Posts

Showing posts from 2024

EAO တွေ ရွေးရမယ့် လမ်း (13 May 2023)

Image
EAO တွေ ရွေးရမယ့် လမ်း (13 May 2023) တလောက TNLA က လက်ဖက် လုပ်ငန်း တိုးတက်စေဖို့ အခွန်ကင်းလွတ်ပေးမယ်၊ လက်ဖက်ကို တိုးချဲ့ စိုက်ပျိုးကြကြဖို့ သတင်း ဖတ်ရတယ်။ နောက်သတင်း တပုဒ်က UWSA နယ်မြေမှာ သံဖြူ အထွက်နုန်းကျဆင်းလာပြီး အနာဂတ်အလားအလာ မကောင်းဘူး ဖတ်ရတယ်။ ဘိန်း၊ မူးယစ်ဆေးကို မှီခိုနေရတဲ့ ဒေသတွေဟာ သံယံဇာတ တူးဖော်ရေးကို မှီခိုလာရတယ်။ ငွေဖြစ်လွယ်မယ့် နောက်တနည်းက လောင်းကစားဝိုင်းတွေ ပဲ။ တရုပ်နယ်စပ်က EAO တွေသာမက ထိုင်းနယ်စပ်အထိ လောင်းကစားမြို့ တည်လာတယ်။ ဒါတွေဟာ မိမိလူမျိုး ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တ ကို ဖျက်ဆီးရုံသာမက တော်လှန်ရေး ကိုပါ ဆွဲချ အညွန့်ချိုးလိုက်တာပဲ။ အခုဆိုရင် ပါးစပ်က မဟာလူမျိုးကြီးဝါဒ ဆန့်ကျင်ကြအော်ပြီး တကယ့် ဘဝမှန်က ဒုစရိုက်သမားတွေ ဖြစ်နေကြရတယ်။ သံယံဇာတ ဈေးကွက်ကလည်း တရုတ်ကလွဲရင် ဝယ်မယ့်သူ မရှိ၊ ဒီတော့ ဈေးနှိမ်ခံရတယ်။ များများထုတ်ရောင်းရတယ်။ မြန်မြန် ကုန်တယ်။ ရှေ့လာမယ့် ကာလတွေဟာ သံယံဇာတ ခန်းခြောက်မယ်၊ ရာသီဥတု ဖောက်ပြန်မယ်။ မူးယစ်ဆေးနဲ့ လောင်းကစားဝိုင်းတွေကလည်း တရုတ်၊ ထိုင်း အစိုးရပေါ်လစီတွေက ကြပ်လာပြီ။ လူငယ်လူလတ်တွေဟာ စစ်သား လုပ်နေရတော့ စိုက်ပျိုးကုန်ထုတ်မယ့် စွမ်းအားထု မရှိ၊ တင်ကြွေ...

ပြန်လည်အသုံးပြုသင့်သော ပြည်ထောင်စုအလံ

Image
ပြန်လည်အသုံးပြုသင့်သော ပြည်ထောင်စုအလံ လွတ်လပ်ရေး ကို ရယူခဲ့တဲ့ ကြယ်ဖြူကြီး ၁ လုံး + ကြယ်ဖြူငယ် ၅ လုံး အလံကို လွဲမှားစွာ အဓိပ္ပါယ် ဖွင့်ကြတယ်   အမှား (1) - အလယ်က ကြယ်ဖြူကြီးဟာ ဗမာ၊ ဘေးက ကြယ်ငယ် ၅ လုံးဟာ အခြားတိုင်းရင်းသား ၅ မျိုး = စုစုပေါင်း လူမျိုး ၆ မျိုး ကိုယ်စားပြုတယ် ဖြေရှင်းချက်။  ယင်းအဆို မှားပါတယ်။ ၁၉၄၈ ပြည်ထောင်စုနိုင်ငံသား ဥပဒေ ကို ကြည့်ပါ ။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊  မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း = စုစုပေါင်း လူမျိုး ၈ မျိုးရှိပါတယ် ၆ မျိုးထဲ ကိုယ်စားပြုတယ်ဆိုတဲ့ ရမ်းသမ်းထင်မြင်ချက်နဲ့ မကိုက်ညီပါ  အမှား (2) - အလယ်က ကြယ်ဖြူကြီးဟာ ပြည်မ ၊ ဘေးက ကြယ်ငယ် ၅ လုံးဟာ အခြားပြည်နယ် ၅ ခု = စုစုပေါင်း ပြည်မ+ပြည်နယ်  ၆ ခု ကိုယ်စားပြုတယ် ဖြေရှင်းချက်။  ယင်းအဆို မှားပါတယ်။ ၁၉၄၇ အခြေခံဥပဒေကို ကြည့်ပါ .. ​ပြည်မ၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်၊ ဟူ၍ စုစုပေါင်း ၄ ခုပဲရှိပါတယ် .. ​ပြည်မ+ပြည်နယ်  ၆ ခု ကိုယ်စားပြုကိုယ်စားပြုတယ်ဆိုတဲ့ ရမ်းသမ်းထင်မြင်ချက်နဲ့ မကိုက်ညီပါ အမှန်တရား     အလယ်က ကြယ်ဖြူကြီးဟာ "တော်လှန်ရေး ကြယ်" ။   ဖက်ဆစ်တော်လှ...

