CRPH က ပြဒါန်းသင့်သော နောက်ထပ် ဥပဒေ ၂ ခု

 ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု CRPH က ပြဒါန်းသင့်သော နောက်ထပ် ဥပဒေ  ခု

(ပြည်သူ့ဝန်ထမ်းကောင်းဥပဒေ


ပြည်သူ့ဝန်ထမ်းဟူသည် ပြည်သူကို သစ္စာခံရမည်လော အစိုးရကို သစ္စာခံရမည်လော။ စင်စစ် အစိုးရပင်လျှင် ပြည်သူက ခန့်အပ်သော ဝန်ထမ်း ဖြစ်တယ်။ ဝန်ထမ်းတို့ စားနေသော လစာသည် ပြည်သူကကျွေးတာ ဖြစ်တယ်။ အမြင့်ဆုံး သစ္စာသည် သက်ရှိ ပြည်သူ ဖြစ်တယ်။ ဒုတိယအမြင့်ဆုံး သစ္စာသည်ပြည်သူပိုင်သော ရေမြေလေ စတဲ့ သက်မဲ့တွေ ဖြစ်တယ်။ တတိယအဆင့်မှ အုပ်စိုးသူ အစိုးရကိုသစ္စာခံ အပ်တယ်။  ဒါကြောင့် ဝန်ထမ်းဟာ အရေးတခုခုပေါ်တိုင်း အမြဲတမ်း ဆုံးဖြတ်နိုင်စွမ်း ရှိရမယ်။  အထက်အရာရှိနဲ့ အစိုးရ ယှဉ်ရင် ... အစိုးရကို သစ္စာရှိရမယ်။ အစိုးရ နဲ့  ပြည်သူ ယှဉ်ရင် ပြည်သူကို သစ္စာရှိရမယ်။ ပြည်သူ ဆိုတာ ဘာလဲ။ နိုင်ငံသားတိုင်း ဟာ ပြည်သူ မဟုတ်ဘူး။ နိုင်ငံသားအများစုကြီး (ဝါလူထုသာ ပြည်သူဖြစ်တယ်။

နွေဦးတော်လှန်ရေးဟာ ပြည်သူ့ဝန်ထမ်းကောင်းကို ပြသလိုက်တာ ဖြစ်တယ်။ 


တကယ်တော့ အစိုးရဝန်ထမ်း ဗျူရိုကရက် ယန္တရားဟာ မိုးကျရွေကိုယ်တွေ၊ ငဘို့သမားတွေ၊လက်သင့်ရာ စားတော်ခေါ်သူတွေ၊ ခြောက်စား ဟောက်စား လုပ်စားသမယးတွေ၊ အကျင့်ပျက် ခြစားသူတွေနဲ့  လူများပြီး ပွဲမစည်  အပ် ကို ဦးပဲ့ ထမ်းပြီး  လစာလိမ်ယူ နေကြတာ ၈၀ရှိတယ်။ပြည်သူ့ဝန်ထမ်းတွေ မဟုတ်ပဲ တက်လာတဲ့ အစိုးရ ကိုာဖော်လံဖားပြီး ပြည်သူကို ဖိနှိပ်ချုပ်ချယ်လူပါးဝနေတာ ဖြစ်တယ်။ မတရားမှု ဒုစရိုက်တွေနဲ့ ပြည့်နေပြီး   သူခိုး ဓားရိုး ကမ်းတဲ့  လူတွေ ဖြစ်တယ်။ အထူးသဖြင့် လဝက ဟာ သစ္စာအဖောက်ဆုံးနဲ့ နိုင်ငံကို ဖျက်ဆီးတဲ့နေရာမှာ စစ်တပ်နဲ့  အဆင့်တူ တယ်။ လဝက စာရင်း ဟာ ဖရိုဖရဲ စုတ်ပြတ်သတ်နေလို့၊ မဲစာရင်း ပုံစံ (ကို ပြည်သူကို ထပ်ခါထပ်ခါ စစ်ခိုင်းရ နဲ့ လက်သန်းမှင်တို့  ဖြစ်ခဲ့တယ်


