ဗိုလ်နဂါးဝါဒ
ဗိုလ်နဂါးက ဘာမှားသလဲ သူပြောနေတာက ငွေကြေးဆိုင်ရာ အချက်အလက်တွေပဲ ဖြစ်တယ်။ တကယ့်ကို အကြီးကြီး သူမှားနေတာ မူဝါဒ အချက်အလက်တွေ ဖြစ်တယ် (၁) ဖက်ဒရယ်ဒီမိုကရေစီ ချာတာ အပိုင်း ၂ ပုဒ်မ ၅ လက်နက်ကိုင်တပ်သည် အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲ့မှုအောက် ရှိရမယ် ဆိုတာ ချိုးဖောက်တယ် (၂) ဗိုလ်ချုပ်အောင်ဆန်းက စစ်သားသည် နိုင်ငံရေး အုပ်ချုပ်ရေးတွင် မပါဝင်ရလို့ ညွန်ကြားချက်ကို ချိုးဖောက်တယ်။ နိုင်ငံစည်းလုံးညီညွတ်ဖို့ အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပါတီလုပ်ငန်းတွေမှာ တပ်မတော်နဲ့ တပ်မတော်သားတွေ မပါဝင်ကြဖို့ ဗိုလ်ချုပ်အောင်ဆန်းက စည်းကမ်းချမှတ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ပြောလိုက် ပါတယ်။ “ဗမာ့လွတ်လပ်ရေးတပ်မတော်သည် အုပ်ချုပ်ရေး၊ နိုင်ငံရေးနဲ့ ပတ်သက်လို့ စွက်ဖက်ခြင်း ပြုလိမ့်မည်မဟုတ် ဗမာလွတ်လပ်ရေးတပ်မတော်ဗိုလ်များနဲ့ တပ်သားများသည် ပါတီနိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စများနှင့် စပ်လျဉ်းပြီး ပါဝင်စွက်ဖက်ခြင်း အလျဉ်းမရှိစေရ။ နိုင်ငံရဲ့ စည်းလုံးညီညွတ်ရေးကို ရည်ရွယ်ပြီး ဆောင်ရန် ရှောင်ရန်ကိုလည်း လမ်းညွှန်ခဲ့ကြောင်း နိုင်ငံရေး ဂန္တဝင်စာအုပ်မှာ လေ့လာတွေ့ရှိရပါတယ်။” နေပြည်တော်၊ သပြေကုန်းအဝိုင်းမှာ ဗိုလ်ချ...