ဒါးဒါးချင်း လှံလှံချင်း

Image
ဒါးဒါးချင်း လှံလှံချင်း ဒါးဒါးချင်း လှံလှံချင်း ဆိုတဲ့ စကားဟာ ဒါးနဲ့ တိုက်လာရင် ဒါးနဲ့ ခုခံမယ်၊ လှံနဲ့ တိုက်လာရင် လှံနဲ့ အနိုင်ယူပြမယ် လို့ အဓိပ္ပါယ်ရတယ်။  တပ်တပ်ချင်း တိုက်မလား ခေါင်းဆောင်အချင်းချင်း စီးချင်းထိုးမလား လို့ စိန်ခေါ်ကြတာဟာ  စစ်ဘုရင်တွေ စစ်သူကြီးတွေရဲ့  တာဝန်ယူမှုကို ဖော်ပြတယ်။ မင်းလည်း ယောက်ျား ငါလည်း ယောက်ျား လက်သီးဆုပ်မလား လက်ဝါးဖြန့်မလား ကြိုက်ရာကို ရွေးစမ်း ဆိုတဲ့ သီချင်းစာသားဟာ ယောက်ျားမာန်မာနကို ထုတ်ဖော်တဲ့ စာသားဖြစ်တယ် ဒါးနဲ့ လှံ ရင်ဆိုင်ထားတဲ့ မောက်တို ပုံစံ ကို ရဲဘော်သုံးကျိပ် ဒုတိယခေါင်းဆောင် ၊ နောင်အခါ စစ်သေနာပတိ ဗိုလ်လက်ျာ က ဗမာ့တပ်မတော် တိုက်ခိုက်ရေးတပ် တံဆိပ်အဖြစ် သူကိုယ်တိုင် ရေးဆွဲ ပြီး သတ်မှတ်ပေးခဲ့တယ်။ လက်နက်မဲ့ အရပ်သား ပြည်သူတွေ ကျောင်းသားတွေ ၊ အရပ်ဘက် အဆောက်အဦးတွေကို   ရန်စွယ်ငေါငေါနဲ့  ဖျက်ဆီး တဲ့ စည်းမဲ့ ကမ်းမဲ့ စစ်တပ်မျိုးဟာ မရှိသင့်ဘူး၊ ဖျက်သိမ်းပစ်ရမယ်လို့  ဗိုလ်ချုပ်အောင်ဆန်းက မှာကြားထားခဲ့တယ်။ သူရဲဘောကြောင်ခြင်း အစ ဗိုလ်နေဝင်းလက်ထက်မှာတော့ လက်နက်ဟူ၍ အပ်တို တချောင်းမျှ မပါတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေကို ၁၉...

၂၀၁၀ စစ်မှုထမ်း ဥပဒေ

Image
မအလ ရဲ့ အသက် ၁၈ ပြည့်သူတိုင်း  "လူthတ်လက်နက်ကိုင် အကြမ်းဖက် ရမယ် " ဆိုတဲ့  ၂၀၁၀  စစ်မှုထမ်း ဥပဒေ ကြေညာချက်ကို .... ငါးမင်းဆွေက ... ဒါဟာ မအလတပ်ရဲ့ plan B လို့ ပြောတယ်။ (၁) မေတ္တာမင်းဆွေ လို့ မိမိဘာသာ သမုတ်တဲ့ ဘောမကြီးဟာ တနိုင်ငံလုံးကို စစ်မီးထဲ သွတ်သွင်းနေတာကို အားပေးထောက်ခံတယ်။  နိုင်ငံရေး နည်းလမ်း ဘာညာ တဆာဆာ အော်ဟစ်လေ့ရှိတဲ့ တိုင်းရင်းသား/ ပြည်သူအမည်ခံပါတီတွေ၊ NCA ထိုး လက်နက်ကိုင်တွေဟာ .... မအလတပ်ရဲ့   ..  စစ်ရေးနည်းလမ်း ကြေညာချက်ကို ..  ရေငုံနုတ်ပိတ်ပြီး ရူးချင်ယောင်ဆောင်နေကြတယ်။ (၂) ၂၀၁၀ မေလ မှာ ရွေးကောက်ပွဲ ကျင်းပတယ်။ NLD , SNLD, ALD မပါဘူး။  UEC ဥက္ကဌက (ဗိုလ်ချုပ် ) သိန်းစိုး ဖြစ်တယ်။ နာဂစ် ကာလ မှာ ကြိုတင်မဲတွေ နဲ့ မဲလိမ် မဲခိုးတယ်။ ရွေးကောက်ခံ ကြံဖွတ်အမတ်စာရင်းကို ကြေညာတယ်။  လွှတ်တော် ခေါ်ခါနီး ဆဲဆဲ ဒီဇင်ဘာလမှာ ... သန်းရွှေက ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို တယောက်ထဲ ရေးပြီး ပြဒါန်းတယ်။ NLD ပါတီက သန်းရွှေရဲ့ အာဏာအလွဲသုံးစားလုပ်မှုကို  ပြုကျင့်မှုကို ကန့်ကွက်ခဲ့တယ်။ ဥပဒေပြုရန် လွှတ်တော် ခေါ်ယူမယ့်ဆဲဆဲ၊ ရွေးကောက်ခံမဟုတ်တဲ့  လူတဦးတ...