တော်လှန်ရေးပြီးရင်  အမေစုလိုတော့ တရားရေအေး တိုက်ကျွေးပြီး ခွေးမြီးကောက်  ကျည်ထောက်စွပ်ပေးမှာ မဟုတ်တော့ဘူး။  ပြည်သူ့လစား အလကားတင်မကျွေးထားနိုင်ဘူး။ အစိုးရဝန်ထမ်းတွေဖောင်းပွပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ လုပ်အားလျော့နေတာကို ဖြေရှင်းဖို့ တချက်ခုတ် နှစ်ချက်ပြတ် လုပ်ရမယ်။ Non - CDM ထဲ  စု ခွဲရမယ်။ (စကစ ဒေါက်တိုင် ဒလန် တွေကို ဉာဏဝန်ထမ်းမှာ ထုတ်ပြီး ဥပဒေအရ အရေးယူရမယ်။ ပြစ်မှု ကျခံပြီးနောက် ကာယ လုပ်သား ပဲ ဖြစ်စေရမယ်။ (စကစ ဒေါက်တိုင် ဒလန်  မဟုတ်ပေမယ့်   အကျင့်ပျက် ခြစား နေတဲ့ Non တွေကို  ကာယလုပ်သား ဖြစ်စေရမယ်။ (အခက်အခဲ တခုခုကြောင့် Non နေပေမယ့် ပြည်သူအပေါ်  ဆက်ဆံရေး ကောင်းမွန်ပြီး လုပ်ငန်းက လိုအပ်နေသေးရင် သက်ညာခွင့်ရမယ်။ ရာထူးတိုး နှစ်ဆိုင်းရမယ်။  (*) တော်လှန်ရေးကာလမှာ စကစက ပေးခဲ့တဲ့ ရာထူးတိုး၊ အခွင့်အရေးတွေဟာ တရားမဝင်စေရ။ 


CDM တွေဟာ ပြည်သူ့ဝန်ထမ်းကောင်းတွေဆိုတာ မှတ်ကျောက်တင်ပြီးပြီ။ လုပ်ငန်းခွင် ပြန်ဝင်တဲ့အခါ  တော်လှန်ရေးကာလ လစာငွေတွေကို ဘဏ်စာရင်း မှာ အထူးအတိုးနှုန်း နဲ့ တကွ  အလိုအလျောက် ထည့်ပေးရမယ်။ တော်လှန်ရေးကာလ ဆုံးရှုံးသွားတဲ့ အိုးအိမ်  ပရိဘောဂ စတဲ့သက်မဲ့ ပစ္စည်းမှန်သမျှ ပြန်လည်ပေးအပ်ရမယ်။ အစိုးရ တက္ကသိုလ်တွေမှာ အခမဲ့ သင်တန်း တက်ခွင့်ရှိရမယ်။ စကစလို အကြောင်းမဲ့ ရာထူးတိုး ပေးမှာ မဟုတ်။ အပေါ်က ပြောတဲ့ Non(နဲ့ Non (နေရာလွတ်ရှိရင် အရည်အချင်းပေါ် မူတည်ပြီး   ရာထူးတိုး ရရှိမယ်။ ကလေးတွေကို ကျောင်းစားရိတ်ထောက်ပံ့မယ့် အစီအစဉ် ရှိရမယ်။ ဆေးကုသ စားရိတ်ရဲ့ ၈၀ကို အစိုးရက ကျခံရမယ်။ မည်သည့်အခမ်းအနား မဆို ရှေ့ဆုံးတန်းမှာ နေရာချ ဂုဏ်ပြုပေးရမယ်။  နှစ် ပြည်သူ့ဝန်ထမ်းကောင်း ကဒ်ပေးရမယ်။  နှစ်တခါ အသစ်လဲပေးရမယ်။ အဲဒီ ကဒ်ဟာ ဈေးဝယ်၊ ကားစီး၊ တည်းခိုရင် လျော့ဈေးပေးတဲ့ ဆိုင်၊ ယဉ်လိုင်း၊ ဟိုတယ် တွေ ကို အစိုးရက အခွန်လျော့ကောက်ရမယ်။


