ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ
ပြည်သူ့ထောက်ပံ့ရေးတပ်သားတွေကို ဘယ်လို စုဆောင်းမလဲ ပထမဆုံး ပြည်တွင်းပြည်ပ က ပြည်သူတွေ လှူနိုင်ဖို့ ဘာလိုအပ်နေသလဲ သိဖို့လိုတယ်။ (၁) မိမိလှူတာ လူမသိစေချင်ဘူး (၂) မိမိလှူတာ ရောက်မရောက် သိချင်တယ် (၃) မိမိလှူတဲ့ မှတ်တမ်းကို နောင်တချိန်မှာ သားစဉ်မြေးဆက် ဂုဏ်ယူချင်တယ်။ ဒါမှမဟုတ် ငွေပြန်လိုချင်တယ်။ ဒါမှမဟုတ် အခွန်ပေးဆောင်ရာမှာ ပြန်ခုနှိမ်ချင်တယ် (၄) အလှူခံပုံးထဲ အလှူထည့်သလို လွယ်လွယ်ကူကူ ထည့်ချင်တယ်။ စိတ်ထဲ ချက်ချင်းသတိရပြီး လှူချင်တယ် အဲဒီအချက်တွေ ပြည့်ဖို့ (၁) လက်နဲ့ တိုက်ရိုက်လှူတာပဲ ဖြစ်ဖြစ်၊ ဘဏ်ကဆင့် ငွေလွဲှတာပဲ ဖြစ်ဖြစ် " NUG တွေ ၊ PDF တွေ၊ PRF တွေ စစ်ရေး နိုင်ငံရေး စတဲ့ စွပ်စွဲစရာ သံသယဖြစ်စရာ ဘာမှ မပါတဲ့ ကုဒ်နံပါတ်တခု လိုအပ်တယ်။ အဲဒါကြောင့် ဂဏန်းချည်းသက်သက် ကုဒ်နံပါတ်ကို သုံးရပါမယ်။ ကုဒ်နံပါတ်ရဲ့ ရှေ့ ၂ လုံးကရောက်ရှိတိုင်းပြည်၊ ရှေ့ နောက် ၃ သုံးလုံးက ထောက်ပံ့စုဆောင်းရေးဌာန၊ နောက် ဂဏန်းတွေက မိမိကိုယ်ကဟပိုင်နံပါတ်။ ဒီနေရာမှာ ဂဏန်း မှတ်ရတာ လွယ်အောင် space ခြားပြီး ကဒ်ပြားပေါ် ရိုက်ပေးထားရပါမယ်။ သုံးလုံးထက် မပိုသင့် ။ ဥပမာ 01 - 003...