ပြည်ထောင်စုလွှတ်တော် CRPH က ပြဒါန်းသင့်သော ဥပဒေပုဒ်မ ၄ မျိုး

 ပြည်ထောင်စုလွှတ်တော် CRPH က ဒီဥပဒေပုဒ်မ ၄ မျိုးကို ပြဒါန်းသင့်တယ်

(၁) သူရဲကောင်း အာဇာနည် ဥပဒေ  

တော်လှန်ရေး မှာ  ပြည်သူ ဖြစ်စေ၊ အစုအဖွဲ့ ဖြစ်စေ  သမိုင်းဝင် နဲ့ အချောင်သမား  ရှိတယ်။  တော်လှန်ရေးပြီးတော့  အချောင်သမားက စံစားပြီး သမိုင်းဝင်က အောက်ကျနေတာ မဖြစ်သင့်ဘူး

တဖက်ကလည်း  ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအရ နှစ်မျိုးစလုံးကို တန်းတူ အခွင့်အရေးပေးရမယ် ဆိုတယ်။ အခြေခံ လူ့အခွင့်အရေး ။ ဖက်ဒရယ်အခွင့်အရေးမှာ အတူတူ ရှိရမှာ မုချပဲ။

ဒါပေမယ့် သမိုင်းဝင်အတွက် ချီးမြင့်ရမယ့် အခြေအနေတခု ရှိရမှာ ဖြစ်သလို၊ အချောင်သမားတွေအတွက် ချန်ရစ်ထားရမယ့်  အခြေအနေတခု ရှိရမှာ ဖြစ်တယ်

ဥပမာ။ ။ တော်လှန်ရေးမှာ ပါဝင်သူတွေဟာ မည်သည့်ပစ္စည်း ဝယ်ဝယ်  တသက်တာ လျော့ဈေး% ခံစားခွင့်နဲ့ အခွန် % တချို့ လျော့ပေါ့ပေးဆောင်ခွင့်ရှိရမှာ ဖြစ်တယ်။ ဒါအတွက်  နိုင်ငံတော်က ကျခံရမယ်

တော်လှန်ရေးမှာ ကျဆုံးတွေအတွက် သားစဉ်မြေးဆက် လျော့ဈေး% ခံစားခွင့်နဲ့အခွန် % တချို့ လျော့ပေါ့ပေးဆောင်ခွင့်ရှိရမှာ ဖြစ်တယ်။ ဒါအတွက် နိုင်ငံတော်က ကျခံရမယ်။ လွှတ်တော်အပါအဝင် မည်သည့် နိုင်ငံရေး အခမ်းအနားမဆို ရှေ့ဆုံးတန်းက အထူးနေရာ မှာ ထိုင်ခွင့်ရှိရမယ်

ဒီလောက်ပဲ ကွဲပြားမှာပါ။ ဒီလောက် လျော်ကြေးတော့ ။ အချောင်သမားတွေက လက်ခံပေးရမှာပါ။ ဒီအတွက် ဥပဒေတခု ပြဒါန်းဖို့ လိုတယ်။

(၂) မြေယာမြေ ပိုင်ဆိုင်ခွင့် ဥပဒေ  

စစ်တပ်နဲ့ စစ်ခရိုနီတွေဟာ မြေ ယာ များစွာကို လက်ဝါးကြီးအုပ် သိမ်းစည်းထားပါတယ်။ မိသားစုဆွေမျိုး တသိုက်နာမည်နဲ့  အိမ်ခြံမြေ များစွာ သိမ်းယူထားပါတယ်။သမာအာဇီဝ လုပ်ငန်းရှင်တွေနဲ့   နိုင်ငံတကာကုမ္ပဏီတွေဟာ စစ်ရိုနီတွေ သိမ်းပိုက်ထားတဲ့ မြေယာ ဈေးကြီး မှုကြောင့် ရင်းနှီးမြုပ်နှံရေးမှာ ကြီးစွာသော အဟန်ု့အတား ဖြစ်ရပါတယ်။ တော်လှန်ရေးကို တွန်းအားပေးစေတဲ့ အချက်ဖြစ်တဲ   မြေယာ ကဏ္ဏမှာ ပိုင်ဆိုင်မှု ဥပဒေတခု ပြဒါန်းသင့်ပါတယ်။  မတရားသိမ်းယူထားသော လယ်ယာမြေများကို လယ်သမားတွေကို ပြန်လည် ပေးအပ်မည့် ဥပဒေ၊ လက်ဝါးကြီးအုပ် မြေယာ ပိုင်ဆိုင်မှုကို တားမြစ်သော ဥပဒေ စသည်တို့ကို ပြဒန်းသင့်တယ်