တော်လှန်ရေးအောင်မြင်မှ  ပြဒါန်းမယ်၊ လုပ်ပေးမယ် ဆိုတဲ့ ကတိကဝတ်ထက် ပစ္စုပ္ပန် တော်လှန်ရေးမှာ ရှိပြီး CDM အင်အားကို တည်မြဲစေဖို့၊ နောက်တိုး CDM တွေ ရှိလာဖို့ CRPH ရဲ့ ဥပဒေပြုခွင့်အာဏာကို လက်ငင်း အသုံးပြုပါ။


(ဝန်ထမ်း၊ အလုပ်သမား ဥပဒေ


 စစ်တပ်လက်ကိုင်ဒုတ် ခြစားနေတဲ့ ဗျူရိုကရက် ဝန်ထမ်းရွေးချယ်ရေးအဖွဲ့နဲ့ စနစ်ဆိုး လိုမျိုးနောက်ထပ်မပေါ် စေဖို့ ဥပဒေပြဒါန်းရပါမယ်။  အသက်ကန့်သတ်ချက်၊ ထောက်ခံချက်ပေါင်းစုံ နဲ့ကန့်သတ်ချက်တွေကို ပယ်ဖျက်ရပါမယ်။ ဖက်ဒရယ်စနစ်နဲ့  ဆီလျော်ပြီး ဌာနတွေက လုပ်ငန်းလိုအပ်ချက်မှာပဲ မူတည်ပြီး  လွတ်လပ်စွာ ရွေးချယ်ခန့်ထားခွင့် ကို အာမခံတဲ့ ဥပဒေလိုအပ်ပါတယ်။လုပ်သက်ပေါ်မူတည်ပြီး ရာထူးတိုး စဉ်းစားတဲ့ စနစ်ထက် အရည်အချင်းပေါ်မူတည်ရပါမယ်။Non(နဲ့ Non ( တွေနေရာမှာ တော်လှန်ရေးထဲက အရည်အချင်းရှိသူ၊ စာရိတ္တကောင်းသူတွေကိုခန့်အပ်တာဝန်ပေးရပါမယ်။ ပြည်ပရောက် လုပ်ငန်းကျွမ်းကျင်သူ အတွေ့အကြုံရှိသူ တွေကိုသင့်လျော်တဲ​့ တာဝန်ကို ချက်ချင်း ခန့်နိုင်ရပါမယ်။ 


တော်လှန်ရေးကာလမှာ လူသားအရင်းအမြစ်ကို ပျိုးထောင်ရပါမယ်။ ပညာရေးနဲ့ အလုပ်သမားဝန်ကြီးဌာနတွေ ပူးပေါင်းပြီး  ပြည်သူ့ဝန်ထမ်းလောင်းတွေကို သင်တန်းပေးရပါမယ်၊ CDM ဝန်ထမ်းတွေကို  မွမ်းမံသင်တန်းတွေပေးရပါမယ်။ ပြည်သူ့ထောက်ပံ့ရေးတပ်ဖွဲ့ကို အနာဂတ်မှာ လိုအပ်ရင်ဝန်ထမ်း၊ အလုပ်သမားတွေ အဖြစ် ခန့်အပ်နိုင်ရေးအတွက် လိုအပ်သမျှကို လေ့လာသင်ကြားထားဖို့ကြိုတင် အသိပေးရပါမယ်။ NUG ကလည်း သင်တန်းတွေ စီစဉ်ပေးရပါမယ်။


အလုပ်သမားတွေအတွက် လစာ၊ အခွင့်အရေးကို အာမခံတဲ့ အလုပ်သမားဥပဒေ ပြဒါန်းရပါမယ်။အလုပ်သမားသမဂ္ဂတွေကို တရားဝင်ကြောင်းနဲ့ ဖွဲ့စည်းခွင့်၊ လုပ်ပိုင်ခွင့်ကို ပြဒန်းရပါမယ်


မအလ လက်အောက်မှာ မရတဲ့ အခွင့်အရေးတွေကို ပေးအပ်မယ့် ဥပဒေ တွေနဲ့ ကြိုတင် အာမခံ ခြင်းဖြင့် တော်လှန်ရေးကို တိုးပွါးခိုင်မာပါစေ 


----









Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား