နိုင်ငံရေးနည်းလမ်း ဆိုတာ
နိုင်ငံရေးနည်းလမ်း ဆိုတာ .. စစ်တပ် မပါနဲ့ နည်းလမ်းပဲ။ ဘယ်ဒီမိုကရေစီ နို င်ငံမှ နိုင်ငံရေး မှာ စစ်တပ်မပါဘူး မြန်မာပြည်က ပါတီ/ လက်နက်ကိုင် ဘောမတွေ ပြောနေတဲ့ နိုင်ငံရေး နည်းလမ်း ဆိုတာ စစ်တပ် သဘောကျ နေပေးကြ ဆိုတဲ့ လမ်းကြောင်းပဲ။ အဲဒီက စပြီး မှားနေတာ။ နိုင်ငံရေးနည်းလမ်း နဲ့ ဖြေရှင်းတယ် ဆိုတာ ... တိုင်းရင်းသား တွေက မိမိတို့ ကိုယ်စားလှယ်တွေ ပထမဆုံး ရွေးကောက်ရမယ်။ အဲဒီလို ရွေးကောက်ရာမှာ ပါတီ/ လက်နက်ကိုင် ဘယ်အဖွဲ့က ဖြစ်စေ မိမိ ဒေသ ၊ မိမိပြည်နယ်က လူထုက ရွေးဖို့ ပဲ လိုတယ် အဲဒီ ကိုယ်စားလှယ်တွေက စားပွဲဝိုင်း ပေါ်မှာ ငြင်းကြ ခုန်ကြ ဆွေးနွေးကြပြီး ဘုံသဘောတူညီချက်ရယူတာ ။ ဒါဟာ နိုင်ငံရေး နည်းလမ်းပဲ မြန်မာစစ်တပ်နဲ့ EAO တွေ ဝေစားမျှစား အကျိုးစီးပွါး ကိတ်မုန့်ခွဲတာ နိုင်ငံရေးနည်းလမ်း မဟုတ်ဘူး။ ဒါဟာ လုယက်မှုပဲ။ အမျိုးသားရေးအမည်ခံပြီး တစုတဖွဲ့ကောင်းစားရေး လုပ်တဲ့ အင်မတန် အောက်တန်းကျ နိမ့်ကျတဲ့ လုပ်ရပ်ပဲ။ နိုင်ငံရေးနည်းလမ်း ဟာ အလုပ်မဖြစ်ပါဘူး ဆိုပြီး လက်နက်ကိုင်ကြ၊ စစ်ပွဲတွေ ဖြစ်ကြ၊ ပြည်သူလူထု စစ်ဘေးဒဏ်သင့်ကြ နဲ့ ပေးဆပ်ပြီးကာမှ ... တော်လှန်ရေးရည်မှန်းချက်ကို တစိုက်မတ်မတ် သွားရမယ့် အစား၊ ဟိုန...