(၃)  စစ်ခရိုနီ လက်ဝါးကြီးအုပ်မှု ကင်းသော လွတ်လပ်မျှတသော ဈေးကွက် စီးပွါးရေး  ဥပဒေ  

စစ်ခရိုနီတွေဟာ တော်လှန်ရေးမှာ မပါဝင်ပဲ မအလ ဘက်ရပ်တည်နေကြတယ်။ သူတို့ဟာ နောက်ဆုံး အချိန်ကို ကျော်ခဲ့ပါပြီ။ စစ်ခရိုနီတွေက ပညာရေး ဘော်ဒါဆောင်လုပ်ငန်းက အစ၊ အဝေးပြေးကား အလယ်၊ ဘဏ်လုပ်ငန်း အဆုံး၊ နေရာလွတ်မကျန်အောင် ဈေးကွက် လက်ဝါးကြီးအုပ်ထားလို့  သမာအာဇီဝ စွန့်ဦးတီထွင် လုပ်ငန်းရှင် လမ်းပေါက် ပိတ်နေပါတယ်။ နိုင်ငံခြား ရင်းနှီးမြုပ်တွေကလည်း သူတို့နဲ့ ရှယ်ယာ ဝေစားရတာ နစ်နာတယ်။ နွေဦးတော်လှန်ရေးဟာ သမာအာဇီဝ စွန့်ဦးတီထွင် လုပ်ငန်းရှင် နဲ့ သမာအာဇီဝ  နိုင်ငံခြားရင်းနှီးမြုပ်တွေအတွက် လက်ဝါးကြီးအုပ်မှု ကင်းသော လွတ်လပ်မျှတသော ဈေးကွက် စီးပွါးရေး  ဥပဒေ  ကို ပြဒါန်းပြီး ထောက်ပံ့ရေး အင်အားစု တိုးပွါးဖို့ လိုပါတယ်။ 

(၄) လူတိုင်း လက်နက်ငယ် ကိုင်ဆောင်ခွင့် ဥပဒေ  ( အခြေခံဥပဒေမှာ ပုဒ်မ တခုအဖြစ် ထည့်သင့်)

အာဏာဟာ သေနတ်ပြောင်းက ထွက်တယ်။  ဒါက ဖြစ်နေတဲ့ တရား။ 

အာဏာကို ပြည်သူက ပိုင်တယ်။  ဒါက ဖြစ်သင့်တဲ့ တရား။ 

ဒီတရားနှစ်ခု တထပ်ထည်းကျဖို့က ပြည်သူ့ဟာ လက်နက်ကိုင်ရမယ်။ 

အမေရိကန်မှာ လူတိုင်းလက်နက်ကိုင်ထားပြီး လူတိုင်း စစ်ပညာတတ် စစ်မှုထမ်းဖူးတော့  ကမ္ဘာချီ စစ်တပ်ကြီး ရှိပေမယ့် စစ်သူပုန်မထရဲဘူး။

ပြည်သူ့အာဏာ ပြည်သူပိုင်ချင်ရင် ပြည်သူဟာ လက်သန်းလည်း မှင်စွန်းရမယ်။  လက်ညိုးလည်း ကွေးတတ်ရမယ်။

ပြည်သူ့လက်ထဲ သေနတ်ရှိနေရင် ပြည်သူ့အာဏာကို လုလို့လည်း မရဘူး။ ပြည်သူ့ပြန်ပေးလို့ တောင်းစရာလည်း မလိုဘူး

လူတိုင်း သေနတ်ကိုင်ခွင့်ရတော့ စိတ်ရူးပေါက် သူတယောက်ဟာ တိုင်းပြည် ပျက်အောင် ရမ်းကားလို့ မရဘူး။  လူတိုင်း သေနတ်ကိုင်ခွင့် မရတော့ စိတ်ရူးပေါက်သူတယောက် ရမ်းကားရင် တိုင်းပြည် ပျက်တယ်။

လူတိုင်းသေနတ်ကိုင်ခွင့်ရလို့  လူသတ်မှု ပိုတိုးလာမလား စိုးရိမ်ရင်၊  လူတိုင်းသေနတ်ကိုင်ခွင့်မရလို့ ရွာလုံးကျွတ် သတ်ဖြတ်ခံရတာက ပိုပြီး စိုးရိမ်စရာ ဖြစ်တယ်။ 

အကျိုးနဲ့ အပြစ် ချိန်ခွင်ညှာ  ဘယ်ဘက်က အရေးသာသလဲ စဉ်းစားကြပါ။ 

သေနတ်ဆိုတာ မီးနဲ့ တူတယ်။  မီးဟာ လောင်တတ်တယ်။  သေနတ်ဟာ သေတတ်တယ်။ ကလေး ဆော့ရင်း  အိမ်မီးလောင်မှာ ကြောက်လို့ အိမ်မှာ မီးခြစ်မထားရဘူးဆိုရင်၊ အလင်းရောင်လည်း မရတော့ ဘူး၊ ထမင်းချက်စားလို့ မရတော့ဘူး

လူတိုင်း မီးကို သုံးခွင့်ရှိတယ် မီးသုံး စွဲနည်း မီးသတ်နည်း သင်ပေးရတယ်

မီးသတ်တပ်ဖွဲ့ရှိရတယ်။  မီး မသုံးရလို့  ကန့်သတ်မထားသင့်ဘူ။

သေနတ်လည်း ဒီအတိုင်းပဲ ဆိုးသွန်းရာဇဝင်ရှိသူ စိတ်မမုန်သူ  သေနတ်မကိုင်ရဘူး။ သေနတ်ကိုင်နည်း ရှိရမယ်။ သေနတ်နဲ့ ရမ်းကားရင်  တားဆီးတဲ့ အပြစ်ပေးတဲ့ အစီအစဉ်ရှိရမယ်။ 

မီးဟာ ကမ်ဘာဦးထဲက  လူတိုင်း သုံးစွဲခွင့်ရှိသလို၊ ကမ်ဘာဦးထဲက လူတိုင်း လက်နက်ကိုင်ခွင့် ရှိတယ်။ ဒုတ်ခေတ်မှာ ဒုတ်ကိုင်တယ်၊ ဓါးခေတ်မှာ ဓါးကိုင်တယ်၊ ဓါးခေတ်မှာ  လူတိုင်း ဓားကိုင်ခဲ့ကြသလို၊ သေနတ်ခေတ်မှာ လူတိုင်းသေနတ်ကိုင်ခွင့် ရှိသင့်တာ သဘာဝ ကျတဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်

သခင်အောင်ဆန်းရေးဆွဲတဲ့ တို့ဗမာအစည်းအရုံးကြေညာစာမ်း၊ နိုင်ငံရေးရည်မှန်းချက်ထဲမှာ "လူတိုင်းသေနတ်ကိုင်ခွင့် ရှိရမယ်" လို့လမ်းညွှန်ထားခဲ့တယ် (အောင်သန်း၏ အောင်ဆန်း)

အမေရိကန် အခြေခံဥပဒေကို ရေးခဲ့သူ တတိယမြောက် သမတကြီး သောမတ်ဂျဖာာဆင်က 

" လူတိုင်း လက်နက်ကိုင်ခြင်းရဲ့  အခိုင်မာဆုံး အကြောင်းပြချက်က အစိုးရတွေ အာဏာရှင် ဖြစ်မသွားစေဖို့ပဲ ဖြစ်တယ် " ၊  " ငြိမ်းချမ်းတဲ့ ကျွန်ပြုမှု မလိုချင်၊    အန္တရာယ်ရှိတဲ့ လွတ်လပ်ခြင်းကို  ငါတို့ လိုလားတယ်"၊ " ပြည်သူတွေက သူတို့ရဲ့ တော်လှန်ရေး ဝိဉာဉ် အမြဲ ကိန်းဝပ်နေတယ်လို့  အုပ်စိုးသူတွေကို မကြာခဏ သတိပေးနေတာ မရှိရင်  ပြည်သူ့ လွတ်လပ်မှုကို  မထိန်းသိမ်းနိုင်ဘူး။ ပြည်သူတွေ လက်နက်ကိုင်ပါစေ"၊  " လက်နက်ကိုင်ခွင့်ကို တားမြစ်သော ဥပဒေတွေဟာ ရာဇဝတ်မှု ကျူးလွန်ဖို့ ဆန္ဒမရှိသူတွေကို သားကောင်ဘဝကို ရောက်ရှိစေတယ်။  ကျူးလွန်သူတွေကို ပိုမို အားကောင်းစေတယ်။ "၊ " အာဏာဟာ ပြည်သူ့ထံက ဆင်းသက်လာတာ ဖြစ်တယ်။ ပြည်သူကပဲ သူတို့ဘာသာ  လေ့ကျင့် သင်ခန်းစာ ယူကြလိမ့်မယ်။  အခါခပ်သိမ်း လက်နက်ကိုင်ဆောင်မှုဟာ လူတိုင်း ရဲ့ အခွင့်အရေး နဲ့ တာဝန် ဖြစ်တယ်" လို့ ဆိုပါတယ်

တရုပ် ပြည်သစ် ထူထောင်သူ  တရုပ် ကွန်မြူနစ် ဖခင်ကြီး မော်စီတုံးက  " အာဏာသည် သေနတ်ပြောင်းဝက  ထွက်တယ်။ ဒီသေနတ်ပြောင်းကို  ဘုံဝါဒီ အလုပ်သမား လယ်သမား (ကွန်မြူနစ်) တို့က  ပိုင်ဆိုင်ထားရမယ်"  လို့ ဆိုတယ်

အမေရိကန် ပြည်ကို ထူထောင်သူ ပထမဆုံး သမတကြီး ဂျော့ဝါရှင်တန်က " လွတ်လပ်သော လူသားတို့ဟာ  သေနတ် ကိုင်ခွင့်ရှိရတယ်။  ဒါပဲ မဟုတ်ဘူး စည်းကမ်းလည်း ရှိရမယ်"  လို့ ဆိုတယ်

Comments

Popular posts from this blog

ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ

နိုင်ငံရေး လိုတိုရှင်း

တိုင်း Division ၇ တိုင်း ခွဲတာ ဗမာလူမျိုးကြီးဝါဒလား