ပြန်လည်အသုံးပြုသင့်သော ပြည်ထောင်စုအလံ

ပြန်လည်အသုံးပြုသင့်သော ပြည်ထောင်စုအလံ
လွတ်လပ်ရေး ကို ရယူခဲ့တဲ့ ကြယ်ဖြူကြီး ၁ လုံး + ကြယ်ဖြူငယ် ၅ လုံး အလံကို လွဲမှားစွာ အဓိပ္ပါယ် ဖွင့်ကြတယ်
▪️ အမှား (1) - အလယ်က ကြယ်ဖြူကြီးဟာ ဗမာ၊ ဘေးက ကြယ်ငယ် ၅ လုံးဟာ အခြားတိုင်းရင်းသား ၅ မျိုး = စုစုပေါင်း လူမျိုး ၆ မျိုး ကိုယ်စားပြုတယ်
ဖြေရှင်းချက်။  ယင်းအဆို မှားပါတယ်။ ၁၉၄၈ ပြည်ထောင်စုနိုင်ငံသား ဥပဒေ ကို ကြည့်ပါ ။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊  မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း = စုစုပေါင်း လူမျိုး ၈ မျိုးရှိပါတယ်
၆ မျိုးထဲ ကိုယ်စားပြုတယ်ဆိုတဲ့ ရမ်းသမ်းထင်မြင်ချက်နဲ့ မကိုက်ညီပါ



▪️ အမှား (2) - အလယ်က ကြယ်ဖြူကြီးဟာ ပြည်မ ၊ ဘေးက ကြယ်ငယ် ၅ လုံးဟာ အခြားပြည်နယ် ၅ ခု
= စုစုပေါင်း ပြည်မ+ပြည်နယ်  ၆ ခု ကိုယ်စားပြုတယ်
ဖြေရှင်းချက်။  ယင်းအဆို မှားပါတယ်။ ၁၉၄၇ အခြေခံဥပဒေကို ကြည့်ပါ .. ​ပြည်မ၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ဟူ၍ စုစုပေါင်း ၄ ခုပဲရှိပါတယ် ..
​ပြည်မ+ပြည်နယ်  ၆ ခု ကိုယ်စားပြုကိုယ်စားပြုတယ်ဆိုတဲ့ ရမ်းသမ်းထင်မြင်ချက်နဲ့ မကိုက်ညီပါ
▪️အမှန်တရား  
✅ အလယ်က ကြယ်ဖြူကြီးဟာ "တော်လှန်ရေး ကြယ်" ။  
ဖက်ဆစ်တော်လှန်ရေး အလံက ကြယ်ဖြူကြီးကို ဆက်လက်သယ်ဆောင်လာတာ ဖြစ်တယ်
✅ ဘေးပတ်လည်က ကြယ်ဖြူငါးလုံးက "ဝန်းရံခြင်း " သဘောကိုပဲ ဖော်ပြတဲ့ သင်္ကေတ။
ဆိုလိုတာက ကရင်၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ (ဖဆပလ ဂျာနယ်-  လူမျိုး ၇ မျိုး ကရင်နီမပါ) အပြင် ..... လဝ၊ ပလောင်၊ ပအိုဝ်း၊ လားဟူ၊ ထားဝယ်၊ .... အဲဒီ ရှိရှိသမျှ လူမျိုးစုတွေက #ဝန်းရံခြင်း သဘောကို ဆောင်တယ်။
ဟောဒီက  လွတ်လပ်ရေး ရခါနီး  ဖဆပလ သတင်းစဉ် ( ဦးစီးအယ်ဒီတာ - ဦးသန့်) အတွဲ (၁) ၁၃၀၉ ဝါခေါင်လဆုတ် ၈ ရက် ၊ ၉-၈-၁၉၄၇ အမှတ် (၃၅) တာဝန်ခံ အယ်ဒီတာ - ဗိုလ်အေးမောင်၊ မခင်စု )  ဖဆပလ ဂျာနယ် ထဲမှာ သေသေချာချာ ရေးထားတယ်။


၁၉၄၇ ဇူလိုင် ၁၉ မှာ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးတယ်။ ၂၁ ရက်အကြာ၊  ၁၉၄၇ ဩဂတ် ၉ ရက်မှာ ထုတ်ဝေဖော်ပြတာ။  ၁၉၄၈ ဇန်နဝါရီ ၄ မှာ လွတ်လပ်ရေးရတယ်။ 

လွတ်လပ်ရေးမရခင်ကတည်းက ပြည်သူကို ကြေညာပြီးသား။  အဲဒီအချိန်က တိုင်းရင်းသားခေါင်းဆောင်တွေ မကန့်ကွက်ပါ ... လူမျိုးစုလွှတ်တော်မှာ စုစုပေါင်း အမတ် ၁၆၀ ရှိတယ်  ...  မြန်မာက ၇၀ နေရာ ပဲပါတယ် ... ကျန်တဲ့ တဝက်ကျော်က အခြားတရသတွေ ဖြစ်တယ် သူတို့က မဲ ၅၀% ကျော်ယူထားတာပါ ...  ဒီတော့ ၁၉၄၇ ခြေဥကို  အပြစ်တင်ရင် ရေးတဲ့  ကွက်ပြီး foul ထုနေတာ တရားပါ့မလား .... 


လူမျိုးနာမည်ပါ တခါတည်း အမှန် သိသွားကြဦး။ ၁၉၄၇ နိုင်ငံသားဥပဒေမှာ မြန်မာလူမျိုးလို့ တရားဝင်၊ (တဖန်) ဥပဒေဝင် ပြဒါန်းခဲ့တာကို နေဝင်းက ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ဗမာလူမျိုးဆိုပြီး တရားမဝင်၊ဥပဒေဝင် လုပ်ခဲ့တာ

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား