Posts

Showing posts from September, 2023

မြမ္မာလူမျိုး -၂

Image
၁၇၉၉ ထုတ် Francis Buchanan ရေးသားသည့် "A Comparative Vocabulary of Some of the Languages Spoken in the Burma Empire " စာအုပ်မှာ မိမိကိုကိုယ် Myanmmaw " မြမ္မာ " ဟုခေါ်တဲ့ လူတွေကို Burmas, Vermas, Brimas "ဗမာ" ဟု အနောက်တိုင်းသားတို့ခေါ်တာဖြစ်ပြီး ... မိမိကို ကိုယ်ကို Arakan "အာရကန်" ဟု ခေါ်နေသူများဟာ တခါတရံ Myanmaw Gyee " မြမ္မာကြီး" ဟုလည်း ခေါ်ကြောင်း ၊ "ဗမာ အကြီး " လို့ ဆိုလိုကြောင်း ဖော်ပြထားပါတယ်။ ( သတိပြုစရာက Rakhine ရခိုင်လို့ မှတ်တမ်းတင်မထားဘူး) ဘိုးတော် ဗဒုံမင်းဟာ ၁၇၈၂ခုနှစ် ဖေဖော်ဝါရီလ မှာ နန်းတက်တယ် ဆိုတော့ ဒီစာအုပ်ဟာ ခေတ်ပြိုင် သမိုင်းသက်သေ ဝင်နေပါတယ်

မြမ္မာလူမျိုး - ၁

Image
ညောင်ရမ်းခေတ် (ဒုတိယအင်းဝခေတ်) တနင်္ဂနွေမင်းလက်ထက် ရွှေယင်မြော် ဆရာတော် ရှင်ဥက္ကံသမာလာက ဝဏ္ဏဗောဓနသတ်အင်းကျမ်း ကို ပြုစုတော်မူတယ်။  https://drive.google.com/file/d/18Qm3Fx1KIQi-u-K8AYtDOGw45LyXqylN/view ဝဏ္ဏဗောဓနသတ်အင်းကျမ်း ဆိုတာက စာပေရေးထုံး သတ်ပုံသတ်ညွန်းကို ဖော်ပြတဲ့ ကျမ်းဖြစ်ပါတယ်။ အဲဒီကျမ်းဟာ မှန်ကန် ပြည့်စုံလှတဲ့ အတွက် တနင်္ဂနွေမင်းလက်ထက်က စပြီး ကြာသပတေးမင်း (ဟံသာဝတီပါမင်း)၊ နောက် ကုန်းဘောင်ခေတ် တလျှောက်လုံး အလောင်းမင်းတရား၊ ဘိုးတော်ဘုရား၊ နောက်ဆုံး သီပေါမင်းအထိ လက်စွဲကျမ်းအဖြစ် ပြဌာန်းတော်မူပါတယ်။ ဒီကျမ်းမှာ လူမျိုးအမည်၊ ဘာသာစကားအမည်ကို ဘယ်လိုရေးရမယ်ဆိုတာ ပြထားပါတယ်။ _________________________ " ဝဏ္ဏဗောဓနသတ်အင်းကျမ်း နိဒါန်း " ***** ဘိုးတော်ဘုရားလက်ထက်တွင် သတ်ပုံသတ်ညွန်းများကို ပြဌာန်းတော်မူသောအခါ၌လည်း ဝဏ္ဏဗောဓနသတ်အင်းကိုပင် ထိပ်ဆုံးက တင်၍ ပြဋ္ဌာန်းတော်မူလေသည်။ ထို့နောက် သီပေါမင်းလက်ထက် "၁၂၄၀ - ပြည့် ၊ နတ်တော် လပြည့်ကျော် ၆ ရက်နေ့ တောင်ဥယျဉ်တော် အစည်းအဝေး ရုံးတော်တွင် ကျင်းပသော ပထမဘွဲ့၊ ဒုတိယဘွဲ့ အစည်းအဝေးဝင် မှူးမတ်တို့၏ မျက်နှာစုံညီ အစည်းအဝေးကလည်း အသတ်ကာရန်...