၂၀၁၀ စစ်မှုထမ်း ဥပဒေ

မအလ ရဲ့ အသက် ၁၈ ပြည့်သူတိုင်း  "လူthတ်လက်နက်ကိုင် အကြမ်းဖက် ရမယ် " ဆိုတဲ့  ၂၀၁၀  စစ်မှုထမ်း ဥပဒေ ကြေညာချက်ကို .... ငါးမင်းဆွေက ... ဒါဟာ မအလတပ်ရဲ့ plan B လို့ ပြောတယ်။

(၁) မေတ္တာမင်းဆွေ လို့ မိမိဘာသာ သမုတ်တဲ့ ဘောမကြီးဟာ တနိုင်ငံလုံးကို စစ်မီးထဲ သွတ်သွင်းနေတာကို အားပေးထောက်ခံတယ်။ 

နိုင်ငံရေး နည်းလမ်း ဘာညာ တဆာဆာ အော်ဟစ်လေ့ရှိတဲ့ တိုင်းရင်းသား/ ပြည်သူအမည်ခံပါတီတွေ၊ NCA ထိုး လက်နက်ကိုင်တွေဟာ .... မအလတပ်ရဲ့   ..  စစ်ရေးနည်းလမ်း ကြေညာချက်ကို ..  ရေငုံနုတ်ပိတ်ပြီး ရူးချင်ယောင်ဆောင်နေကြတယ်။

(၂) ၂၀၁၀ မေလ မှာ ရွေးကောက်ပွဲ ကျင်းပတယ်။ NLD , SNLD, ALD မပါဘူး။  UEC ဥက္ကဌက (ဗိုလ်ချုပ် ) သိန်းစိုး ဖြစ်တယ်။ နာဂစ် ကာလ မှာ ကြိုတင်မဲတွေ နဲ့ မဲလိမ် မဲခိုးတယ်။ ရွေးကောက်ခံ ကြံဖွတ်အမတ်စာရင်းကို ကြေညာတယ်။ 

လွှတ်တော် ခေါ်ခါနီး ဆဲဆဲ ဒီဇင်ဘာလမှာ ... သန်းရွှေက ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို တယောက်ထဲ ရေးပြီး ပြဒါန်းတယ်။

NLD ပါတီက သန်းရွှေရဲ့ အာဏာအလွဲသုံးစားလုပ်မှုကို  ပြုကျင့်မှုကို ကန့်ကွက်ခဲ့တယ်။ ဥပဒေပြုရန် လွှတ်တော် ခေါ်ယူမယ့်ဆဲဆဲ၊ ရွေးကောက်ခံမဟုတ်တဲ့  လူတဦးတယောက် က စိတ်ရူးပေါက်ရာ ရေးပြီး ပြဒါန်းတာဟာ စစ်အုပ်စု ရေးတဲ့ ၂၀၀၈ ခြေဥကို အဝှါနဲ့ ထိုးတာပဲ ဖြစ်တယ်။

ငါးမင်းဆွေ ပြောတဲ့ plan B ဆိုတာ  ၂၀၁၀ ဒီဇင်ဘာထဲက ကြိုတင် ကြံစည်ထားတာ ဖြစ်တယ်။

(၃) မအလဟာ အာဏာမသိမ်းခါနီး ဆဲဆဲ ၂၀၂၀ ဒီဇင်ဘာမှာ  ... မအလက ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို ကျင့်သုံးမယ်လို့  ဆိုတယ်။ .. တိုင်းရင်းသား လက်နက်ကိုင်တွေက     ၂၁ ပင်လုံ ညီလာခံ လုပ်နေတုန်း  ဒီဥပဒေကို အသက်သွင်းချင်တာ ဘာသဘောလဲ လို့ မေးခွန်း ထုတ်ကြတယ်။

အဲဒီအခါမှ  ဗခ ဇော်မင်းထွန်းက "  ယခုဖြစ်ပေါ်နေတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအခြေအနေတွေကြောင့် ဒီစစ်မှုထမ်းဥပဒေဟာတော့ ကျင့်သုံးဖို့အတွက် အခုလောလောဆယ်မှာတော့ အကန့်အသတ်တွေရှိပါတယ်။ ငြိမ်းချမ်းရေးရရှိလာရင်တော့ ... ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်တိုးတက်လာရင် ..  ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ဆောင်ရွက်သင့်တဲ့ ဥပဒေတစ်ခုဖြစ်တယ်။   တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့က အနာဂတ်မှာ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းအဖြစ် .. ကြိုတင်ပြီး အသိပေးထားခြင်းဖြစ်တယ်" လို့ ပြောပါတယ်။

နေပြည်တော်၊ ဒီဇင်ဘာ- ၃၁- ၂၀၂၀

https://www.facebook.com/VoiceofMyanmarNews/videos/440117534025740/

https://bit.ly/3n3TWVU

 ဒီအချက်ကို ကြည့်ရင် မအလဟာ PDF တွေ မပေါ်ခင်ကထဲက တိုင်းရင်းသား လက်နက်ကိုင် EAO တွေကို ချေမှုန်းဖို့ plan B ကို ကြံစည်ခဲ့တာ သက်သေပြနေတယ်။  ဇော်မဲလုံးရဲ့ စကားမှာ " ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအခြေအနေတွေကြောင့်" ဆိုတာ PDF တွေကို ရည်ညွန်းတာ  မဟုတ်ဘူး။ 

မအလစစ်တပ်ဟာ တဖက်မှာ NCA ငြိမ်းချမ်းရေး တွေ ဟစ်အော်ပြီး တဖက်မှာ ပြည်သူတိုင်းကို ပြည်တွင်းစစ်ထဲ ထည့်ပြီး  EAO တွေ အမြစ်ဖြတ်မယ့် အကြံ ဖြစ်တယ်။   မအလ လျှာချော်ထွက်လာတာကို ဇော်မဲလုံးက ပြန်ဖုံးတာ ဖြစ်တယ်။

(၄) မအလဟာ အာဏာသိမ်းပြီးနောက်  ၂၀၂၂ ဖေဖော်ဝါရီ ၂ ( တနှစ်ပြည့် ) မှာ .. စစ်မှုမထမ်းမနေရ ဥပဒေကို မဖြစ်မနေလုပ်ရမယ်လို့ ပြောပါတယ်။ 

" အမျိုးသားစစ်မှုထမ်းဥပဒေကို ကျွန်တော်တို့မကျင့်သုံးရတာဟာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ကျွန်တော်တို့လုပ်လို့မရဘူး။  -----  စစ်ရေးအရ ကာကွယ်ရေးစွမ်းအားမကောင်းတော့ ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်လိမ့်မယ်။ ကျွန်တော်တို့တွေစော်ကားခံရလိမ့်မယ်။ ခြံစည်းရိုးတွေလုံမှာမဟုတ်ဘူး။  ---- ဒါကို ဒီနှစ်မှာ ကျွန်တော်တို့က တတ်နိုင်သလောက်ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်"လို့ ဆိုတယ်။ 

PDF တွေ တူမီးနဲ့ စတင်တော်လှန်နေချိန်မှာ မအလက ထပ်မံ ပြောကြားတာ ဖြစ်တယ်။ ဒီအချက်ဟာ ငါးမင်းဆွေ ပြောသလို ၁၀၂၇ စစ်ဆင်ရေးကြောင့် မအလ Plan B လုပ်တာ မဟုတ်သလို၊  ၆လသား တူမီးကိုင် PDF တွေကြောင့်လည်း မဟုတ်ဘူး။ 

မအလဟာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိနေလို့ မကျင့်သုံးပါဘူးလို့ ပါးစပ်က တတွင်တွင်ပြောပြီး  နောက်ကွယ်မှာတော့ ဒါကို အကောင်အထည်ဖော်ဖို့  ကြိုးစားနေတာ ဖြစ်တယ်။

https://www.facebook.com/166580710064489/posts/4995347960521049/

(၅) ငါးမင်းဆွေက " သန်းရွှေဟာ plan A ( EAO တွေကို NCA လမ်းကြောင်းနဲ့  ခေါ် .. စီးပွားရေးလုပ် .. ပါတီထောင် .. ပြည်သူ့စစ် / BGF လုပ် ... အောင်ခမ်းထီရဲ့ PNO လို နေကြ )  ချထားတယ်။ ဒါကို EAO တွေက မလုပ်ရင် plan B ( ပြည်သူတွေကို စစ်ထဲ ထည့်ပြီး EAO တွေကို  တိုက်မယ် ) ဆိုတာပဲ ဖြစ်တယ်။

ဒီအကြံအစည်ဟာ ၂၀၁၀ ဒီဇင်ဘာ ( ကြံဖွတ်လွှတ်တော် မတိုင်ခင်) ၊ ၂၀၂၀ ဒီဇင်ဘာ( မအလ အာဏာ မသိမ်းခင်) ထဲက .. ပေါ်ထွက်ခဲ့တာ ဖြစ်တဲ့ အတွက် ... PDF နဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့်  နေ့ချင်း ညချင်း အားချင်း စီစဉ်တာ မဟုတ်ဘူး။  ဆယ်စုနှစ် တခု ကြိုတင်စီမံကိန်း တခု ဖြစ်တယ်။

(၆) ၂၀၁၀  စစ်မှုထမ်း ဥပဒေကို သေသေချာချာ ဖတ်ကြည့်ရင် အသက်သွင်းတဲ့ ပုဒ်မပဲ ပါရှိပြီး ရပ်တန့်ဖျက်သိမ်းတဲ့ ပုဒ်မ မပါရှိဘူး။


အသက်သွင်းရမယ့် သူဟာ နိုင်ငံတော် အေးချမ်းသာယာရေး ကောင်စီ (နအဖ) ဥက္ကဌ လို့ပါရှိတယ်။ ၂၀၀၈ ခြေဥမှာ (နအဖ) လုပ်သမျှ ဆက်ခံရမယ် လို့ ပြဒါန်းထားတယ်။ ဒါကြောင့် နိုင်ငံတော် အကြီးအကဲကသာ .. အသက်သွင်းနိုင်တယ်။

ဒီတော့ .. လက်ရှ နိုင်ငံတော်အကြီးအကဲဟာ ... ဘယ်သူလဲ။ ကုလသမဂ္ဂ ရဲ့ head of state စာရင်းထဲမှာ ဦးဝင်းမြင့် ဖြစ်နေတယ်။ စကစ ရဲ့ ပြည်ထောင်စု အစိုးရ အင်္ဂါစဉ်မှာ မြင့်ဆွေ ဖြစ်နေတယ်။

မအလဟာ အာဏာ ၃ ရပ်ကို သိမ်းပိုက်ထားတယ် ဆိုစေဦးတော့ ၊ ၂၀၀၈ ခြေဥအရ လက်မှတ်ထိုးရမှာ .. နိုင်ငံတော်သမတ (အစစ်) သာ ဖြစ်တယ်။ ဒါကြောင့် ဥပဒေကြောင်းအရ မအလရဲ့ ကြေညာချက်ဟာ တရားမဝင်ဘူး။ သို့သော်လည်း  .. သိကြတဲ့အတိုင်း ... သေနတ်ထောက် စေခိုင်းရင် ရွာဦးကျောင်း ဘုန်းကြီးတောင် ဒမြ ကို ရှိခိုးရသေးတာပဲ ..။

ဒါကြောင့် start ခလုပ်ပဲ ပါပြီး stop ခလုပ် မပါတဲ့ ဒီဥပဒေဟာ မအလ အုပ်စုတခုလုံး မပျက်သုဉ်း မချင်း ( ရွေးကောက်ပွဲလုပ်ပြီး ကြံဖွတ်ကို အာဏာလွှဲဦးတော့ ကြံ့ဖွတ်သမတက) ရပ်တန့် လို့ မရတော့ဘူး ဆိုတာ အထူး သတိပြုကြစေလိုပါတယ်။



Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား