ပြန်လည်အသုံးပြုသင့်သော ပြည်ထောင်စုအလံ
ပြန်လည်အသုံးပြုသင့်သော ပြည်ထောင်စုအလံ လွတ်လပ်ရေး ကို ရယူခဲ့တဲ့ ကြယ်ဖြူကြီး ၁ လုံး + ကြယ်ဖြူငယ် ၅ လုံး အလံကို လွဲမှားစွာ အဓိပ္ပါယ် ဖွင့်ကြတယ် အမှား (1) - အလယ်က ကြယ်ဖြူကြီးဟာ ဗမာ၊ ဘေးက ကြယ်ငယ် ၅ လုံးဟာ အခြားတိုင်းရင်းသား ၅ မျိုး = စုစုပေါင်း လူမျိုး ၆ မျိုး ကိုယ်စားပြုတယ် ဖြေရှင်းချက်။ ယင်းအဆို မှားပါတယ်။ ၁၉၄၈ ပြည်ထောင်စုနိုင်ငံသား ဥပဒေ ကို ကြည့်ပါ ။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း = စုစုပေါင်း လူမျိုး ၈ မျိုးရှိပါတယ် ၆ မျိုးထဲ ကိုယ်စားပြုတယ်ဆိုတဲ့ ရမ်းသမ်းထင်မြင်ချက်နဲ့ မကိုက်ညီပါ အမှား (2) - အလယ်က ကြယ်ဖြူကြီးဟာ ပြည်မ ၊ ဘေးက ကြယ်ငယ် ၅ လုံးဟာ အခြားပြည်နယ် ၅ ခု = စုစုပေါင်း ပြည်မ+ပြည်နယ် ၆ ခု ကိုယ်စားပြုတယ် ဖြေရှင်းချက်။ ယင်းအဆို မှားပါတယ်။ ၁၉၄၇ အခြေခံဥပဒေကို ကြည့်ပါ .. ပြည်မ၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ဟူ၍ စုစုပေါင်း ၄ ခုပဲရှိပါတယ် .. ပြည်မ+ပြည်နယ် ၆ ခု ကိုယ်စားပြုကိုယ်စားပြုတယ်ဆိုတဲ့ ရမ်းသမ်းထင်မြင်ချက်နဲ့ မကိုက်ညီပါ အမှန်တရား အလယ်က ကြယ်ဖြူကြီးဟာ "တော်လှန်ရေး ကြယ်" ။ ဖက်ဆစ်တော်လှ...