အနိုင်ယူပြမယ် လို့ အဓိပ္ပါယ်ရတယ်။ 

တပ်တပ်ချင်း တိုက်မလား ခေါင်းဆောင်အချင်းချင်း စီးချင်းထိုးမလား လို့ စိန်ခေါ်ကြတာဟာ  စစ်ဘုရင်တွေ စစ်သူကြီးတွေရဲ့  တာဝန်ယူမှုကို ဖော်ပြတယ်။

မင်းလည်း ယောက်ျား ငါလည်း ယောက်ျား လက်သီးဆုပ်မလား လက်ဝါးဖြန့်မလား ကြိုက်ရာကို ရွေးစမ်း ဆိုတဲ့ သီချင်းစာသားဟာ ယောက်ျားမာန်မာနကို ထုတ်ဖော်တဲ့ စာသားဖြစ်တယ်

ဒါးနဲ့ လှံ ရင်ဆိုင်ထားတဲ့ မောက်တို ပုံစံ ကို ရဲဘော်သုံးကျိပ် ဒုတိယခေါင်းဆောင် ၊ နောင်အခါ စစ်သေနာပတိ ဗိုလ်လက်ျာ က ဗမာ့တပ်မတော် တိုက်ခိုက်ရေးတပ် တံဆိပ်အဖြစ် သူကိုယ်တိုင် ရေးဆွဲ ပြီး သတ်မှတ်ပေးခဲ့တယ်။

လက်နက်မဲ့ အရပ်သား ပြည်သူတွေ ကျောင်းသားတွေ ၊ အရပ်ဘက် အဆောက်အဦးတွေကို   ရန်စွယ်ငေါငေါနဲ့  ဖျက်ဆီး တဲ့ စည်းမဲ့ ကမ်းမဲ့ စစ်တပ်မျိုးဟာ မရှိသင့်ဘူး၊ ဖျက်သိမ်းပစ်ရမယ်လို့  ဗိုလ်ချုပ်အောင်ဆန်းက မှာကြားထားခဲ့တယ်။

သူရဲဘောကြောင်ခြင်း အစ

ဗိုလ်နေဝင်းလက်ထက်မှာတော့ လက်နက်ဟူ၍ အပ်တို တချောင်းမျှ မပါတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို ၁၉၆၂ ဇူလိုင်လ ၇ ရက်မှာ ဂျာမဏီက နည်းပညာရရှိ ထုတ်လုပ်ကာစ ဂျီသရီး မောင်းပြန်သေနတ်တွေနဲ့  စမ်းသပ် ပစ်ခတ် သတ်ဖြတ်ခဲ့တယ်။

ဒါတင်မက လွတ်လပ်ရေး သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်။ 

နောက်နေ့မှာ ဗိုလ်နေဝင်းဟာ လက်နက်မဲ့ကျောင်းသားတွေကို "ဒါးဒါးချင်း လှံလှံချင်း" လို့ စိန်ခေါ်ခဲ့တယ်။  

ပထမဆုံး အရပ်ဘက် အဆောက်အဦး နဲ့ လက်နက်မဲ့ ကျောင်းသားတွေကို သ/တ်ဖြတ် ဖျက်ဆီးတဲ့ လွတ်လပ်ပြီးခေတ် မြန်မာ့တပ်မတော်သစ် ရဲ့  သူရဲဘောကြောင်တဲ့ လုပ်ရပ် ဖြစ်တယ်။

၁၉၆၂ - ၇ ဇူလိုင်  မှာ ဒါး ဒါးချင်း လှံ လှံချင်း  ကြိမ်းဝါးတဲ့ ဗိုလ်နေဝင်းဟာ .. ၁၉၈၈ ဇူလိုင်၂၄ မှာ .. အမိန့်ပေးသူက သူမဟုတ်ကြောင်း ပြည်သူ့လွှတ်တော်မှာ ပြောခဲ့ပြန်တယ်။ ဗိုလ်အောင်ကြီး နဲ့ ဗိုလ်နေဝင်းဟာ .. တာဝန်ခံမှု မရှိပဲ အပြန်အလှန် ခေါင်းရှောင်ကြတယ်။

သူရဲဘောကြောင်ခြင်း အလယ်

အဲဒီနောက် မှိုင်းရာပြည့်၊ ဦးသန့်၊ အလုပ်သမား၊ ဆန် အရေးအခင်း တွေမှာလည်း စစ်တပ်ရဲ့ သူရဲဘောကြောင်မှုကို ပြသခဲ့တယ်။  စစ်တပ်က သတင်းဆက်သွယ်ရေး ကို ထိန်းချုပ်ထားလို့ တခြားမြို့ရွာက ပြည်သူတွေ မသိခဲ့ရဘူး။

၁၉၈၈ မှာ တပြည်လုံးအတိုင်းအတာနဲ့ ဆန္ဒပြမှုမှာ လက်နက်မဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူ ၃,၀၀၀ ကျော်ကို ပေတရာလမ်းမပေါ်မှာပဲ ပစ်သတ်ခဲ့တယ်။ 

ကျောင်းသားလူငယ် ၅၀၀ ကျော်ဟာ နယ်စပ်ဒေသတွေကို ထွက်ခွါပြီး ကျောင်းသားတပ်မတော် ABSDF ကို ထူထောင်ကြတယ်။ ABSDF ရဲ့ လက်မောင်းတံဆိပ်မှာ " ဒါး ဒါးချင်း လှံ လှံချင်း" တိုက်ခိုက်မယ်လို့ အဓိပ္ပါယ်ရှိတဲ့ " ဒါး နဲ့ လှံ ရင်ဆိုင် အမှတ်အသား" ပါရှိလာတယ်။

ဗိုလ်နေဝင်း လက်လက်က စလို့ မြန်မာစစ်တပ်ဟာ ပုဂ္ဂလခါးပိုက်ဆောင် ကြေးစားတပ်အဖြစ် ပြောင်းလဲခြင်း ခံရပြီး နေဝင်းတပ်၊ သန်းရွှေတပ်၊ မအလတပ် လို့  လူနာမည်တပ် ခေါ်ဝေါ်ခံကြရတယ်။

သူရဲဘောကြောင်ခြင်း အဆုံး

ဗိုလ်နေဝင်းရဲ့ လက်ဆင့်ကမ်း အမွေဖြစ်တဲ့ သူရဲဘောကြောင်မှုဟာ မအလတပ် အထိ ဆက်ခံကျင့်သုံးနေတယ်။ 

ဒါး ဒါးချင်း လှံ လှံချင်း မရင်ဆိုင်ရဲတဲ့ မအလတပ်မှာ သူရဲဘောကြောင်ခြင်း ၃ ရပ် ရှိတယ်။ 

(၁) လက်နက်မဲ့ အပြစ်မဲ့ ပြည်သူနဲ့ မြို့ရွာတွေကို .. စစ်ရေး ပစ်မှတ် အဖြစ် သတ်မှတ်ပြီး ..  အရပ်ဘက် သက်ရှိရော သက်မဲ့တွေကို ... သတ်ဖြတ် ဖျက်ဆီးတဲ့ သူရဲဘောကြောင်ခြင်း တရပ် 

( လက်နက်မဲ့ ဆန္ဒပြ နေတဲ့ အရပ်သားကို အော်တိုမစ်တစ်မောင်းပြန်တွေ၊ စနိုက်ပါတွေ၊ PRG တွေနဲ့ ပစ်ခတ် တဲ့ မျက်မြင်သက်သေ ဓာတ်ပုံ ဗီဒီယိုတွေ အကျဉ်းသားတွေကို ဟန်ပြ တရားစွဲဆိုခြင်းပင်မရှိပဲ ပါးစပ်ထဲ အက်ဆစ်လောင်း၊ ဗိုက်ကို သံချွန်နဲ့ ထိုးမွှေ၊ မီးရှို့ သတ်ဖြတ်တဲ့ သတင်းတွေ ၊ လူတွေ သာမက .. မြို့ တွေ ရွာတွေ အိုးအိမ် တွေ အိမ်မွေးတိရစ္ဆာန် ဓနဥစ္စာတွေ ဘာသာရေး အဆောက်အဦး စာသင်ကျောင်းတွေ ဆေးရုံတွေကို ဗုံးကြဲ မီးရှို့ တဲ့ သတင်းတွေ ကို IT ခေတ်မှာ တကမ္ဘာလုံး သိကြရပြီ)

(၂) သူတို့ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ၊ အကြမ်းဖက်ဖျက်ဆီးမှုတွေကို .. တာဝန် ခံမှု မရှိတဲ့ သူရဲဘောကြောင်ခြင်း တရပ် 

( မြန်မာနိုင်ငံဟာ မအလတပ်ရဲ့ သူရဲဘောကြောင်ခြင်း ၂ ရပ်ကြောင့် နိုင်ငံတကာတကာ တရားရုံးမှာ ဂျီနိုစိုက်မှုနဲ့ တရားစွဲခံရပြီး၊ မအလက သွားရောက် မဖြေရှင်းရဲပဲ ပုန်းအောင်းနေခဲ့တယ်) 

လက်မောင်း တံဆိပ်မှာ " ဒါး လှံ ရင်ဆိုင်" တံဆိပ်ကြီး တပ်ပြီး သောက်ရှက်မရှိ ပဲ .. အရပ်သား သက်ရှိ ပြည်သူကို သတ်၊ အရပ်ဘက် မြို့ရွာ အိုးအိမ်တွေကို ဖျက်နေတာ .. အရှက်မရှိ ယောက်ျားမပီသတဲ့ လုပ်ရပ်ဖြစ်တယ် အမျိုးဂုဏ် ဇာတိဂုဏ် ကို ဖျက်ဆီးနေတာ ဖြစ်တယ်

အဲဒီလို ကျင့်ဝတ်သိက္ခာမရှိ၊ စည်းမဲ့ ကမ်းမဲ့ ၊ စည်းပျက် ကမ်းပျက် .. ဖြစ်နေတဲ့ သူရဲဘောကြောင်တဲ့  ပုဂ္ဂလ ခါးပိုက်ဆောင် ကြေးစား အကြမ်းဖက် မအလတပ်ကို ... ဖျက်သိမ်းပြီး .. ဖက်ဒရယ်တပ်မတော်နဲ့ အစားထိုး ဖွဲ့စည်းသင့်ပြီ










---

မအလတပ်ရဲ့ နံပါတ် (၃) သူရဲဘောကြောင်ခြင်းက ဘာလဲ ရေးဦးမယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား