Posts

Showing posts from March, 2023

NLD က လက်နက်ကိုင်လမ်းစဉ် လိုက်သလား။

Image
မေး NLD က လက်နက်ကိုင်လမ်းစဉ် လိုက်သလား။ ဖြေ ဒီမေးခွန်းဟာ NLD ဆိုပြီး ပလုံးပထွေး ရောသုတ်ပြီး ထောင်ချောက်ဆင်တဲ့ မေးခွန်း ဖြစ်တယ်။ ဘယ် NLD ကို ရည်ညွန်းသလဲ ပြန်မေးပါရစေ။ NLD ဟာ နိုင်ငံရေး ပါတီ တရပ်သာ ဖြစ်တယ်။ အရင်းရှင် လစ်ဘရယ် ဒီမိုကရေစီ မှာ .. ပါတီ ဟာ လက်နက်ကိုင်တပ် မရှိရပါဘူး။ ( လူတိုင်း လက်နက်ကိုင်ခွင့် ဥပဒေ၊ နည်းလမ်းစုံဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဥပ​ဒေ ၊ operation ready စစ်ဆင်ရေး အသင့် ဥပဒေ၊ လူထု စစ်မှုထမ်း ဥပဒေ စတဲ့ ဥပဒေ ပြဒါန်းချက် မရှိရင်) လက်နက်မကိုင်ရပါဘူး။ နိုင်ငံတော်အစိုးရက လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ခုခံကာကွယ်စစ် ၊ စစ်မကြေညာရင် လက်နက်မကိုင်ရပါဘူး။ ဒါပေမယ့် တချို့ နိုင်ငံရေးစနစ်မှာ ပါတီဟာ လက်နက်ကိုင်ပါတယ်။ ကွန်မြူနစ် စနစ်မှာ " သေနတ်ပြောင်းဝက အာဏာထွက်တယ်။ ပါတီက သေနတ်ပြောင်းကို ချုပ်ကိုင်ရမယ် " ဆိုတဲ့ မော်စီတုန်း စကားအတိုင်း ၊ တရုပ်ကွန်မြုနစ်ပါတီ ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သစ္စာခံရပါတယ်။ PLA ဟာ တရုပ်အစိုးရကို သစ္စာမခံပါဘူး။ CCP ပါတီကို သစ္စာခံရပါတယ်။ "ပါတီတပ် " လို့ ခေါ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ မှာ ပါတီတပ်တွေ ရှိပါတယ်။ ဗ

ဒေါ်စန္ဒာမင်းက “ဘင်္ဂါလီလူမျိုးတွေနဲ့ မြန်မာတွေကြား လက်ထပ်တာကို မမြင်ချင်ဘူး

Image
NLD အမတ် ဒေါ်စန္ဒာမင်းက “ဘင်္ဂါလီလူမျိုးတွေနဲ့ မြန်မာတွေကြား လက်ထပ်တာကို မမြင်ချင်ဘူး”၊ ဇူလိုင်လ 23 ရက် 2015 ခုနှစ် လူမျိုးရေးနှင့် ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေဟု လူသိများသော ဥပဒေကြမ်း လေးခုအနက်မှ နှစ်ခုကို လွှတ်တော်က အတည်ပြုခဲ့ပြီး ဖြစ်သည်။ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းကို သမ္မတ ဦးသိန်းစိန်က မေလတွင် အတည်ပြုချက် ရယူပြီးနောက် လက်မှတ်ရေးထိုးခဲ့သည်။ ယခုလအစောပိုင်းတွင် ဘာသာပေါင်းစုံ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီး အတည်ပြုပြဋ္ဌာန်းရန် သမ္မတထံ တင်သွင်းခဲ့သည်။ အငြင်းပွားဖွယ်ကိစ္စနှင့်ပတ်သက်ပြီး ၎င်း၏သဘောထားကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကိုယ်စားပြု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက Frontier က မေးမြန်းခဲ့သည်။ အမျိုးသမီးတွေကို နေရာလွတ် ၃ နှစ်ခြားပြီး ကလေးမွေးသင့်တယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ပါရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လူဦးရေထိန်းချုပ်ရေးဥပဒေကြမ်းအပေါ် မင်းရဲ့အမြင်က ဘယ်လိုလဲ။ ဒီဥပဒေက ကျွန်တော်တို့နိုင်ငံအတွက် မကောင်းပါဘူး။ သမ္မတ ကျေနပ်စေရန်အတွက်သာ လွှတ်တော်က သဘောတူသည်။ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး အသင

အကြမ်းမဖက်ရေး

Image
NLD ဟာ ပါတီ အနေနဲ့ အကြမ်းမဖက်ရေး ကို ကိုင်စွဲလို့ရတယ် NLD ဟာ အစိုးရ တရပ် ဖြစ်လာရင် အကြမ်းဖက်ရေးကို လုပ်ရတယ် ၊ လုပ်ခဲ့တယ် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာ ရခိုင် မှာ အကြမ်းဖက် စစ်ပွဲဖြစ်ခဲ့တယ်။ အကြမ်းဖက် ဂျီနိုဆိုက် ဖြစ်ခဲ့တယ်။ ICJ တောင် ရောက်ခဲ့တာ ကမ္ဘာ သိပဲ ဒါကြောင့် NLD ဟာ အကြမ်းမဖက်ရေး လုပ်ပါတယ်လို့ ပြောရင် ပါတီ အနေနဲ့လား၊ အစိုးရ အနေနဲ့ ကွဲကွဲပြားပြား ပြောဖို့ လိုတယ်။ NLD ဟာ အကြမ်း မဖက်ပါဘူး လို့ ရောရောထွေးထွေး ပြောရင် ဖာလူဒါနဲ့ ချီး တပြိုင်ထည်း ငုံပြောတာနဲ့ တူတယ်။