နိုင်ငံရေးနည်းလမ်း ဆိုတာ

နိုင်ငံရေးနည်းလမ်း ဆိုတာ .. စစ်တပ် မပါနဲ့ နည်းလမ်းပဲ။ ဘယ်ဒီမိုကရေစီ နိုင်ငံမှ နိုင်ငံရေး မှာ စစ်တပ်မပါဘူး

မြန်မာပြည်က ပါတီ/ လက်နက်ကိုင် ဘောမတွေ ပြောနေတဲ့ နိုင်ငံရေး နည်းလမ်း ဆိုတာ စစ်တပ် သဘောကျ နေပေးကြ ဆိုတဲ့ လမ်းကြောင်းပဲ။

အဲဒီက စပြီး မှား​နေတာ။

နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းတယ် ဆိုတာ ...

တိုင်းရင်းသား တွေက မိမိတို့ ကိုယ်စားလှယ်တွေ ပထမဆုံး ရွေးကောက်ရမယ်။ အဲဒီလို ရွေးကောက်ရာမှာ ပါတီ/ လက်နက်ကိုင် ဘယ်အဖွဲ့က ဖြစ်စေ မိမိ ဒေသ ၊ မိမိပြည်နယ်က လူထုက ရွေးဖို့ ပဲ လိုတယ်

အဲဒီ ကိုယ်စားလှယ်တွေက စားပွဲဝိုင်း ပေါ်မှာ ငြင်းကြ ခုန်ကြ ဆွေးနွေးကြပြီး ဘုံသဘောတူညီချက်ရယူတာ ။ ဒါဟာ နိုင်ငံရေး နည်းလမ်းပဲ

မြန်မာစစ်တပ်နဲ့ EAO တွေ ဝေစားမျှစား အကျိုးစီးပွါး ကိတ်မုန့်ခွဲတာ နိုင်ငံရေးနည်းလမ်း မဟုတ်ဘူး။ ဒါဟာ လုယက်မှုပဲ။ အမျိုးသားရေးအမည်ခံပြီး တစုတဖွဲ့ကောင်းစားရေး လုပ်တဲ့ အင်မတန် အောက်တန်းကျ နိမ့်ကျတဲ့ လုပ်ရပ်ပဲ။

နိုင်ငံရေးနည်းလမ်း ဟာ အလုပ်မဖြစ်ပါဘူး ဆိုပြီး လက်နက်ကိုင်ကြ၊ စစ်ပွဲတွေ ဖြစ်ကြ၊ ပြည်သူလူထု စစ်ဘေးဒဏ်သင့်ကြ နဲ့ ပေးဆပ်ပြီးကာမှ ... တော်လှန်ရေးရည်မှန်းချက်ကို တစိုက်မတ်မတ် သွားရမယ့် အစား၊
​ဟိုနေရာလေး သွားနေပါ၊ ဟိုတပ်စခန်း ဆုတ်လိုက်ပါ၊ ဟိုအဖွဲ့နဲ့ မပေါင်းနဲ့ ဆိုတဲ့ မိမိရန်သူစကား လိုက်နာပြီး ဘောမနေကြတာ... တမလွန်က အသက်ပေးခဲ့တဲ့ မိမိ ရဲဘော်ရဲဖက်တွေကို သစ္စာဖောက်တာပဲ..

ကျဆုံးရဲဘော် မြေပုံနားမှာ သေနတ်မြှောက်ပြီး "ငါတို့သည် တော်လှန်ရေး ဆုံးခမ်းတိုင်သည်အထိ အရိုးကြေကြေ အရေခမ်းခမ်း မဆုတ်မနစ် တိုက်ပွဲဝင်ပါမည်" လို့ အဓိဌာန်ပြုခဲ့တာတွေဟာ .... ဒီမှာ​ပြော ဒီမှာ မေ့ခဲ့ကြတဲ့ ဟန်လုပ် မာန်ထုတ်ရုံသက်သက်ပဲ။

မအလက " ဖက်ဒရယ် နဲ့ ဒီမိုကရေစီ လုပ်ပေးမယ်။ EAOတွေက NUG နဲ့ မပူးပေါင်းရ " ဆိုတဲ့စကားဟာ နွားဖားကြိုး ကောက်ထိုးလိုက်တာပဲ။

မြန်မာစစ်တပ်ပြောတဲ့ ဆိုရှယ်လစ်၊ ဒီမိုကရေစီ၊ ဖက်ဒရယ် ဆိုတာ ဘာလဲ မသိကြတာလည်း မဟုတ်။ မအလက "ယခုအခါ ပြည်နယ်အစိုးရများသည် ဖက်ဒရယ်ကို ကျင့်သုံးနေကြပြီ" လို့ ပြောတယ်။ မအလ ခံယူထားတာတဲ့ ဖက်ဒရယ်ဆိုတာ ဒီလိုပုံစံပဲ ။ ဘောမ EAO တွေက ဒီပုံစံကို လက်ခံကြတယ်။

ဖက်ဒရယ် မှာ ကိုယ်ပိုင်ပြဒါန်း ခွင့် ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တာဝန်ခွဲဝေ ဆောင်ရွက်ရေး ဆိုတာ ရှိတယ်။

ကိုယ်ပိုင်ပြဒါန်း ခွင့် ဆိုတာ .... ပြည်နယ် လွှတ်တော်ထဲ ဝင်ထိုင်နေတာ မဟုတ်။ ပြည်နယ်လွှတ်တော် တခုလုံး မြန်မာစစ်တပ် ကင်းစင်ပြီး ပြည်နယ် လူထု ရွေးကောက်ခံတွေ ပဲ ရှိနေတဲ့ De Jure အပြည့်အဝ ရှိရမယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတာ .... မြန်မာစစ်တပ် အာဏာသိမ်းရင် SAZ ရုံးပေါ်က ဆွဲချခံရပြီး ကြံဖွတ်တွေအစားထိုးခံရတာ မဟုတ်။ မိမိဒေသမှာ မြန်မာစစ်စခန်း နဲ့ မြန်မာစစ်သား ကင်းစင်ပြီး မိမိ EAO တပ်တွေက တရားဝင် ပြည်နယ်တပ်တွေ ဖြစ်နေတဲ့ De Facto အပြည့်အဝ ရှိရမယ်။ ပြည်နယ်တပ်ဆိုတာ ပြည်နယ်တခုလုံးကို ကာကွယ်ထားတဲ့ တပ်ကို ဆိုလိုတာ။ ပြည်နယ်ထဲ မြန်မာစစ်တပ်က စစ်ဌာနချုပ်တွေလာ ထိုင်ပြီး ခြံစည်းရုံးစောင့်၊ မိမိလူမျိုးကို ပြန် that ရတဲ့ BGF ကို မဆိုလိုဘူး။

တာဝန်ခွဲဝေ ရေးဆိုတာ .. မအလ က ထိပ်က ထိုင်ပြီး ပြည်နယ်ဝန်ကြီးချုပ်တွေကို အမိန့်ပေးနေတာမျိုး မဟုတ်ဘူး။ ပြည်နယ်တွေရဲ့ တာဝန် ၊ ပြည်နယ်တွေရဲ့ ရပိုင်ခွင့်ကို အခြေခံဥပဒေထဲ တခါထည်း ခွဲခြားရေးသားပြီး ပြည်ထောင်စုအစိုးရက ဝင်ရောက်မစွပ်ဖက်တာကို ဆိုလိုတယ်။ တဖန် ပြည်နယ်တွေက လည်း မိမိတို့ခွဲဝေပေးရမယ့် အခွန်ငွေနဲ့ စစ်အင်အားကို တာဝန်ယူမှသာ ပြည်နယ်အချင်းချင်း အားနည်းချက် အားသာချက်ကို မျှဝေ ပေးနိုင်မယ်။

၂၀၀၈ ခြေဥမှာ ရေးထားတဲ့ " မြန်မာတပ်မတော် တခုထဲ ရှိရမည်၊ မအလ သည် EAO တပ်တွေရဲ့ အကြီးအကဲဖြစ်ရမည်။ မအလလုပ်သမျှ ပြည်နယ် အကြီးအကဲ မဆိုထားနဲ့ သမတပင် တားမြစ်ခွင့်မရှိ "ဆိုတဲ့ ပုဒ်မတွေနဲ့ ဘယ်လို ဖက်ဒရယ် ဖြစ်နိုင်မလဲ ရှင်းနေတာပဲ။

 






 
 

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား